close
Connect with us

Hi, what are you looking for?

သတင်း

မန္တလေးတိုင်းစစ်ကောင်စီ အစိုးရ အဖွဲ့ရုံးအနီး လုယက်မှုဖြစ်ပွား

မန္တလေးမြို့ ၊အောင်မြေသာစံမြို့နယ်ထဲက မန္တလေးတိုင်းအစိုးရအဖွဲ့ ရုံးအနီးမှာ မနေ့ ဖေ ဖော်ဝါရီလ ၂၀ ရက် ညနေ ၃ နာရီခွဲခန့်က လုယက်မှုဖြစ်ပွားခဲ့တယ်လို့ မြို့ခံတွေ ထံကသိရပါတယ်။

၂၀၁၈ ခုနှစ်အတွင်းက မန္တလေးတိုင်းအစိုးရအဖွဲ့ ရုံးကိုတွေ့ရပုံ ဓာတ်ပုံ - Google Earth

ဆိုင်းမင်း/People’s Spring

မန္တလေးမြို့ ၊အောင်မြေသာစံမြို့နယ်ထဲက မန္တလေးတိုင်းအစိုးရအဖွဲ့ ရုံးအနီးမှာ မနေ့ ဖေ ဖော်ဝါရီလ ၂၀ ရက် ညနေ ၃ နာရီခွဲခန့်က လုယက်မှုဖြစ်ပွားခဲ့တယ်လို့ မြို့ခံတွေ ထံကသိရပါတယ်။

လုယက်မှုဖြစ်ပွားတဲ့နေရာက ၆၃ လမ်း ၊ ၂၂ လမ်းနဲ့ ၂၃ လမ်းကြား ၊ မဟာဇေယျာဘုံရပ်ကွက် ရှိ နိုင်ငံခြားဘာသာတက္ကသိုလ် (UFL) ကျောင်းနောက်ကျောလမ်းမှာ ဖြစ်ပွားခဲ့တာပါ။

ကျောင်းကနေ ပြန်လာတဲ့ မိန်းကလေး တစ်ယောက် ကို အုပ်စုဖွဲ့ လုယက်တာဖြစ်ပြီး ပိုက်ဆံအိတ်နဲ့ ဖုန်း လုယက်ခံလိုက်ရတယ်လို့သိရပါတယ်။

Public Service Announcement

Public Service Announcement

လုယက်ခံရတဲ့နေရာဟာ လူပြတ်လပ်မှုမရှိဘဲ အနီးတဝိုက်မှာလူနေအိမ်ခြေတွေလည်းရှိတယ်လို့ မြို့ခံတွေ က ပြောပါတယ်။

အခုလို လုယက်မှု ဖြစ်ပွားတဲ့နေရာတဝိုက်မှာ ဆိုင်ကယ်လုယက်မှု ၊ ပိုက်ဆံအိတ် လုယက်မှုတွေ မကြာခဏ ဖြစ်ပွားနေတယ်လို့ သိရပါတယ်။

ဆက်စပ်သတင်းများ

သတင်း

မန္တလေးတိုင်း၊ မြင်းခြံမြို့ပေါ်မှာ ဆိုင်ကယ်နဲ့ကင်းပတ်နေတဲ့ ပျူစောထီး ၂ ဦး ပစ်ခတ်ခံရပြီး သေဆုံးခဲ့လို့ Anyar Federal Task Force(AFTF)အဖွဲ့ရဲ့ တာဝန်ရှိသူက ပြောပါတယ်။

သတင်း

မန္တလေးတိုင်း၊ တောင်သာမြို့နယ် ထနောင်းကုန်းပျူစောထီးကျေးရွာကို တော်လှန်ရေးတပ်တွေ ဝင်ရောက်တိုက်ခိုက်ခဲ့ရာမှာ စစ်သားနဲ့ ပျူစောထီးတွေ သေဆုံးမှုရှိပြီး လက်နက်တွေ သိမ်းယူနိုင်ခဲ့တယ်လို့ ပြည်သူ့လွတ်မြောက်ရေးတပ်မတော်(PLA)အမှတ်-၈၁၅တပ်ဖွဲ့က ထုတ်ပြန်ပါတယ်။

သတင်း

မန္တလေးတိုင်း ညောင်ဦးမြို့နယ် အတွင်း တရားရုံးထုတ် လုံခြုံရေးအတွက် ထွက်ခွာလာတဲ့ ရဲတပ်ဖွဲ့ဝင် ၃ ဦး လမ်းခုလတ်မှာ ပစ်ခတ်ခံရပြီး ၂ ဦး သေဆုံးသွားတယ်လို့ ပုဂံဒေသခံ သတင်းရင်းမြစ်ဆီက သိရပါတယ်။

သတင်း

မန္တလေးတိုင်း၊ မတ္တရာမြို့နယ်ရှိ ပတ်လည်အင်းကျေးရွာကို စစ်တပ်က ဟောင်ဝစ်ဇာအ မြောက်နဲ့ပစ်ခတ်ခဲ့ရာ ဒေသခံပြည်သူ ၅ ဦးထိခိုက်ဒဏ်ရာတွေရခဲ့သလို ဒီနေ့လည်း စဥ့်ကူးမြို့နယ်ကိုလေကြောင်းတိုက်ခိုက်ခဲ့တယ်လို့ ပြင်ဦးလွင် ခရိုင်ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပကဖ) သတင်းတာဝန်ခံဆီက ပြောပါတယ်။