close
Connect with us

Hi, what are you looking for?

သတင်း

တနင်္သာရီတွင် စစ်သားနှစ်ဦးက စျေးဆိုင်တစ်ဆိုင်အနှကြမ်းစီးပြီး ငွေနှင့်ကုန်ပစ္စည်းအချို့ ယူသွား

စစ်ကောင်စီတပ်သားနှစ်ဦးသည် ဆိုင်ရှင်လင်မယားထံမှ လက်ကိုင်ဖုန်း(၂)လုံး၊ ငွေကျပ်သုံးသိန်းအပါအဝင် ဆိုင်ရှိအချိုရည်ဘူးများနှင့် မုန့်များယူဆောင်သွား​ကြောင်း ဒေသခံသတင်းရင်းမြစ်များက ပြောသည်။

(ရန်ကုန်မြို့၌ စစ်အာဏာရှင်ဆန့်ကျင် ရေးဆန္ဒပြသူများအား အာဏာသိမ်းစစ် ကောင်စီ၏ တပ်သားများက လိုက်လံပစ်ခတ်ဖြိုခွင်း နေသည်ကို ၂၀၂၁မတ်လက တွေ့ရစဥ်။ ဓာတ်ပုံ - Ye Naung Seven Colour)
(ရန်ကုန်မြို့၌ စစ်အာဏာရှင်ဆန့်ကျင် ရေးဆန္ဒပြသူများအား အာဏာသိမ်းစစ် ကောင်စီ၏ တပ်သားများက လိုက်လံပစ်ခတ်ဖြိုခွင်း နေသည်ကို ၂၀၂၁မတ်လက တွေ့ရစဥ်။ ဓာတ်ပုံ - Ye Naung Seven Colour)

ကျော်ဇော/People’s Spring

တနင်္သာရီမြို့နယ်၊ ဇဝဲကျေးရွာအုပ်စုတွင် စစ်ကောင်စီတပ်သားနှစ်ဦးက စျေးဆိုင်တစ်ဆိုင် ဝင်ရောက် အနှကြမ်းစီးပြီး ငွေသားနှင့် ကုန်ပစ္စည်းအချို့ကို အတင်းအဓမ္မယူငင်သွားကြောင်း ဒေသခံသတင်းရင်းမြစ်များက လူထုနွေဦးသို့ ပြောသည်။

ယမန်နေ့(ဒီဇင်ဘာ ၁၄ ရက်)ည ၁၁ နာရီခန့်က ထန်းပင်ကုန်းကျေးရွာရှိ ဦးဖေချစ်နှင့် ဒေါ်မလှိုင် တို့၏ နေအိမ်ဈေးဆိုင်သို့ စစ်ကောင်စီတပ်သားနှစ်ဦး လက်နက်အပြည့်အစုံဖြင့် လာရောက်ကာ ဆိုင်ရှင်လင်မယားအား သေနတ်ဖြင့်ချိန်ရွယ်၍ ခြိမ်းခြောက် အနှကြမ်းစီးသွားခြင်းဟု သတင်းရင်း မြစ်များက ပြောသည်။

အဆိုပါ စစ်ကောင်စီတပ်သားနှစ်ဦးသည် ဆိုင်ရှင်လင်မယားထံမှ လက်ကိုင်ဖုန်း(၂)လုံး၊ ငွေကျပ်သုံးသိန်းအပါအဝင် ဆိုင်ရှိအချိုရည်ဘူးများနှင့် မုန့်များယူဆောင်သွား​ကြောင်း ဒေသခံသတင်းရင်းမြစ်များက ပြောသည်။

Public Service Announcement

Public Service Announcement

“သေနတ်တွေနဲ့ချိန်ပြီး ခြိမ်းခြောက်တာပါ။ အရင်က ခုလို(ဓားပြတိုက်မှု)တခါမှ မကြားဖူးဘူး”ဟု ဒေသခံတစ်ဦးက ပြောသည်။

စျေးဆိုင်အနှကြမ်းစီးခံရမှုဖြစ်ပွားခဲ့သည့် ထန်းပင်ကုန်းကျေးရွာမှာ စစ်ကောင်စီ​၏ ခမရ (၅၅၆)တပ်ရင်းအခြေစိုက်ရာ ဇဝဲကျေးရွာနှင့် (၆)ဖာလုံခန့်အကွာ၌တည်ရှိပြီး ယင်းတပ်ရင်းမှ စစ်ကာင်စီတပ်သားများ နေ့ညမရွေး ဝင်ထွက်သွားလာနေသည့် ကျေးရွာတစ်ရွာလည်းသည်။

လတ်တလောတွင်လည်း ခမရ(၅၅၆)တပ်ရင်းမှ စစ်ကောင်စီတပ်သား ၁၀၀ခန့်သည် ထန်းပင်းကုန်းရွာအနီးဝန်းကျင်နှင့် ဘန်းလမွတ်ရွာ၊ ရမ်းဖိုရွာစသည့် ကျေးရွာများအနီး တပ်ဖျောက်၍ ကင်းပုန်းများဝပ်နေသည်မှာ တစ်ပတ်ခန့်ရှိပြီဖြစ်ကြောင်း စုံစမ်းသိရသည်။

ဆက်စပ်သတင်းများ

သတင်း

ဒီဇင်ဘာလ ၁၁ ရက် နံနက် ၁၀ နာရီခန့်က မီးကောက်ပင်အုပ်စု၊ ဒိုးနွယ်ကျေးရွာသို့ ပေါ်တာဆွဲရန်လာသည်ဆိုသော စစ်ကောင်စီတပ်သားများနှင့် ပျူစေားထီးများအား ရှေ့ထွက်မိုင်းဖြင့် တိုက်ခိုက်ခဲ့ခြင်းဟု ဆိုသည်။

သတင်း

မြင်းခြံမြို့နယ်မြောက်ပိုင်းတွင် ပြီးခဲ့သည့် နိုဝင်ဘာလအတွင်းက ဒေသတွင်းတော်လှန်ရေးအဖွဲ့များ စိုးမိုးထားသည့်ကျေးရွာအချို့၌ တိုက်ပွဲများဖြစ်ပွားခဲ့သေးသည်။

သတင်း

တိုက်ပွဲအတွင်း စစ်သုံ့ပန်း တစ်ဦး နှင့် လက်နက်ခဲယမ်းအချို့ သိမ်းဆည်းရမိခဲ့ပြီး စစ်သားအလောင်း(၇)လောင်းခန့် သိမ်းဆည်းရမိခဲ့ကြောင်း မန္တလေး PDFက အသိပေးသည်။

သတင်း

ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပကဖ)များပူးပေါင်း၍ ထားဝယ်ခရိုင်တပ်ပေါင်းစုကို ဖွဲ့စည်းလိုက်ကြောင်း နိုဝင်ဘာ ၂၄ရက်တွင် ထုတ်ပြန်ကြေညာခဲ့သည်။

Facebook