close
Connect with us

Hi, what are you looking for?

သတင်း

စစ်ကိုင်းမှာ စစ်အာဏာရှင်စနစ်နဲ့ မတရားစစ်မှုထမ်းဥပဒေကို ဆန့်ကျင်ဖို့ လှုံ့ဆော်ဆန္ဒပြ

စစ်ကိုင်းတိုင်းမှာ သပိတ်အဖွဲ့တွေ၊ ဒေသခံပြည်သူတွေက စစ်အာဏာရှင်စနစ်နဲ့ မတရားစစ်မှုထမ်းဥပဒေကို ဆန့်ကျင်ကြဖို့ လှုံ့ဆော်တဲ့ သပိတ်လှုပ်ရှားမှုတွေ ဒီကနေ့ (ဖေဖော်ဝါရီ ၁၅)မှာ အသီးသီး ပြုလုပ်ခဲ့ကြပါတယ်။

ဓာတ်ပုံ - စစ်ကိုင်းဒေသသပိတ်အင်အားစု၊ ရွာပေါင်းစုံသပိတ်

သုည/People’s Spring

စစ်ကိုင်းတိုင်းမှာ သပိတ်အဖွဲ့တွေ၊ ဒေသခံပြည်သူတွေက စစ်အာဏာရှင်စနစ်နဲ့ မတရားစစ်မှုထမ်းဥပဒေကို ဆန့်ကျင်ကြဖို့ လှုံ့ဆော်တဲ့ သပိတ်လှုပ်ရှားမှုတွေ ဒီကနေ့ (ဖေဖော်ဝါရီ ၁၅)မှာ အသီးသီး ပြုလုပ်ခဲ့ကြပါတယ်။

စစ်ကိုင်းတိုင်း ယင်းမာပင်မြို့နယ်မှာ တော်လှန်ပြည်သူတွေက ”ရှင်သန်တဲ့ ဘဝနိဗ္ဗာန်ရရှိဖို့ စစ်အာဏာရှင်စနစ်အမြစ်ဖြတ် တော်လှန်စို့ ၊ အလုံးစုံ ဒုက္ခ လွတ်မြှောက်ဖို့ အာဏာရှင်ကို တော်လှန်စို့၊ပြည်သူအားလုံး ဆင်းရဲရခြင်း အဓိက အာဏာရှင်စနစ်ကြောင့်” စတဲ့စာသားတွေ ကိုင်ဆောင်ပြီး စစ်အာဏာရှင်ဆန့်ကျင်ရေးသပိတ် ဆန္ဒပြခဲ့ကြပါတယ်။

ယင်းမာပင်မြောက်ခြမ်းမှာလည်း နောက်ပြန်မလှည့်ကြေး ဒီတော်လှန်ရေး သပိတ်စစ်ကြောင်းက စစ်အာဏာရှင်ဆန့်ကျင်ရေး လူထုသပိတ် ပြုလုပ်ခဲ့ပြီး တော်လှန်ပြည်သူတွေက “အထွေထွေဖိနှိပ်မှုကို အံတုကြ ဘုံရန်သူကိုထွက်ပေါက်မပေးနဲ့” စာသားနဲ့ ဆန္ဒပြခဲ့ပါတယ်။

Public Service Announcement

Public Service Announcement

အလားတူ ယင်းမာပင်မြို့နယ် ကျေးရွာတစ်ရွာမှာလည်း အောင်လံလွှင့်မည် ဒေါင်းသွေးနီ သပိတ် စစ်ကြောင်းက စစ်အာဏာရှင်စနစ်နဲ့ မတရားစစ်မှုထမ်းဥပဒေကို ဆန့်ကျင်ကြဖို့ လှုံ့ဆော်ခဲ့ပါတယ်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကိုင်းနဲ့ တနင်္သာရီတိုင်းက သပိတ်အဖွဲ့တွေ၊ ဒေသခံပြည်သူတွေက စစ်အာဏာရှင် ဆန့်ကျင်ရေးသပိတ်တွေ ဒီကနေ့ (ဖေဖော်ဝါရီ ၁၄)မှာ အသီးသီး ချီတက်ဆန္ဒပြခဲ့ပါတယ်။

ဆောင်းပါး

"ကြည်ရေ ပဲပြုတ်နှင့်နံပြား ရရင်စားချင်တယ်" မြန်မာနိုင်ငံရဲ့ လွတ်လပ်ရေးဖခင်ကြီးဖြစ်တဲ့ ဗိုလ်ချုပ်အောင်ဆန်းက သူ့ဇနီးဒေါ်ခင်ကြည်ကို မနက်စာအတွက် မှာခဲ့ဖူးတဲ့စာကလေးတစ်စောင်။

သတင်း

စစ်ကိုင်းတိုင်း၊ ကလေးမြို့နယ်တောင်ပိုင်းရှိ စစ်ဘေးရှောင်ပြည်သူများ ဝမ်းပျက်ဝမ်းလျှောရောဂါဖြစ်ပွားနေကြောင်း စစ်ရှောင်ပြည်သူများရှိရာ တောတိုက်များသို့ ကွင်းဆင်းကုသပေးနေသည့် ခဏတာအရိပ်ဆေးရုံတာဝန်ခံ ဆရာဝန်က လူထုနွေဦးသို့ ပြောသည်။

သတင်း

စစ်ကိုင်းတိုင်း၊ မုံရွာမြို့နယ် နဲ့ ချောင်းဦးမြို့နယ်ထဲကကျေးရွာတွေကို မနေ့ညပိုင်းကနေ ဒီနေ့မနက်အထိ တညလုံးစစ်တပ်ကလေကြောင်းကဗုံးကြဲခဲ့တာ​ကြောင့် အသက် ၅ နှစ်နဲ့ ၈ နှစ်အရွယ်ကလေးငယ်တွေအပါအဝင် အနည်းဆုံးပြည်သူ ၇ ဦးသေဆုံးပြီး လူ၂၀ ကျော်ဒဏ်ရာတွေရရှိခဲ့တယ်လို့ ဒေသခံတွေဆီက ကနဦးသိရပါတယ်။

Facebook