close
Connect with us

Hi, what are you looking for?

သတင်း

လှိုင်သာယာရဲစခန်းနှင့် လှိုင်ချည်မျှင်စက်ရုံကို ဖောက်ခွဲတိုက်ခိုက်

ရန်ကုန်မြို့ လှိုင်မြို့နယ်ရှိ စစ်ကောင်စီလက်အောက်ခံ ချည်မျှင်နှင့်အထည်စက်ရုံ နှင့် လှိုင်သာယာမြို့မရဲစခန်းတို့ကို ဖောက်ခွဲတိုက်ခိုက်မှုလုပ်ခဲ့ကြောင်း Yangon Army(YA) မှ တာဝန်ရှိသူက လူထုနွေဦးသို့ပြောသည်။

သတိုး / People’s Spring

ရန်ကုန်မြို့ လှိုင်မြို့နယ်ရှိ စစ်ကောင်စီလက်အောက်ခံ ချည်မျှင်နှင့်အထည်စက်ရုံ နှင့် လှိုင်သာယာမြို့မရဲစခန်းတို့ကို ဖောက်ခွဲတိုက်ခိုက်မှုလုပ်ခဲ့ကြောင်း Yangon Army(YA) မှ တာဝန်ရှိသူက လူထုနွေဦးသို့ပြောသည်။

“အထိအခိုက်‌တော့ မသိရသေးဘူး။ လှိုင်သာယာရဲစခန်းထဲတော့ ၃ လုံး လုံးကျတယ်” ဟု ၎င်းကပြောသည်။

ဖေဖော်ဝါရီ ၂၀ ရက် ည ၁၀ နာရီခွဲခန့်တွင် ယင်းနေရာနှစ်ခုစလုံးကို တိုက်ခိုက်မှုပြုလုပ်ခဲ့ခြင်းဖြစ်ပြီး ချည်မျှင်နှင့်အထည်စက်ရုံဂိတ်ကို လက်ပစ်ဗုံး ၃ လုံး ၊ လှိုင်သာယာရဲစခန်းကို အဝေးပစ်လောင်ချာ 79 ဖြင့် ၄၀ မမ ၃ လုံး ပစ်ခတ်ခဲ့ခြင်းဖြစ်သည်ဟု ယင်းအဖွဲ့က ထုတ်ပြန်ထားသည်။

Public Service Announcement

Public Service Announcement

“ပထမက ကျနော်တို့မိုင်းနဲ့တိုက်ခိုက်မလို့၊ မိုင်းက အဆင်မပြေလို့ အသီးနဲ့ပစ်ပြီးဆုတ်ခဲ့တာ။ အဝမှာ လုံခြုံရေးတွေရှိတယ်” ဟု ချည်မျှင်နှင့်အထည်စက်ရုံတိုက်ခိုက်မှုကို ၎င်းကပြောသည်။

အထက်ပါစစ်ဆင်ရေးများကို Yangon Army (YA) နှင့် အနောက်ပိုင်းခရိုင်ပကဖတို့ပူးပေါင်းတိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။

“အသီးက ၃ လုံးပစ်တာ ၂လုံးပဲ ကွဲတယ်။ အသီးသံကလည်း တိုးတယ်။ လှိုင်သာယာရဲစခန်းကတော့ အားရတယ်။ ကျနော်တို့က ဒီကောင်တွေကို ရရင်ရတာနဲ့လုပ်မှာ” ဟု အဆိုပါစစ်ဆင်ရေးများနှင့်ပတ်သက်၍ အထက်ပါတာဝန်ရှိသူကပြောသည်။

ဆက်စပ်သတင်းများ

သတင်း

ပေါက်ကွဲမှုဖြစ်ပွားသည့် အပြင်ပဒံရပ်ကွက်ရှိ စစ်ကောင်စီနှင့်ဆက်နွယ်သည်ဆိုသော ဂတ်စ်အိုးအရောင်းဆိုင်နှင့် နေအိမ်၌ ဗုံးပေါက်ကွဲမှုဖြစ်ပွားခဲ့ခြင်း ဖြစ်သည်။

သတင်း

ယုန်လေး​၏ ရုပ်ရှင်ပွဲမသွားရန် GHF တာဝန်ရှိသူတိုက်တွန်း

သတင်း

ရန်ကုန်မြို့ အင်းစိန်မြို့နယ် လျှပ်စစ်မီတာရုံးအတွင်းရှိ စစ်ကောင်စီတပ်ဖွဲ့ဝင်များရှိနေသော ဘန်ကာအား ယမန်နေ့ည ၇ နာရီခွဲခန့်က လက်ပစ်ဗုံး ၂လုံးဖြင့် ဖောက်ခွဲတိုက်ခိုက်ခဲ့ကြောင်း Freeland Attack Force-FLAက အသိပေးထုတ်ပြန်သည်။

သတင်း

ရန်ကုန်မြို့ အင်းစိန်မြို့နယ် ရွာမအရှေ့ရပ်ကွက် အုပ်ချုပ်ရေးမှူးရုံးကို လက်ပစ်ဗုံးများဖြင့် တိုက်ခိုက်ခဲ့ကြောင်း Yangon Army(YA) အဖွဲ့မှ တာဝန်ရှိသူက ပြောသည်။