close
Connect with us

Hi, what are you looking for?

နိုင်ငံတကာ

တောင်ကိုရီးယား မင်းသမီး ကင်မ်ဆယ်ရွန် သေဆုံးခြင်းဟာ အဆုံးစီရင်မှုလို့ ရဲတပ်ဖွဲ့ အတည်ပြု

တောင်ကိုရီးယား မင်းသမီး ကင်မ်ဆယ်ရွန် သေဆုံးမှုဟာ ကိုယ့်ကိုယ်ကိုယ် အဆုံးစီရင်ခဲ့တာလို့ ရဲတပ်ဖွဲ့က အတည်ပြုခဲ့ပါတယ်။

တောင်ကိုရီးယား မင်းသမီး ကင်မ်ဆယ်ရွန် သေဆုံးမှုဟာ ကိုယ့်ကိုယ်ကိုယ် အဆုံးစီရင်ခဲ့တာလို့ ရဲတပ်ဖွဲ့က အတည်ပြုခဲ့ပါတယ်။

အသက် ၂၄ နှစ်သာ ရှိသေးပြီး Netflixရဲ့ လူသိများတဲ့ Bloodhounds စီးရီးမှာ ပါဝင် သရုပ်ဆောင်ခဲ့သူ ကင်မ်ရဲ့ အလောင်းကို ဆိုးလ်မြို့က နေအိမ်မှာ သူငယ်ချင်း တစ်ယောက်က ဖေဖော်ဝါရီ ၁၆ ရက်နေ့မှာ ရှာတွေ့ခဲ့ပါတယ်။ အဲဒီ သူငယ်ချင်းရဲ့ အကြောင်းကြားမှုကြောင့် ရဲတွေက သွားရောက် စစ်ဆေးပြီးတဲ့နောက် ကင်မ်သေဆုံးမှုကို အတည်ပြုခဲ့ပါတယ်။

အစောပိုင်း ထုတ်ပြန်ချက်မှာတော့ အခင်းဖြစ်တဲ့ နေရာကို ပြင်ပကနေ ကျူးကျော် ဝင်ရောက်ထားတဲ့ လက္ခဏာမျိုး မတွေ့ရကြောင်း ရဲတွေက မှတ်ချက်ပေးခဲ့ပါတယ်။ အဲဒီကတည်းက ကင်မ်ဟာ ကိုယ့်ကိုယ်ကိုယ် အဆုံးစီရင်သွားခဲ့တာ ဖြစ်တယ်လို့ သတင်းတွေ ကျယ်ကျယ်ပြန့်ပြန့် ထွက်ပေါ်ခဲ့ပေမယ့်လည်း ရဲတပ်ဖွဲ့ကတော့ ဖေဖော်ဝါရီ ၁၇ ရက်နေ့ကျမှသာ အတည်ပြုခဲ့တာ ဖြစ်ပါတယ်။ ပြီးတော့ သေမှုသေခင်းဆိုင်ရာ စစ်ဆေးမှုတွေ ဆက်လက် လုပ်ဆောင်နေမယ်လို့လည်း ရဲတွေက ပြောပါတယ်။

ကင်မ်ဟာ အသက် ၉ နှစ်အရွယ်မှာ ကလေးသရုပ်ဆောင်အဖြစ် အနုပညာ လောကထဲ စတင်ရောက်ရှိခဲ့ပြီး ရုပ်ရှင်နဲ့ စီးရီး တော်တော်များများမှာ ပါဝင်သရုပ်ဆောင်ခဲ့ပါတယ်။

Public Service Announcement

Public Service Announcement

ကင်မ်ဟာ ၂၀၂၂ ခုနှစ်မှာတော့ အရက်မူးပြီး ယာဉ်တိုက်မှု ဖြစ်ခဲ့တဲ့ ကိစ္စကို အကြောင်းပြုပြီး အဖမ်းခံရဖူးသလို နောက်ဆက်တွဲ ဝေဖန်မှု ဒဏ်တွေနဲ့လည်း ကြုံခဲ့ရပါတယ်။ အဲဒီတုန်းက သူဟာ SBSရဲ့ ဒရာမာ စီးရီးဖြစ်တဲ့ Trolleyမှာ ပါဝင်ဖို့ စီစဉ်ထားပေမယ့် အဲဒီ ယာဉ်တိုက်မှုနဲ့ ဆက်စပ်တဲ့ ဝေဖန်မှုတွေကြောင့် နုတ်ထွက်ခဲ့ပါတယ်။

တောင်ကိုရီးယားရဲ့ အလားအလာ အကောင်းဆုံး မျိုးဆက်သစ် မင်းသမီး တစ်လက်အဖြစ် သတ်မှတ်ခံထားရတဲ့ ကင်မ်ဟာ ၂၀၂၃ ခုနှစ်တုန်းက Bloodhoundsမှာ နောက်ဆုံး ပါဝင် သရုပ်ဆောင်ထားခဲ့တာ ဖြစ်ပါတယ်။

လူမှုကွန်ရက် မီဒီယာတွေမှာတော့ ပရိသတ်တွေက ကင်မ်ကို နှမျောတသ ဝမ်းနည်းကြောင်း ဝေမျှ ရေးသားနေကြသလို တချို့သော အနုပညာ ကြယ်ပွင့်တွေအပေါ် လွန်လွန်ကဲကဲ ပစ်မှတ်ထားတဲ့ ဝေဖန် ထိုးနှက်မှုတွေနဲ့ ပတ်သက်လို့လည်း ရှုတ်ချနေကြပါတယ်။

အရင်ကလည်း တောင်ကိုရီးယားမှာ လူသိများတဲ့ အနုပညာရှင် တချို့ဟာ ငယ်ငယ်ရွယ်ရွယ်နဲ့ သေကြောင်းကြံစည်တဲ့ ဖြစ်ရပ်တွေ ပေါ်ပေါက်ခဲ့ဖူးပါတယ်။

ကိုးကား: CNA

ဆက်စပ်သတင်းများ