သရက်ခရိုင်၊ မင်းတုန်းမြို့နယ်တွင် စစ်ကောင်စီတပ်သားများအား နှစ်ရက်ဆက်တိုက်ခိုက်ခဲ့ရာ ၁၀ ဦးခန့်သေဆုံးကြောင်း မကွေးတိုင်း ပကဖ အထူးလှုပ်ရှားတပ်(USB Army)တာဝန်ခံ ကိုဗဟိန်းက လူထုနွေဦးသို့ ပြောသည်။
ဖေဖော်ဝါရီ ၁၉ ရက် ညနေ ၄ နာရီခွဲခန့်တွင် သရက်-မင်းတုန်းလမ်းပိုင်း၊ မင်းတုန်းမြို့နယ် အလယ်ချောင်းရဲစခန်းအနီးတွင် သရက်မြို့နယ် အခြေစိုက်ကပစ (၁၂)မှ ထွက်လာသော စစ် ကောင်စီ၏ ဖောကားတစ်စီးကို မဟာမိတ်တပ်ဖွဲ့များနှင့်အတူ အသင့်စောင့်ကြိုနေရာယူပြီး တိုက်ခိုက်ခဲ့ကြောင်း USB Armyက ထုတ်ပြန်သည်။
တိုက်ခိုက်မှုအတွင်း ယာဥ်ပေါ်ပါလာသည့် စစ်ကောင်စီတပ်သားများအနက် ရှစ်ဦးသေဆုံး ၍ အရာရှိနှစ်ဦးအပါအဝင် လေးဦးဒဏ်ရာအ ပြင်းအထန်ရသွားပြီး ယာဥ်မောင်းမှာ ဒဏ်ရာများဖြင့် ဆက်လက်မောင်းနှင်ပြေးသွားခဲ့ကြောင်း အသိပေးသည်။ စစ်ကောင်စီတပ်၏ ထိခိုက်သေဆုံးမှုများနှင့်ပတ်သက်ပြီး လူထုနွေဦးက သီးခြားအတည်မပြုနိုင်ပေ။

Public Service Announcement
ထို့နောက် ဒဏ်ရာဗရပွဖြင့် မောင်းပြေးသွားသော အဆိုပါကားသည် ပစ်ခတ်မှုဖြစ်သည့်နေရာနှင့် ၁ မိုင်ကျော်အကွာရှိ စိုင်ဒိုးကျေးရွာအရောက်တွင် ယာဥ်မောင်းသေဆုံးကာ လမ်းဘေးသို့ထိုးကျပြီး ကားရပ်သွားခဲ့သည်ဟု ဆိုသည်။
“(ကားထိုးရပ်သွားတာကို)မျက်မြင်သက်သေတွေရဲ့ ပြောပြချက်အရပဲ ကျနော်တို့ သိရတာဖြစ်တယ်။ အဲဒီတစ်မိုင်းကျော်လောက်ကြီးကိုလိုက်ပြီး ကျနော်တို့ စစ်ဆေးတာမလုပ်နိုင်ခဲ့ဘူး။ ဖြစ်စဥ်ကတော့ ကျနော်တို့ ပစ်တယ်၊ (လက်နက်)မရလိုက်ဘူး။ သူတို့က မောင်းထွက်သွားတယ်။ အဲဒါနဲ့ ကျနော်တို့လည်း ချက်ချင်းတန်းဆုတ်တယ်။ သူတို့က တစ်မိုင်လောက်ကိုရောက်တော့မှ ထိုးရပ်သွားတော့ ကျနော်တို့ လိုက်ချိန်မရလိုက်ဘူး”ဟု မကွေး တိုင်း ပကဖ အထူးလှုပ်ရှားတပ်(USB Army) တာဝန်ခံ ကိုဗဟိန်းက လူထုနွေဦးသို့ ပြောသည်။
အဆိုပါ စစ်ကောင်စီယာဥ်းအား တိုက်ခိုက်မှုဖြစ်စဥ်မှ သေဆုံးရုပ်အလောင်းများအား ကပစ (၁၂) သို့ အိမ်စီးကားများဖြင့် သယ်ထုတ်သွားပြီ ဒဏ်ရာရရှိသည့် အရာရှိများကို မကွေးစစ်ဆေးရုံသို့ပို့ကာ အခြားအဆင့်နှစ်ဦးအား မင်းတုန်းဆေးရုံတွင် လုံခြုံရေးများချ၍ အရေးပေါ်ကုသမှုများ လုပ်ခဲ့ကြသည်ဟု ၎င်းက ဆက်ပြောသည်။
အလားတူ ဖေဖော်ဝါရီ ၂၀ ရက်န နံနက် ၂နာရီမိနစ် ၂၀ ခန့်တွင်လည်း ပုသိမ်-မုံရွာလမ်းပေါ်ရှိ မင်းတုန်းမြို့နယ် ကျောက်တိုင်ဆေးရုံ၌ စခန်းချကာ ပြည်သူလူထုအား ဒုက္ခပေးနေသော အင်အား (၅၀)ဝန်းကျင်ရှိ စစ်ကောင်စီတပ်စခန်းအား USB Army နှင့် မဟာမိတ်တပ်ပေါင်းစုက ၀င်ရောက် တိုက်ခိုက်ခဲ့သေးသည်။
တိုက်ပွဲ ကြာချိန် မိနစ်(၄၀)ခန့်အထိ စစ်ကောင်စီတပ်စခန်းအား မရရှိသေးဘဲ အပြင်အထန်တိုက်ခိုက်နေရသဖြင့် ခဲယမ်းမလုံ လောက်မှုကြောင့် ပြန်လည်ဆုပ်ခွာခဲ့ရကြောင်း USB Army က အသိပေးသည်။
အထက်ပါ စစ်တပ်စခန်းနေရာအားတိုက်ခိုက်မှုတွင် ရဲနှစ်ဦးသေဆုံးပြီး ရန်သူတပ်သားသုံးဦး ဒဏ်ရာအပြင်းအထန်ရကာ အခြားဒဏ် ရာ အသေးစားများရရှိသွားသူ (၁၀)ဦးထက်မနည်းရှိကြောင်း မကွေးတိုင်း ပကဖ အထူးလှုပ်ရှားတပ်(USB Army)က ထုတ်ပြန်သည်။
မင်းတုန်းမြို့နယ်အတွင်း အဆိုပါနှစ်ရက် ဆက် စစ်ရေးလှုပ်ရှားမှုများကို မကွေးတိုင်း ပကဖ အထူးလှုပ်ရှားတပ်(USB Army)မှ ဦး ဆောင်ကာ မင်းတုန်းမြို့နယ် ပကဖ၊ အထက်မင်းလှမြို့နယ် ပကဖ တို့မှ ပူးပေါင်းပါ၀င်တိုက်ခိုက်ခဲ့ကြခြင်းဖြစ်သည်။
