ရဲခေါင်/People’s Spring
စစ်ကိုင်းတိုင်း၊ ရေဦးမြို့ပေါ်ရှိ စစ်ကောင်စီတပ်အထိုင်စခန်းများအား ဝင်ရောက်တိုက်ခိုက်ခဲ့ရာ သေဆုံးထိခိုက်မှုရှိကြောင်း ရေဦးမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့ တာဝန်ရှိသူက လူထုနွေဦးသို့ ပြောသည်။
ရေဦးမြို့ပေါ်ရှိ စစ်ကောင်စီတပ်စွဲထားရာ ကြာဖူးအဝိုင်း၊တိုင်းရင်းဆေးရုံ၊ ရဲစခန်း ၊ ရွှေကျီးမင်းဂိတ်၊ နှင့် မြောက်ဘက်ဂိတ် အထိုင်စခန်းများကို ဖေဖော်ဝါရီ ၁၅ရက် ည ၁၁နာရီ မိနစ် ၂၀ခန့်ကစ၍ ၁၂ နာရီခန့်အထိ တိုက်ခိုက်ခဲ့သည်ဟု ဆိုသည်။
တိုက်ခိုက်မှုတွင် လက်လုပ် ၈၁မမ ၅၃ လုံး၊RPG၊ ငါးကြင်းမှီး နှင့် လက်နက်ငယ်များဖြင့် အနီးကပ် ဝင်ရောက်ပစ်ခတ်ခဲ့ကြောင်း အသိပေးသည်။

Public Service Announcement
“ပစ်မှတ်က (၅)ခု။ စခ၊ရခ နဲ့ပျူ အင်အား ၃၀၀ဝန်းကျင်လောက်ရှိတယ်။ဒီနေ့ မနက်ပိုင်း သတင်းအရ သုံးဦး အပြင်းထန်ဒဏ်ရာရတယ်။သိရသလောက်တော့ သေဖို့များတယ်”ဟု အထက်ပါတာဝန်ရှိသူက ပြောသည်။
ရေဦးမြို့နယ်တွင် စစ်ကောင်စီတပ်သည် မြို့ပေါ်တွင်သာ တပ်စွဲထားနိုင်ပြီး ကျေးရွာပေါင်း ၁၉၁ ရွာအနက် ၁၉၀ရွာမှာ ပြည်သူ့ကာကွယ်ရေးအဖွဲ့များက နယ်မြေစိုးမှုရရှိထားကြောင်းလည်း သိရသည်။
“ကျန်တဲ့ အောင်သာယာကျေးရွာကတော ရေဦးမူးမြစ်ရဲ့ အရှေ့ဘက်ကမ်းမှာရှိတယ်။တန့်ဆည်၊ ကန့်ဘလူ ၊ခင်ဦးနဲ့ ရေဦး လေးမြို့နယ်အစပ်မှာရှိတာ ကြောင့်ပါတယ်”ဟု ရေဦးပကဖ တာဝန်ရှိသူက မြို့နယ်တွင်း နယ်မြေစိုးမိုးမှုကို ရှင်းပြသည်။
ထို့အပြင် စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း ရေးဦးမြို့နယ် ပကဖထံ စစ်ကောင်စီ၏ ဗိုလ်ကြီး အဆင့်ရှိသူတစ်ဦးအပါအဝင် ရဲနှင့် စစ်သားရှစ်ဦး ၎င်းတို့ထံ အလင်းဝင်ထားကြောင်းသိရသည်။
