ကာတာနိုင်ငံတွင် ဖေဖော်ဝါရီ ၂၀ ရက်ညပိုင်း၌ကျင်းပသည့် One Championship MMA ပွဲစဥ်တွင် ကချင်တိုင်းရင်းသား အောင်လအန်ဆန်သည် စက္ကန့် ၃၀ အတွင်း ပြိုင်ဘက် အာဒိုဂန်၏ အမြင့်ကန်ချက်ကြောင့် အလဲထိုးဖြင့် ရှုံးနိမ့်ခဲ့သည်။
ပွဲစဥ်အစတွင် အောင်လသည် အာဒိုဂန်ကို လက်သီးချက်ဖြင့် အသာရရန် ကြိုးပမ်းခဲ့သော် ပွဲအစ ၂၈ စက္ကန့်၌ အာဒိုဂန်က ဘယ်ခြေအမြင့်ကန်ချက်ဖြင့် အောင်လကို အလဲထိုး အနိုင်ရခဲ့ခြင်း ဖြစ်သည်။
အောင်လအန်ဆန်နှင့် တူရကီနိုင်ငံသား အာဒိုဂန်တို့သည် ပြီးခဲ့သည့် စက်တင်ဘာ ၆ ရက်ကလည်း အမေရိကန်နိုင်ငံတွင် ထိုးသတ်ခဲ့ရာ အောင်လအန်ဆန် ရှုံးနိမ့်ခဲ့သည့်အတွက် အောင်လအနေဖြင့် အာဒိုဂန်ကို ဒုတိယအကြိမ်ထပ်မံရှုံးနိမ့်ခဲ့ခြင်း ဖြစ်သည်။

Public Service Announcement
အသက် ၃၉ နှစ်အရွယ် အောင်လအန်ဆန်သည် MMA ပြိုင်ပွဲ ၄၄ ပွဲ ထိုးသတ်ထားရာ ပွဲ ၃၀နိုင် ၁၄ ပွဲ ရှုံးနိမ့်ထားသည်။
ယင်းပွဲရှုံးနိမ့်ခဲ့သည့် အောင်လအနေဖြင့် အစက်အရွယ်ကြောင့် MMA ကစားသမားဘဝမှ အနားယူသင့်ပြီ ဖြစ်ကြောင်းပရိသတ်အချို့က မှတ်ချက်ပြုနေကြသည်။
