close
Connect with us

Hi, what are you looking for?

သတင်း

ထိန်းချုပ်နယ်မြေရှိပြည်သူများ လက်နက်အပ်ပြီးဆုငွေယူရန် CDF မင်းတပ် ကြေညာ

ချင်းပြည်နယ်၊ မင်းတပ်မြို့နယ် ချင်းဒေသကာကွယ်ရေးတပ်(CDF)က ထိန်းချုပ်နယ်မြေအတွင်းရှိ ပြည်သူများအနေဖြင့် လက်နက်များ မတ်လ ၁၅ရက် နောက်ဆုံးထား၍ အပ်နှံကြရန် ဖေဖော်ဝါရီ ၂၅ရက်တွင် ထပ်မံ ကြေညာခဲ့သည်။

မင်းတပ်မြို့အပြီးသိမ်းပြီး တပ်ရင်းအသီးသီးသို့ ပြန်လည်တာဝန်ထမ်းဆောင်ကြမည့် တပ်ဖွဲ့ဝင်များအား ဗျူဟာမှူးက အမှာစကားပြောကြားနေသည်ကို ၂၀၂၃ ဒီဇင်ဘာက တွေ့ရစဉ်။ ဓာတ်ပုံ - CDF-Mindat

မတ်လ ၁၅ရက်နောက်ဆုံးထား အပ်နှံရန် သတ်မှတ်ထားပြီး မလိုက်နာပါက အရေးယူမည်ဟု အသိပေး

ဟန်နွေ/People’s Spring

ချင်းပြည်နယ်၊ မင်းတပ်မြို့နယ် ချင်းဒေသကာကွယ်ရေးတပ်(CDF)က ထိန်းချုပ်နယ်မြေအတွင်းရှိ ပြည်သူများအနေဖြင့် လက်နက်များ မတ်လ ၁၅ရက် နောက်ဆုံးထား၍ အပ်နှံကြရန် ဖေဖော်ဝါရီ ၂၅ရက်တွင် ထပ်မံ ကြေညာခဲ့သည်။

CDF မင်းတပ်အနေဖြင့် ထိန်းချုပ်နယ်မြေအတွင်း လက်နက်ခဲယမ်း ထိန်းချုပ်နိုင်ရေး ၊ ပြည်သူလူထုကို လက်နက်ခဲယမ်းနှင့် ဖောက်ခွဲရေး ပစ္စည်းအန္တရာယ်မှ ကာကွယ်နိုင်ရေးအတွက် ယခုကဲ့သို့ ဆောင်ရွက်ခြင်းဖြစ်ကြောင်း အသိပေးသည်။

Public Service Announcement

Public Service Announcement

ထိန်းချုပ်နယ်မြေအတွင်း နေထိုင်ကြသည့် အရပ်သား ပြည်သူများအနေဖြင့် မင်းတပ်မြို့သိမ်း တိုက်ပွဲမှ ထွက်ပြေးလာသည့် စစ်ကောင်စီတပ်ဖွဲ့ဝင်များထံမှရရှိသော လက်နက်ခဲယမ်းဖြစ်စေ ၊ အခြားတနည်းနည်းဖြင့် ရရှိသော လက်နက်ခဲယမ်းဖြစ်စေ တိုက်ခိုက်ရေးမောင်းပြန်ရိုင်ဖယ်နှင့် အခြားလက်နက်ခဲယမ်းများကို နီးစပ်ရာ တပ်ရင်းတပ်ဖွဲ့များထံသို့ မတ်လ ၁၅ရက် နောက်ဆုံးထားအပ်နှံရန် ဖော်ပြထားသည်။

ထိုသို့ အပ်နှံပြီးသတ်မှတ်ထားသော ဆုကြေး ထုတ်ယူရန်၊ အကယ်၍ဝယ်ယူထားသည့် လက်နက်ဖြစ်ပါက ဝယ်ယူကြောင်းခိုင်လုံမှုရှိပါက တန်ဖိုးငွေ ထုတ်ယူရန် CDF မင်းတပ်က အသိပေးသည်။

သတ်မှတ်ရက်ကျော်လွန်ပြီး လက်နက်ခဲယမ်းများ ကိုင်ဆောင်ခြင်း၊ လက်ဝယ်ထားရှိခြင်း ၊ ရောင်းဝယ် ဖောက်ကားခြင်းများ ပြုလုပ်ပါက ပြင်းထန်စွာ အရေးယူခံရမည်ဟုလည်း ထုတ်ပြန်ခဲ့သည်။

CDF မင်းတပ်နှင့် မဟာမိတ်များသည် မင်းတပ်မြို့ကို ၂၀၂၄ ဒီဇင်ဘာ ၂၁ရက်တွင် အပြီးသတ် သိမ်းပိုက်နိုင်ခဲ့ခြင်းဖြစ်သည်။

CDF မင်းတပ်သည် ၂၀၂၄ ဖေဖော်ဝါရီ ၁ရက်ကလည်း အသိပေးချက်ထုတ်ပြန်ပြီး ပြည်သူများအနေဖြင့် တိုက်ခိုက်ရေးမောင်းပြန်ရိုင်ဖယ် လက်ဝယ်ထားရှိပါက စစ်ဦးစီးချုပ်ရုံးသို့ လာရောက်အပ်နှံရန် အသိပေးခဲ့ပြီး မလိုက်နာပါက အရေးယူမည်ဟု ကြေညာခဲ့သည်။

ယခုကဲ့သို့ ပြည်သူများ လက်နက်အပ်နှံရန် ထုတ်ပြန်ထားချက်နှင့်ပတ်သက်၍ မင်းတပ်မြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ နှင့် CDF မင်းတပ် တာဝန်ရှိသူ အချို့ထံသို့ ဆက်သွယ်မေးမြန်းထားဆဲဖြစ်သည်။

ဆက်စပ်သတင်းများ

သတင်း

မကွေးတိုင်း၊ ငဖဲမြို့နယ် နတ်ရေကန်လေကြောင်းရန် ကာကွယ်ရေးတပ်ကာကင်းစခန်းများမှ တပ်စခန်စွန့် ထွက်ပြေးလာသည့် စစ်ကောင်စီတပ်ဖွဲ့ဝင်များအား လက်နက်များနှင့်အတူ အရှင်ဖမ်းမိခဲ့ကြောင်း ချင်းကာကွယ်ရေးတပ် - အရှို( CDF - Asho )က အသိပေးသည်။

သတင်း

မကွေးတိုင်း၊ ငဖဲမြို့နယ်၊ ပဒါန်းမြို့အနောက်ဘက် ပျဉ်းဝစစ်ဆေးရေးဂိတ်အနီးရှိ ဘုရားတောင်တွင် တပ်စွဲထားသော စစ်ကောင်စီတပ်စခန်းကုန်းအား တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်ဖွဲ့များ စခန်းစွန့် ထွက်ပြေးသွားကြောင်း ချင်းဒေသကာကွယ်ရေးတပ်(CDF) -အရှို ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းရိုးချင်းက ပြောသည်။

သတင်း

ချင်းညီနောင်မဟာမိတ်များက တိုက်ခိုက် သိမ်းပိုက်ခဲ့သည့် ချင်းပြည်နယ်၊ မင်းတပ်မြို့အတွင်း ပြန်လည်ဝင်ရောက်နေထိုင်မည့် ပြည် သူများအနေဖြင့် သက်ဆိုင်ရာတာဝန်ရှိသူများ​၏ ထောက်ခံချက်ဖြင့် ပြန်လည်ဝင်ရောက်နေထိုင်ခွင့်ပြုမည်ဖြစ်ကြောင်း မင်းတပ်မြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့(ပအဖ)နှင့် မင်းတပ်ချင်းဒေသကာကွယ်ရေးတပ်(CDF)က ဖေဖော်ဝါရီ ၉ ရက်တွင် ထုတ်ပြန်သည်။

သတင်း

အာရက္ခတပ်တော်(AA)နှင့် ချင်းညီ‌နောင်တပ်ဖွဲ့ဝင်များ၏ စစ်အာဏာရှင်ဖြုတ်ချရေး ပူးပေါင်းတိုက်ပွဲများနှင့်အတူ ဝိတိုရိယတောင်ထိပ်တွင် ချင်းပြည်အလံ လွှင့်ထူနိုင်ခဲ့ပြီဟု ချင်းပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့(ကန်ပက်လက်) CDF Kanpetletက ကြေညာသည်။