close
Connect with us

Hi, what are you looking for?

သတင်း

မူဆယ်တွင် ပြည်သူ့စစ်ပိုင်ကျားဖြန့်ရုံကို စစ်​ကောင်စီဝင်ဖမ်းစဥ် အပြန်အလှန်ပစ်ခတ်မှုဖြစ်

မူဆယ်မြို့၊ မန်းဝိန်းရပ်ကွက်မှ ကျားဖြန့်ရုံတစ်ရုံကို ဒီဇင်ဘာလ၁၆ရက်မွန်းလွဲ ၂နာရီခန့်တွင် စစ်ကောင်စီနှင့်ရဲတပ်ဖွဲ့ဝင်များက ဝင်ရောက်ဖမ်းဆီးခြင်းဖြစ်သည်။

(မင်္ဂလာမူဆယ်အိမ်ယာရှိ မန့်ဘိမ်းပြည်သူ့စစ်တပ်ဖွဲ့ပိုင်ကျားဖြန့်ရုံကို စစ်ကောင်စီတပ်က ၂၀၂၄ခုနှစ် စက်တင်ဘာ ၂၃ ရက်တွင်ဝင်ဖမ်းရာမှအပြန်အလှန်ပစ်ခတ်မှုဖြစ်ပွားစဥ်။ဓါတ်ပုံ-စစ်​ကောင်စီ)
(မင်္ဂလာမူဆယ်အိမ်ယာရှိ မန့်ဘိမ်းပြည်သူ့စစ်တပ်ဖွဲ့ပိုင်ကျားဖြန့်ရုံကို စစ်ကောင်စီတပ်က ၂၀၂၄ခုနှစ် စက်တင်ဘာ ၂၃ ရက်တွင်ဝင်ဖမ်းရာမှအပြန်အလှန်ပစ်ခတ်မှုဖြစ်ပွားစဥ်။ဓါတ်ပုံ-စစ်​ကောင်စီ)

ဇော်ရမ်း/People’s Spring

ရှမ်းပြည်နယ်မြောက်ပိုင်း၊ မူဆယ်မြို့မှ စစ်ကောင်စီလက်အောက်ခံ ပြည်သူ့စစ်တပ်ဖွဲ့ပိုင် ကျားဖြန့်ရုံကို စစ်ကောင်စီတပ်က ဝင်ရောက်ဖမ်းဆီးရာ အပြန်အလှန်ပစ်ခတ်မှုဖြစ်ပွားခဲ့သည်။

မူဆယ်မြို့၊ မန်းဝိန်းရပ်ကွက်မှ ကျားဖြန့်ရုံတစ်ရုံကို ဒီဇင်ဘာလ၁၆ရက်မွန်းလွဲ ၂နာရီခန့်တွင် စစ်ကောင်စီနှင့်ရဲတပ်ဖွဲ့ဝင်များက ဝင်ရောက်ဖမ်းဆီးခြင်းဖြစ်သည်။

“လွှတ်ထားပြီး တရုတ်ကိုကြောက်လို့ အဖမ်းပြတာ။ ပြည်သူ့စစ်ကလည်း ပြန်ပစ်တာပဲ။ ကျားဖြန့်ရုံထဲက ဝန်ထမ်းတွေတော့ပါသွားတယ်။ အဖမ်းခံရတယ်ပေါ့” ဟု မူဆယ်မြို့ခံတစ်ဦးကပြောသည်။

Public Service Announcement

Public Service Announcement

စက်တင်ဘာလ ၂၃ရက် နံနက်ကလည်းမူဆယ်မြို့ မင်္ဂလာမူဆယ်အိမ်ယာရှိ မန့်ဘိမ်းပြည်သူ့စစ်တပ်ဖွဲ့ပိုင်ကျားဖြန့်ရုံကို စစ်ကောင်စီကဝင်ဖမ်းစဉ် တိုက်ပွဲဖြစ်ပွားခဲ့ဖူးသည်။တိုက်ပွဲအတွင်းခလရ(၆၈)တပ်ရင်းမှူးနှင့် မူဆယ်လူကုန်တားရဲတပ်ဖွဲ့မှူး ဒဏ်ရာရရှ်ိခဲ့သည်။

မူဆယ်မြို့တွင်စစ်ကောင်စီနှင့်ပြည်သူ့စစ်တပ်ဖွဲ့များ ပိုင်ဆိုင်သည့် ကျားဖြန့်ရုံများရှိနေသည်ဟု ဒေသခံများကပြောသည်။

တရုတ်အစိုးရ​၏ ဖိအားပေးမှုကြောင့် စစ်ကောင်စီက ကျားဖြန့်ရုံများကို ဖမ်းဆီးမှုများရှိနေသည်။ပြီးခဲ့သည့် မတ်လ ၂၇ရက်နေ့က မူဆယ်မြို့အတွင်း ကျားဖြန့်ရုံတစ်ရုံကို ဝင်စီးနင်းပြီး ဝန်ထမ်း ၆၀၀ခန့်ကို ဖမ်းဆီးခဲ့သည်။ ၂၀၀ ခန့်သည် တရုတ်နိုင်ငံသားများဖြစ်ပြီး စစ်ကောင်စီက တရုတ်နိုင်ငံသို့ပြန်လွှဲပေးခဲ့သည်။ ကျန်မြန်မာ၄၀၀ခန့်ကို သုံးလခန့်ကြာမှ ပြန်လွတ်ပေးခဲ့သည်။

မူဆယ်မြို့သည် ၁၀၂၇ စစ်ဆင်းရေးပထမပိုင်း၌ ညီနောင်သုံးဖွဲ့က တိုက်ခိုက်သိမ်းယူရန် ပြင်နေစဉ် တရုတ်အစိုးရက မတိုက်ရန် ဖိအား​ပေးသဖြင့် ကျန်နေသည့် မြို့ဖြစ်သည်။ သို့​​သော် မူဆယ် ၁၀၅မိုင် ကုန်သွယ်ရေးဇုန်ကို ညီ​နောင်မဟာမိတ် သုံးဖွဲ့က ထိန်းချုပ်ထားသည်။ စစ်ကောင်စီသည် မူဆယ်မြို့ပေါ်၌သာတပ်စွဲထားနိုင်ပြီး ဒုစရိုက်မှုများကာ အုပ်ချုပ်ရေးယန္တရား ကောင်းမွန်စွာမလည်ပတ်တော့ကြောင်း ဒေသခံများကပြောသည်။

ဆက်စပ်သတင်းများ

သတင်း

တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ စစ်ကောင်စီက အကြောင်းမဲ့ ပစ်ခတ်တိုက်ခိုက်ခြင်းဟု ကနီမြို့မှ တော်လှန်ရေးရဲဘော်တစ်ဦးက ပြောသည်။

သတင်း

မိုးဗြဲမြို့အခြေစိုက်ခြေမြန်တပ်ရင်း အမှတ်(၄၂၂) တပ်စခန်းအနီးတိုက်ပွဲများမှာ နိုဝင်ဘာတစ်လလုံးနှင့် ယခုဒီဇင်ဘာအထိရှိနေသည်ဟု ဆိုသည်။

သတင်း

ဒေသတွင်းသတင်းရင်းမြစ်များအရ ငါးဖမ်းသမားများကို ရနောင်းတဖက်ကမ်းရှိ ကော့သောင်းမြို့မှာ ရွှေ့ပြောင်းထိန်းသိမ်းထားတယ်လို့ သိရပါတယ်။

သတင်း

စစ်ကောင်စီသည် ၂၀၂၄ ဧပြီ ၁ရက်မှ နိုဝင်ဘာ ၃၀ ရက်အထိ ပြည်ပကို ဆန်တန်ချိန် ၁ ဒသမ ၇ သန်းတင်ပို့ခဲပြီး နိုင်ငံခြားငွေ ဒေါ်လာ သန်း ၈၀၀ ကျော်ရရှိထားသည်။