close
Connect with us

Hi, what are you looking for?

သတင်း

စစ်​ကောင်စီက ​နောင်ချိုကိုဗုံးကြဲ အမျိုးသမီး ၁ဦး​သေဆုံးပြီး ၃ ဦးဒဏ်ရာရ

နောင်ချိုမြို့နယ်၊လောက်ဖန်းရွာကို ​ဖေ​ဖော်ဝါရီ ၂၀ ရက်​နေ့ ညပိုင်းမှာ စစ်တပ်ကလေကြောင်းတိုက်ခိုက်သွားတာမို့ အမျိုးသမီးတဦးသေဆုံးပြီးကလေးငယ်တွေအပါအဝင်၃ဦးဒဏ်ရာရခဲ့တယ်လို့ ဒေသခံ​တွေက​ပြောတယ်။

နောင်ချိုမြို့နယ်၊လောက်ဖန်းရွာကို ​ဖေ​ဖော်ဝါရီ ၂၀ ရက်ညမှာဗုံးကျဲခံရပြီး​နောက် အပျက်အစီး​တွေကို ​တွေ့ရစဥ်။ ဓါတ်ပုံ- Thein Aung

ရှိန်း/People’s Spring

နောင်ချိုမြို့နယ်၊လောက်ဖန်းရွာကို ​ဖေ​ဖော်ဝါရီ ၂၀ ရက်​နေ့ ညပိုင်းမှာ စစ်တပ်ကလေကြောင်းတိုက်ခိုက်သွားတာမို့ အမျိုးသမီးတဦးသေဆုံးပြီးကလေးငယ်တွေအပါ အဝင်၃ဦးဒဏ်ရာရခဲ့တယ်လို့ ဒေသခံ​တွေက​ပြောတယ်။

ဖေဖော်ဝါရီ၂၀ရက်နေ့ ၊ ည၈နာရီခွဲလောက်မှာစစ်​ကောင်စီရဲ့ တံတားဦးလေတပ်ကနေ နောင်ချိုမြို့နယ်ထဲကိုဂျက်ဖိုက်တာ​လေယာဥ်နဲ့ပေါင်၂၅၀ဗုံးတွေကြဲချတိုက်ခိုက်ခဲ့တာလ်ို့သိရပါတယ်။

ဒီတိုက်ခိုက်မှုကြောင့်နေအိမ်မှာအိပ်နေတဲ့အဖွားအိုတဦးသေဆုံးပြီး ကလေးတွေအပါအဝင် ပြည်သူ၃ဦးထိခိုက်ဒဏ်ရာတွေရခဲ့တာလို့​ဒေသခံ​တွေက​ပြောပါတယ်။

Public Service Announcement

Public Service Announcement

“အိမ်တွေပေါ်ကျတာ။အဖွားကအိမ်ပြိုတဲ့အထဲမှာ ပါသွားပြီးသေတာ”လို့ ဒေသခံတဦးကလည်းပြောပါတယ်။

လောက်ဖန်းရွာဟာ နောင်ချိုမြို့နဲ့ ပြင်ဦးလွင်မြို့ရဲ့ကြားထဲမှာရှိပြီး နာမည်ကြီးဘိလပ်မြေစက်ရုံရှိတဲ့ကျေးရွာလို့သိရပါတယ်။

ဖေဖော်ဝါရီလ၁၉ရက်နေ့ညပိုင်းကလည်း နောင်ချိုမြို့ပေါ်က ဘူတာရပ်ကွက်နဲ့ ပြည်သူ့ဆေးရုံပေါ်ကို ဗုံးကျဲတိုက်ခိုက်ခဲ့တာကြောင့် ပြည်သူ၃ဦးသေဆုံးပြီး ၄ဦးထိခိုက်ဒဏ်ရာရခဲ့ပါသေးတယ်။

တရုတ်အစီအစဥ်နဲ့ ကူမင်းမြို့မှာ ​ဖေ​ဖော်ဝါရီလလယ်ပိုင်းမှာ စစ်ကောင်စီတပ် နဲ့ TNLA ခေါင်းဆောင်တွေရဲ့ ​ဖေ​ဖော်ဝါရီ လလယ်​ဆွေးနွေးပွဲ သ​ဘောတူညီချက်မရပဲ ပျက်ပြီးတဲ့အချိန်ကစပြီး စစ်ကောင်စီတပ်ဟာ နောင်ချိုမြို့နယ်ကိုလေကြောင်းတိုက်ခိုက်တာတွေတရစပ်လုပ်နေတာပါ။​ဆွေး​နွေးပွဲမတိုင်ခင်​ရော ၊​ဆွေး​နွေး​နေတုန်းမှာ​ရော စစ်​ကောင်စီက TNLA သိမ်းပိုက်ထိန်းချုပ်ထားတဲ့​ဒေသ​တွေကို ဆက်တိုက်ဗုံးကြဲခဲ့တာဖြစ်ပါတယ်။

မြေပြင်မှာလည်း တပ်မ(၃၃) နဲ့ တပ်မ(၅၅) ကိုထပ်ပို့ထားပြီး တိုက်ပွဲတွေဆက်တိုက်ဖြစ်နေတယ်လို့သိရပါတယ်။

စစ်​ကောင်စီတပ်ဟာ သူ့ဆုံးရှုံးပြီးတဲ့​​ဒေသ​တွေမှာ ​အရပ်သားပစ်မှတ်​တွေကိုပါ ဗုံးကြဲတိုက်ခိုက်မှု​တွေ ဒီ​နောက်ပိုင်းတိုးလုပ်လာတယ်လို့​တော်လှန်​ရေးအဖွဲ့​တွေက​ပြောပါတယ်။

ဆက်စပ်သတင်းများ

သတင်း

ကနီမြို့နယ်၊ချောင်းမရွာရှိ လက်ဖက်ရည်ဆိုင်ကိုစစ်ကောင်စီက ဂျက်ဖိုက်တာဖြင့်လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်ရာ ဒေသခံ၆ ဦး သေဆုံးပြီး ဒဏ်ရသူများပြားကြောင်း​ဒေသခံအချို့က​ပြောသည်။

သတင်း

အိမ်သွင်/People’s Spring ရခိုင်ပြည်နယ်၊ စစ်တွေမြို့အနီးတိုက်ပွဲ ပြင်းထန်နေပြီး တိုက်ပွဲအတွင်း စစ်ကောင်စီက လေကြောင်းမှ တိုက်ခိုက်ရာ အာရက္ခတပ်တော်(AA)ကလည်း စစ်ကောင်စီ၏ ရဲတပ်ရင်းအား လက်နက်ကြီးများဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့သည်။ စစ်တွေမြို့အဝင် အမြင့်ကျွန်းစစ်ကောင်စီစခန်းအနီးတွင် ဖေဖော်ဝါရီ ၁၇ရက်ညနေ ၆နာရီမှ ည ၉နာရီခန့်အထိ တိုက်ပွဲပြင်းပြင်းထန်ထန်ဖြစ်ခဲ့ခြင်းဟု စစ်ရေးသတင်းမြစ်တစ်ဦးက ပြောသည်။...

သတင်း

မန္တလေးတိုင်း၊ မြင်းခြံမြို့နယ်ထဲက တူးရွင်းဘို့ ကျေးရွာကို မနေ့ ဖေဖော်ဝါရီလ ၁၇ ညပိုင်းလေတပ်ကနေ ဗုံးကြဲ တိုက်ခိုက်တာကြောင့် အရပ်သား ၄ ဦး သေဆုံးခဲ့ရတယ်လို့ ဒေသခံအချို့ဆီကသိရပါတယ်။

သတင်း

ကနီမြို့ရှိ ချင်းတွင်းမြစ်ဆ်ိပ်ကမ်းတနေရာကို စစ်ကောင်စီကဖေဖော်ဝါရီလ ၁၇ရက် နေ့လည်ပိုင်းတွင် ဂျက်ဖိုက်တာဖြင့် လေကြောင်းမှတိုက်ခိုက်ရာ ခရီးသွားသံဃာတော်တစ်ပါး နှင့် အရပ်သားတစ်ဦး ဒဏ်ရာရရှိခဲ့သည်။