အိမ်သွင်/People’s Spring
ရခိုင်ပြည်နယ်တွင် အာရက္ခတပ်တော်( AA )က တစ်ပြည်နယ်လုံးနီးပါးသိမ်းပိုက်လုနီးပါးအခြေအနေတွင် အာဏာသိမ်းခေါင်းဆောင်က AAအပါအဝင် တော်လှန်ရေးတပ်ဖွဲ့များ လက်နက်စွန့်ကြရန် ထပ်မံပြောဆိုပြန်သည်။
အာရက္ခတပ်တော်AAသည် ရခိုင်ပြည်နယ်မှ မြို့သိမ်းတိုက်ပွဲများကို ၂၀၂၃ နိုဝင်ဘာလ ၁၃ရက်၌ စတင်တိုက်ခိုက်ခဲ့ပြီး တစ်နှစ်ကျော်အတွင်း ကျောက်ဖြူ၊ မာန်အောင်၊ စစ်တွေမြို့နယ်တိုမှလွဲ၍ ကျန် ၁၄ မြို့နယ်ကို သိမ်းပိုက်ထိန်းချုပ်ထားပြီဖြစ်သည်။ အဆိုပါ ၁၄ မြို့နယ်တွင် အမ်းနှင့်ဂွမြို့နယ်တွင်သာ စစ်ကောင်စီတပ်လက်ကျန်စခန်းအနည်းငယ်ကျန်ရှိပြီး ကျန် စစ်စခန်းများ၊တပ်ရင်းများကို AA သိမ်းပိုက်ထိန်းချုပ်ထားပြီးဖြစ်သည်။
ယနေ့(ဒီဇင်ဘာ ၁၅ ရက်) ကျရောက်သည့် ရခိုင်ပြည်နယ်နေ့သဝဏ်လွှာတွင်အာဏာသိမ်းခေါင်းဆောင်ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ကပြောခြင်းဖြစ်သည်။

Public Service Announcement
လက်နက်စွန့်ကြရန်၊ NCA လမ်းကြောင်းအတိုင်း ငြိမ်းချမ်းရေးဆွေးနွေးရန် ပြောသော်လည်း ၎င်းအား တိုက်ခိုက်နေသည့်တိုင်းရင်းသားလက်နက်ကိုင်အဖွဲများကို အပြစ်တင်ထားသည်။
ယခင်က ၎င်း မကြာခဏပြောနေသလိုပင် MNDAA ၊ TNLA၊ AAတို့ကြောင့်တိုင်းရင်းသား ပြည်သူများ၏ လူမှုစီးပွား အခြေအနေများကို ပိုမိုဆိုးရွားစေခဲ့ဟုဆိုထားသည်။လူငယ် လူရွယ်များကို မူးယစ်ဆေးဝါးဖြင့် သိမ်းသွင်း မြူဆွယ်ပြီး စစ်ပွဲထဲ အတင်းအဓမ္မ ရောက်ရှိစေခဲ့ဟုလည်းစွပ်စွဲထားသည်။
” အရူးချီးပန်း လျှောက်ပြောနေတာလို့ ပြောရင်လည်း အရူးရော ချီးရော သိက္ခာကျတယ်။ ပြည်သူတွေကို မီးလောင်တိုက်သွင်းနေတဲ့ကောင်က ခွေးစကားပြောတာ။ ဒါလည်း ခွေးသိက္ခာကျတယ်။ မူးယစ်ဆေးသုံးနေတာလည်း ဒီခွေးတပ်ပဲ”ဟု မကြာသေးမီက စစ်ကောင်စီစခန်းသိမ်းတိုက်ပွဲဝင်ခဲ့သည့် PDF တပ်ဖွဲ့ဝင်တစ်ဦးကပြောသည်။
နိုင်ငံအနှံတိုက်ပွဲများတွင် စစ်ကောင်စီတပ်သားများစစ်ရှုံး၍ ထွက်ပြေး၍ လက်နက်ချ၍ ဖမ်းဆီးခံရပါက စစ်သားများမှ စိတ်ကြွရူးသွပ်ဆေးအပါအဝင် မူးယစ်ဆေးဝါးများအသုံးပြုကြသည်ကို ဝန်ခံထွက်ဆိုခြင်း ၊ ဓါတ်ပုံ ၊ရုပ်သံမှတ်တမ်းများနှင့် တော်လှန်ရေးတပ်များက မကြာခဏထုတ်ပြန်ထားသည်။
ကရင်နီပြည် ၊လွိုင်ကော်မြို့အစပ်တစ်နေရာတွင် နိုဝင်ဘာ ၂၆ ရက်ကတိုက်ပွဲတွင် စစ်ကောင်စီတပ်မှ တပ်မ (၆၆) လက်အောက်ခံ ၊ အမှတ် (၈၈)ခြေလျင်တပ်ရင်း(ခမရ၈၈)စစ်ကြောင်းတကြောင်းလုံးပျက်အောင် ကရင်နီပူးပေါင်းတပ်များကတိုက်ခိုက်ခဲ့သည်။ထိုတိုက်ပွဲတွင်ဖမ်းဆီးခံရသော တပ်သားဖိုးဖြူက ၎င်းတို့ စစ်ကြောင်းတွင်တပ်ရင်းမှူးကိုယ်တိုင် ပန်ရောင်မူးယစ်ဆေးဝါးကိုအသုံးပြုသလို ၊ တပ်ဖွဲ့ဝင်များကိုလည်း ပန်းရောင်စိတ်ကြွမူးယစ်ဆေးဝါးကိုအသုံးပြု ၍ စစ်တိုက်ခိုင်းကြောင်း တပ်သားဖိုးဖြူ ကပြောသည်။
ရခိုင်ပြည်နယ် ၊မောင်တော နခခ (၅)သိမ်းတိုက်ပွဲတွင် စစ်သားရာနှင့်ချီပိတ်မိနေပြီး ရိက္ခာပြတ်၍ အစားအသောက်မစားရဘဲ အကူအညီပေးရန် စစ်သားများကနိုဝင်ဘာ ၈ ရက်တွင်ရိုက်ကူးခဲ့သောရုပ်သံမှတ်တမ်းတွင် စစ်သားအချို့မှာ မူးယစ်ဆေးဝါးများသုံးစွဲနေသည်ကိုတွေ့ရသည်။
ဒီဇင်ဘာလ ၈ရက်နေ့က မောင်တောမြို့မှနောက်ဆုံးလက်ကျန် နခခ(၅) သိမ်းတိုက်ပွဲတွင် ရာချီသောစစ်သုံ့ပန်းများအပြင် စစ်ကောင်စီ၏ ဗိုလ်မှူးချုပ်တစ်ဦးကိုပါ ဖမ်းမိထားသည်။
ဒီဇင်ဘာလ(၁၅)ရက်နေ့သည် နှစ်(၅၀)ပြည့် ရွှေရတုအထိမ်းအမှတ် ရခိုင်ပြည်နယ်နေ့ဖြစ်သည်။အာဏာသိမ်းစစ်ခေါင်းဆောင်က သ၀ဏ်လွှာပို့သော်လည်း ရခိုင်ပြည်နယ်နေ့ကို စစ်တွေမြို့တစ်မြို့တည်း၌သာ အကျဉ်းရုံးပြုလုပ်နိုင်သည်။
ယခုအခါတော်လှန်ရေးတပ်များက နိုင်ငံတဝန်းအနည်းဆုံးမြို့ပေါင်း ၉၀ ကိုသိမ်းပိုက်ထိန်းချုပ်ထားသည်။ ထိုအပြင် အမ်း ၊ဂွ ၊ ဗန်းမော်၊ အင်းတော် ၊ မင်းတပ် ၊ဖလမ်း စသောမြို့များတွင်လည်းတော်လှန်ရေးတပ်များက မြို့သိမ်းတိုက်ပွဲဆင်နွှဲ၍ စစ်တပ်လက်ကျန်စခန်းများကိုအပြီးသတ်သိမ်းပိုက်ရန် ထိုးစစ်ဆင်တိုက်ခိုက်နေသည်။
