▪︎MMA ပြိုင်ပွဲ ၄၃ ပွဲ ထိုးသတ်ခဲ့ပြီး ပွဲ ၃၀ မြောက်နိုင်ပွဲဖြစ်
အမေရိကန်နိုင်ငံတွင် ယနေ့ (မေလ ၆) နံနက်ပိုင်း၌ ကျင်းပခဲ့သည့် One Championship MMA ပြိုင်ပွဲတွင် ကချင်တိုင်းရင်းသား အောင်လအန်ဆန်က တရုတ်ဖိုက်တာ ဖန်ယောင်းကို ဒုတိယအချီအတွင်း ချုပ်ကွက်ဖြင့် အနိုင်ရခဲ့သည်။
ယင်းပွဲစဥ် ပထမအချီ၌ အောင်လနှင့် ဖန်ယောင်းတို့သည် လက်သီးချက်၊ ခြေကန်ချက်များကိုသာ အားပြု၍ တိုက်ခိုက်ခဲ့ပြီး ပွဲအစ ၂ မိနစ်ကျော်တွင် အောင်လ၏ ညာဝိုက်လက်သီးချက်ကြောင့် ဖန်ယောင်း မျက်ခုံးကွဲ ဒဏ်ရာရခဲ့သည်။

ဒုတိယအချီတွင် ဖန်ယောင်းက အောင်လအား လှဲချပြီးချုပ်ကွက်ဖြင့် အနိုင်ယူရန် ကြိုးစားစဥ် အောင်လက လဲကျနေသည့်အနေအထားမှ ဖန်ယေညင်း၏ လည်ပင်းအားချုပ်၍ အနိုင်ယူလိုက်ခြင်းဖြစ်သည်။
အောင်လအန်ဆန်သည် ရှေ့ပွဲစဥ်များတွင် ပြိုင်ဘက်များကို လက်သီးချက်၊ ခြေကန်ချက်များဖြင့်သာ အလဲထိုး အနိုင်ယူခဲ့သော်လည်း ယခုပွဲစဥ်၌ စပါးကြီးမြွေ အောင်လအဖြစ် နာမည်ကျော်ခဲ့သည့် ၎င်း၏ ချုပ်ကွက်ကို အသုံးပြု၍ အနိုင်ယူနိုင်ခဲ့ခြင်း ဖြစ်သည်။

အသက် ၃၇ နှစ်အရွယ် အောင်လအန်ဆန်သည် One Championship MMA ပြိုင်ပွဲတလျောက် ပွဲစဥ် ၄၃ ပွဲ ထိုးသတ်ခဲ့ပြီး ၃၀ ပွဲနိုင် ၁၃ ပွဲ ရှုံးနိမ့်ထားသည်။ One Championship ကစီစဥ်ပေးသော လာမည့်ပွဲများတွင် မည်ကဲ့သို့သောပြိုင်ဘက်ကိုမဆို ယှဥ်ပြုင်ထိုးသတ်ရန်အသင့်ရှိကြောင့်လည်းအသိပေးသွားသည်။
တရုတ်နိုင်ငံသားဖိုက်တာကိုအနိုင်ယူပြီးနောက် အောင်လ ကမြန်မာနိုင်ငံအတွက် ဆုတောင်းပေးကြရန်လည်း ပြောကြားခဲ့သည်။
