close
Connect with us

Hi, what are you looking for?

သတင်း

ရှမ်းနီပြည်သူ့စစ်တပ်ဖွဲ့ဝင် ကိုးဦး လက်နက်များဖြင့် အလင်းဝင်လာ၍ ဟုမ္မလင်းပကဖ ဆုငွေချီးမြှင့်

စစ်ကိုင်းတိုင်း၊ဟုမ္မလင်းအခြေစိုက် စစ်ကောင်စီလက်အောက်ခံ ရှမ်းနီပြည်သူ့ စစ်(SNA) တပ်ဖွဲ့ဝင် ကိုးဦး လက်နက်များဖြင့် အလင်းဝင်လာကြောင်း ဟုမ္မလင်းမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပကဖ)တာဝန်ရှိသူက လူထုနွေဦးသို့ ပြောသည်။

အလင်းဝင်လာသော SNAတပ်ဖွဲ့ဝင် ကိုးဦးနှင့် ၎င်းတို့ယူလာသော လပ်နက်ခဲယမ်းများအား တွေ့ရစဉ်။ ဓာတ်ပုံ - ဟုမ္မလင်း ပကဖ

ရဲခေါင်/People’s Spring

စစ်ကိုင်းတိုင်း၊ဟုမ္မလင်းအခြေစိုက် စစ်ကောင်စီလက်အောက်ခံ ရှမ်းနီပြည်သူ့ စစ်(SNA) တပ်ဖွဲ့ဝင် ကိုးဦး လက်နက်များဖြင့် အလင်းဝင်လာကြောင်း ဟုမ္မလင်းမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပကဖ)တာဝန်ရှိသူက လူထုနွေဦးသို့ ပြောသည်။

ဟုမ္မလင်းမြို့နယ် SNA (၇၅၃) တပ်ရင်းမှ တပ်ဖွဲ့ဝင် ကိုးဦးသည် ယခုနှစ်လဆန်းပိုင်းတွင် လက်နက်များနှင့်အတူ ဟုမ္မလင်းမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပကဖ)နှင့်ချိတ်ဆက်ကာ ပြည်သူ့ရင်ခွင်သို့ခိုလှုံလာခြင်းဟု ဆိုသည်။

“၂ ယောက်တစ်တွဲ ၃ ယောက်တစ်တွဲ အဲ့လိုဝင်လာခဲ့ကြတာ။အဲ့လူတွေ ၉ ယောက်ကို မနေ့က(ဖေဖော်ဝါရီ ၂၀ ရက်)မှ အားလုံးစုပြီး ချီးမြှင့်ငွေပေးခဲ့တာ”ဟု အထက်ပါတာဝန်ရှိသူက ပြောသည်။

Public Service Announcement

Public Service Announcement

SNA တပ်ဖွဲ့ဝင် ကိုးဦးသည် G-3 သုံးလက်၊ AK ဒင်ခေါက် တစ်လက်၊ AK တစ်လက်၊ ကီးချန်း တစ်လက်၊G-3ကျည် ၁၉၅ တောင့် နှင့် 7.62 ကျည် ၆၀၇ တောင့်ကို ယူဆောင်လာခဲ့ကြောင်းအသိပေးသည်။

၎င်းတို့ကို ကောင်းမွန်စွာထိန်းသိမ်းစောင့်ရှောက်ထားပြီး မိသားစုဝင်များနှင့် တွေ့ဆုံစေခဲ့ကြောင်းလည်း ဟုမ္မလင်းမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပကဖ)က ယနေ့ထုတ်ပြန်ထားသည်။

ကျန်းမာရေးစောင့်ရှောက်မှုအပါအဝင် ခန္တီးခရိုင်ပေါင်းစပ်ညှိနှိုင်းရေးအဖွဲ့မှဦးဆောင်ပြီး အလင်းဝင် SNA တပ်ဖွဲ့ဝင်များကို ဂုဏ်ပြုငွေများပေးခဲ့ကြောင်း သိရသည်။

စစ်ကောင်စီလက်အောက်ခံ SNA တပ်ဖွဲ့ဝင်များ အနေဖြင့် ပြည်သူများဘက်သို့ ရပ်တည်ပြီး ခိုလှုံမှုကို လှိုက်လှဲစွာကြိုဆိုနေပြီး ၎င်းတို့ကိုဆက်သွယ်ကြရန်လည်း ဟုမ္မလင်းမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ က တိုက်တွန်းသည်။

ဟုမ္မလင်း၊ဗန်းမောက်၊အင်းတော်၊ဝန်းသို၊ပင်လည်ဘူး၊တမူး၊မန်စီ၊မိုးမောက်၊မိုးကောင်း၊မိုးညှင်းတို့တွင် စစ်ကောင်စီ၏ လက်နက်ခဲယမ်းဖြည့်တင်းပေးမှုနှင့်အတူ SNAက တပ်ရင်းများဖွဲ့စည်းကာ စစ်ကောင်စီနှင့်အတူ တော်လှန်ရေးအင်အားစုများကို ခုခံလျှက်ရှိသည်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကိုင်းတိုင်း၊ ချောင်းဦးမြို့နယ်မှာ စစ်တပ်က လက်နက်ကြီးနဲ့ ပစ်ခတ်တာကြောင့် နှစ်ရက်အတွင်း ပြည်သူ ၄ဦးသေဆုံးပြီး ၅ဦးထိခိုက်ဒဏ်ရာတွေ ရရှိခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

သတင်း

စစ်ကိုင်းတိုင်းမှာ သပိတ်အဖွဲ့တွေ၊ ဒေသခံပြည်သူတွေက စစ်အာဏာရှင် ဆန့်ကျင်ရေးသပိတ်တွေ ဒီကနေ့ (ဖေဖော်ဝါရီ ၁၆)မှာ အသီးသီး ချီတက်ဆန္ဒပြခဲ့ပါတယ်။

သတင်း

စစ်ကိုင်းတိုင်း၊ ရေဦးမြို့ပေါ်ရှိ စစ်ကောင်စီတပ်အထိုင်စခန်းများအား ဝင်ရောက်တိုက်ခိုက်ခဲ့ရာ သေဆုံးထိခိုက်မှုရှိကြောင်း ရေဦးမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့ တာဝန်ရှိသူက လူထုနွေဦးသို့ ပြောသည်။

သတင်း

စစ်ကိုင်းတိုင်းမှာ သပိတ်အဖွဲ့တွေ၊ ဒေသခံပြည်သူတွေက စစ်အာဏာရှင်စနစ်နဲ့ မတရားစစ်မှုထမ်းဥပဒေကို ဆန့်ကျင်ကြဖို့ လှုံ့ဆော်တဲ့ သပိတ်လှုပ်ရှားမှုတွေ ဒီကနေ့ (ဖေဖော်ဝါရီ ၁၅)မှာ အသီးသီး ပြုလုပ်ခဲ့ကြပါတယ်။