close
Connect with us

Hi, what are you looking for?

သတင်း

လိင်အကြမ်းဖက်မှုနဲ့တိုင်ကြားခံထားရတဲ့ ကန့်ဘလူ-ပအဖခေါင်းဆောင် တန့်ဆည်-ပလဖထံ အဖမ်းခံ

လိင်အကြမ်းဖက်မှုနဲ့တိုင်ကြားခံထားရတဲ့ ကန့်ဘလူမြို့နယ်လွှတ်တော်ကိုယ်စားလှယ်ဟောင်း ဦးမဲခေါင်က ဒီနေ့ နေ့လည်ပိုင်းမှာ တန့်ဆည်မြို့နယ်ပြည်သူ့လုံခြုံရေးအဖွဲ့ (ပလဖ)ဆီကို ကိုယ်တိုင်လာရောက် အဖမ်းခံခဲ့တယ်လို့ အဲဒီမြို့နယ်တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။

■အမှုဖြစ်စဉ်အား NUG ရဲချုပ်ကိုယ်တိုင် ကွင်းဆင်းစစ်ဆေး

ကဖေး၊မေ/People’s Spring

လိင်အကြမ်းဖက်မှုနဲ့တိုင်ကြားခံထားရတဲ့ ကန့်ဘလူမြို့နယ်လွှတ်တော်ကိုယ်စားလှယ်ဟောင်း ဦးမဲခေါင်က ဒီနေ့ နေ့လည်ပိုင်းမှာ တန့်ဆည်မြို့နယ်ပြည်သူ့လုံခြုံရေးအဖွဲ့ (ပလဖ)ဆီကို ကိုယ်တိုင်လာရောက် အဖမ်းခံခဲ့တယ်လို့ အဲဒီမြို့နယ်တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။

“အဓိကက သူအသက်အန္တရာယ်စိုးရိမ်ပုံ ရှိပါတယ်။တန့်ဆည်မြို့နယ်မှာ အဖမ်းခံပြီး တရားရင်ဆိုင်ချင်တယ်လို့ ဖုန်းဆက်လာတာမို့ ဘာမှမဖြစ်စေရဘူးလို့ပြောပြီး ကျွန်တော်တို့က ထိန်းသိမ်းပေးထားတာပါ”လို့ တန့်ဆည်မြို့နယ်က တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။

Public Service Announcement

Public Service Announcement

ဖမ်းဆီးထိန်းသိမ်းထားတဲ့အကြောင်းကို ကန့်ဘလူမြို့နယ်တာဝန်ရှိသူတွေကိုလည်း အကြောင်းကြားထားသလို သက်ဆိုင်ရာဝန်ကြီးဌာနတွေကိုလည်း သတင်းပို့ထားတယ်လို့ ဆိုပါတယ်။

ကန့်ဘလူခရိုင်ပြည်သူ့အုပ်ချုပ်ရေး(ပအဖ)ခေါင်းဆောင်လည်ဖြစ်သူ ဦးမဲခေါင်၊ပလဖစခန်းမှူးဦးလင်းယုန်၊ရဲစခန်းမှူးဦးအောင်ဇေယျတို့ကို Non-CDMအချုပ်သူကို လိင်အကြမ်းဖက်မှုအပါအဝင် အချုပ်သူအမျ်ိုးသမီးတွေကို လိင်အကြမ်းဖက်တယ်ဆိုပြီး တိုင်ကြားခံထားရတာပါ။

အဲဒီအမှုဖြစ်စဉ်ကို အမျိုးသားညီညွတ်ရေးအစိုးရရဲ့ ပြည်ထဲရေးဝန်ကြီးဌာနက ရဲချုပ်ကိုယ်တိုင် ဖေဖော်ဝါရီလပထမပတ်မှာ ကွင်းဆင်းစစ်ဆေးတာတွေပြုလုပ်ချိန်မှာ ဦးမဲခေါင်နဲ့ဦးလင်းယုန်တို့ အစစ်ဆေးခံထားပြီး ထုချေလွှာတွေတင်ခဲ့တယ်လို့ သိရပါတယ်။

တော်လှန်ရေးတပ်ဖွဲ့ခေါင်းဆောင်တစ်ဦးကတော့ ဒီကိစ္စနဲ့ပတ်သက်ပြီး Nom-CDM ကျောင်းသူရဲ့ အကိုဖြစ်သူတွေဟာ လက်ရှိ ကန့်ဘလူမြို့နယ်ကကျေးရွာတွေမှာ ပျူခေါင်းဆောင်တွေဖြစ်တယ်လို့ စွပ်စွဲပြောဆိုထားပါတယ်။

ဒါ့အပြင် ဒီကိစ္စနဲ့ပတ်သက်ပြီး “ဒါကနေရာလုတဲ့ကိစ္စတွေဗျ။ပေါင်းပြီးလုပ်ကြံကြတာ။ကိုမဲခေါင်ကကျွန်တော်တို့ ဟိုအရင်ကတည်းကသိတဲ့လူ။မဖြစ်နိုင်ဘူးဗျာ။သူဥပဒေအရ ရင်ဆိုင်ပြီးရှင်းမယ်လို့ပြောထားပြီးသား။သူ့ကိုဖမ်းချင်ပြီးနေရာယူချင်တဲ့သူတွေလည်း များတယ်။ပြသနာက အရှည်ကြီးဗျ”လို့ အဲဒီတော်လှန်ရေးခေါင်းဆောင်တစ်ဦးက ပြောပါတယ်။

သူ့ရဲ့ပြောဆိုချက် မှန်၊မမှန်ကိုတော့ လူထုနွေဦးအနေနဲ့ အတည်မပြုနိုင်သေးပါဘူး။

ဦးအောင်ဇေယျကတော့ သူမကျူးလွန်တဲ့ကိစ္စကို မဖြေရှင်းနိုင်ဘူးဆိုပြီး ဒီလပထမပတ်ကတည်းကနယ်မြေကနေထွက်သွားတယ်လို့ သိရပါတယ်။

ဒီကိစ္စနဲ့ပတ်သက်ပြီး ရဲချုပ်ကိုယ်တိုင် နယ်မြေဆင်းကာ စုံစမ်းစစ်ဆေးတာတွေကပြုလုပ်နေပြီး ဥပဒေရုံးကို တင်ထားတယ်လို့ သိရပါတယ်။

” သူ့နယ်မှာသူ ဆက်နေပြီး အမူရင်ဆိုင်မှုအတွက် စိတ်လုံခြုံမှုမရှိလို့ ရွှေဘိုခရိုင်ထဲမှာလာပြီး အဖမ်းခံတယ်။ အဖမ်းခံဖို့ မနေ့ကထွက်လာတဲ့အချိန်မှာ သူထွက်ပြေးပြီလို့ သတင်းအမှားတွေ ရေးကြတယ်။တကယ့်အဖြစ်မှန်ကိုမသိကြဘဲ ဖြစ်ကုန်တာပါ”လို့ ရွှေဘိုခရိုင် ပအဖမှ တာဝန်ရှိသူတစ်ဦးကပြောပါတယ်။

ဦးမြင့်ဇော်ဦးဟာ NLDပါတီကိုယ်စားပြု ၂၀၂၀ ရွေးကောက်ပွဲအနိုင်ရ တိုင်းလွှတ်တော်ကိုယ်စားလှယ်ဖြစ်ပါတယ်။ စစ်တပ်က အာဏာသိမ်းယူပြီးနောက် ကန့်ဘလူမြို့နယ်နဲ့ ခရိုင် ပအဖတာဝန်ကို ပူးတွဲယူထားသူပါ။

သူဟာ ကန့်ဘလူမြို့နယ် ပြည်သူ့လုံခြုံရေး (ပလဖ)အချုပ်ခန်းမှာ ထိန်းသိမ်းထားတဲ့ အသက်(၂၅)နှစ်အရွယ် Non CDM ကျန်းမာရေးအမျိုးသမီးဝန်ထမ်းတွေကို လိင်အကြမ်းဖက်မှု ကျူးလွန်တယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ တိုင်းကြားခံရတာဖြစ်ပါတယ်။

တိုင်ကြားခံရပြီးနောက်မှာ တာဝန်က ယာယီရပ်စဲထားကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ (NUG) သမ္မတရုံးပြောခွင့်ရ ဦးကျော်ဇော်က ဖေဖော်ဝါရီ ၁၈ရက်မှာ ထုတ်ပြန်ခဲ့ပါတယ်။

“သူက လွှတ်တော်ကိုယ်စားလှယ်ဖြစ်တဲ့အတွက် လွှတ်တော်ဥက္ကဋ္ဌရဲ့ခွင့်ပြုချက်နဲ့ ထိန်းသိမ်းလိုက်တာ။ စကစနဲ့ပေါင်းသွားတယ်ဆိုတာ လုံးဝမဟုတ်ပါဘူး။ NUG အစိုးရပုံရိပ်ကို ဖျက်လို့ဖျက်ဆီးလုပ်သူတွေက မဟုတ်မမှန်ပြောကြတာပါ”လို့ ကန့်ဘလူမြို့က တော်လှန်ရေးရဲဘော်တစ်ဦးက ပြောပါတယ်။

ဆက်စပ်သတင်းများ