close
Connect with us

Hi, what are you looking for?

သတင်း

ရေကြည်မြို့ခံ ပြည်သူနှစ်ဦးကို စစ်ကောင်စီဖမ်းဆီးသတ်ဖြတ်

ဧရာဝတီတိုင်း၊ရေကြည်မြို့နယ်မှ အမျိုးသားသုံးဦးကို စစ်ကောင်စီနှင့်ရဲတပ်ဖွဲ့က ဖမ်းဆီးပြီး နှစ်ဦးကိုသတ်ဖြတ်လိုက်ကြောင်းမြို့ခံများကပြောသည်။

ရေကြည်မြို့အဝင်ဆိုင်းဘုတ် နှင့် ရခိုင်-ဧရာဝတီ အစပ်​ဒေသပြ​မြေပုံ။ ဓါတ်ပုံ-CJ

အိမ်သွင်/People’s Spring

ဧရာဝတီတိုင်း၊ရေကြည်မြို့နယ်မှ အမျိုးသားသုံးဦးကို စစ်ကောင်စီနှင့်ရဲတပ်ဖွဲ့က ဖမ်းဆီးပြီး နှစ်ဦးကိုသတ်ဖြတ်လိုက်ကြောင်းမြို့ခံများကပြောသည်။

ရေကြည်မြို့မှကိုရဲမင်းစိုး နှင့် အသက် ၅၀ အရွယ်ခန့်ရှိအမျိုးသားတစ်ဦး ၊လူငယ်တစ်ဦး စုစု​ပေါင်း ၃ ဦးကိုစစ်တပ်နှင့် ရဲများက ဖမ်းဆီးခဲ့သည်။ထို​နောက်ကိုရဲမင်းစိုး နှင့် အသက် ၅၀ ခန့်အရွယ်အမျိုးသားတစ်ဦးတို့ကို ဖေဖော်ဝါရီလကုန်ပိုင်း၌ သတ်ဖြတ်ခဲ့ခြင်းဖြစ်​ကြောင်း မြို့ခံအချိုကပြောသည်။

ရေကြည်မြို့အဝင်ဆိုင်းဘုတ် နှင့် ရခိုင်-ဧရာဝတီ အစပ်​ဒေသပြ​မြေပုံ။ ဓါတ်ပုံ-CJ

“သူ့ကို(အသက်၅၀ခန့်အရွယ်အမျိုးသား) ရဲနဲ့စစ်တပ်ကဖမ်းပြီး ရိုးမထဲခေါ်သွားပြီး ခေါင်းကို ပစ်သတ်တယ်။ လူငယ်နှစ်ဦးကိုကျ ပြီးခဲ့တဲ့ဒီဇင်ဘာလမှာ ကုန်းမြေရဲစခန်းလမ်းမပေါ်မှာဖမ်းတယ်။ အဲ့ဒီထဲက ရဲမင်းစိုးဆိုတဲ့ လူငယ်ကို နှိပ်စက်လို့ သေသွားတယ်” ဟု မြို့ခံတဦးကပြောသည်။

Public Service Announcement

Public Service Announcement

သတ်ဖြတ်မှုကျူးလွန်ရာတွင်ရေကြည်မြို့နယ် ၊ ငါးသိုင်းချောင်းမြို​၊ ကုန်းပြင်နယ်မြေရဲစခန်းမှူးရဲအုပ် မျိုးမင်းဆွေပါဝင်ပတ်သက်သည်ဟု စုံစမ်းသိရှိရသည်။

အသတ်ခံရသည့် အသက် ၅၀ ခန့်အရွယ်အမျိုးသား၏ ဇနီးကိုလည်း စစ်ကောင်စီနှင့်ရဲတပ်ဖွဲ့ကဖမ်းဆီးထားပြီး အကြမ်းဖက်ပုဒ်မဖြင့်တရားစွဲကာ ထောင်အနှစ်၂၀ ကျော်ချထားကြောင်း သတင်းရရှိသည်။ လက်ရှိဖမ်းဆီးခံထားရဆဲ လူငယ်တစ်ဦးနှင့်ပတ်သက်၍ သတင်းအစအနပျောက်ဆုံးနေသည်။

ရခိုင်ပြည်နယ်၊ ဂွမြို့နှင့်ဆက်စပ်နေသော ရေကြည်မြို့နယ်တွင် အာရက္ခတပ်တော်(AA)နှင့် ပူးပေါင်းတပ်များက စစ်ကောင်စီစခန်းအချို့အားတိုက်ခိုက်နေသည်။ စစ်ကောင်စီတပ်က ရေကြည်၊ ငါးသိုင်းချောင်းမြို့နယ်တို့တွင် အရပ်သားပြည်သူများအားပစ်မှတ်ထား၍ ဖမ်းဆီးမှုများဆက်တိုက်ပြုလုပ်နေသည်။

အမြောက်တပ်(၃၄၄)ရှ်ိသော ရေကြည်မြို့၊ မြောက်စမ်းကျေးရွာရှိ ဒေသခံ၂၀ဦးခန့်ကိုလည်း ၂၀၂၄ခုနှစ် ဒီဇင်ဘာလတွင် စစ်ကောင်စီတပ်ကဖမ်းဆီးခဲ့သည်။ရေကြည်မြို့သည် စစ်ကောင်စီလက်အောက်ခံ ဧရာဝတီတိုင်းဝန်ကြီးချုပ်၏ဇာတိဖြစ်သည်။

နိုင်ငံတော်အာဏာကိုသိမ်းယူပြီးနောက် စစ်ကောင်စီက သတ်ဖြတ်မှု ကြောင့် ဒီမိုကရေစီရေး လှုပ်ရှားသူများနှင့် ပြည်သူစုစုပေါင်း ၆၃၄၈ ဦး သေဆုံးခဲ့ပြီးဖမ်းဆီးခံခဲ့ရသူ ၂၈၆၆၈ဦးရှိကာ ထိုအထဲမှ ၂၁၉၁၅ ဦး ထိန်းသိမ်းခံနေရဆဲဟုနိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP)က ဖေဖော်ဝါရီလ ၂၅ ရက်တွင် သတင်းထုတ်ပြန်ထားသည်။

ဆက်စပ်သတင်းများ

News

ကိုမင်းလွင်ဦးဟာ ဖေဖော်ဝါရီ ၁ရက် စစ်အာဏာသိမ်းမှုမတိုင်ခင်ကပင် အဲဒီနေအိမ်မှာ နေထိုင်တော့တာ မရှိဘူးလို့သိရပါတယ်။

News

“သူက အစကတည်းက CDM လုပ်ပြီး ထွက်ပြေးသွားတာ။ အခု အဖမ်းခံရတာက သူမိဘ၊ သူညီမနှစ်ယောက်နဲ့ သူ့တူမ တစ်ယောက် အဖမ်းခံရတာ”ဟု ချင်းဒေသခံက ပြောသည်။

News

ဖမ်းခံရသူ လူငယ် ၃ ဦးဟာ သနပ်ခါးတုံးတွေကို ကုန်ချောလုပ်ပြီး အရောင်းအဝယ်ပြုလုပ်နေတဲ့သူတွေဖြစ်တယ်လို့ဆိုပါတယ်။