စစ်ကိုင်းတိုင်းမှာ သပိတ်အဖွဲ့တွေ၊ ဒေသခံပြည်သူတွေက စစ်အာဏာရှင် ဆန့်ကျင်ရေးသပိတ်တွေ ဒီကနေ့ (ဖေဖော်ဝါရီ ၁၆)မှာ အသီးသီး ချီတက်ဆန္ဒပြခဲ့ပါတယ်။
စစ်ကိုင်းတိုင်း ယင်းမာပင်မြောက်ခြမ်းမှာ နောက်ပြန်မလှည့်ကြေး ဒီတော်လှန်ရေး သပိတ်စစ်ကြောင်းက စစ်အာဏာရှင်ဆန့်ကျင်ရေး လူထုသပိတ် ပြုလုပ်ခဲ့ပြီး တော်လှန်ပြည်သူတွေက “အထွေထွေဖိနှိပ်မှုကို အံတုကြ ဘုံရန်သူကိုထွက်ပေါက်မပေးနဲ့” စာသားနဲ့ ဆန္ဒပြခဲ့ပါတယ်။
ယင်းမာပင်မြို့နယ် ကျေးရွာတစ်ရွာမှာလည်း အောင်လံလွှင့်မည် ရွှေရေကြည် သပိတ်စစ်ကြောင်းက ဦးဆောင်ကာ စစ်အာဏာရှင် ဆန့်ကျင်ရေး ညသပိတ်လှုပ်ရှားမှု ပြုလုပ်ခဲ့ပါတယ်။

Public Service Announcement
အရာတော်မြို့နယ်၊ မုံရွာမြို့နယ်နဲ့ မြင်းမူမြို့နယ် အတွင်းရှိ ကျေးရွာတွေမှာလည်း သပိတ်အင်အားစုတွေက ဦးဆောင်ပြီး ဗိုလ်ချုပ်ဆောင်ဆန်း ၁၁၀ နှစ်ပြည့်မွေးနေ့ အထိမ်းအမှတ် သံချပ်ထိုး ဖျော်ဖြေခြင်းနဲ့ လူထုဟောပြောခြင်းတွေကို ပြုလုပ်ခဲ့ကြပါတယ်။
ယင်းလှုပ်ရှားမှုကို/အရတ အရာတော်လူထုသပိတ်၊ မုံရွာမြို့နယ် လူထုသပိတ်တိုက်ပွဲဦးဆောင်ကော်မတီ၊ မြင်းမူမြို့နယ် သပိတ်တက်ကြွလှုပ်ရှားသူတွေက ပြည်သူလူထုနဲ့အတူ ပူးပေါင်းပြီး လုပ်ဆောင်ခဲ့ခြင်း ဖြစ်ပါတယ်။
