close
Connect with us

Hi, what are you looking for?

သတင်း

အာဏာသိမ်းမှုနောက်ပိုင်းမြန်မာ့ဘိန်းထုတ်လုပ်မှု ပထမဆုံးအကြိမ် ကျရိပ်ပြ

စစ်အာဏာသိမ်းမှုနောက်ပိုင်း တောက်လျှောက် အတက်ပြနေရာကနေ မြန်မာနိုင်ငံရဲ့ နှစ်အလိုက် ဘိန်းထုတ်လုပ်မှုဟာ ပထမဆုံးအကြိမ် အကျဖက်ကို ပြန်ဦးတည်ခဲ့ပါတယ်။

(၂၀၂၃ ခုနှစ်မှစ၍ မြန်မာနိုင်ငံဟာ ကမ္ဘာ​ပေါ်မှာ ဘိန်းစိုက်ပျိုးထုတ်လုပ်မှုအများဆုံးနိုင်ငံဖြစ်လာပါတယ် ။ဓါတ်ပုံ-AFP)
(၂၀၂၃ ခုနှစ်မှစ၍ မြန်မာနိုင်ငံဟာ ကမ္ဘာ​ပေါ်မှာ ဘိန်းစိုက်ပျိုးထုတ်လုပ်မှုအများဆုံးနိုင်ငံဖြစ်လာပါတယ် ။ဓါတ်ပုံ-AFP)

▪︎ကမ္ဘာ​ပေါ်တွင် ဘိန်းစိုက်ပျိုးထုတ်လုပ်မှုအများဆုံးနိူင်ငံအဖြစ် မြန်မာဆက်လက်ရပ်တည်

-People’s Spring

ကုလသမဂ္ဂရဲ့ ဒီဇင်ဘာ ၁၂ ရက်နေ့ အစီရင်ခံစာ တစ်စောင်အရ မြန်မာမှာ ဘိန်းထုတ်လုပ်မှုဟာ ၂၀၂၁ ခုနှစ်နောက်ပိုင်း အကျဖက် ပြန်ဦးတည်ခဲ့တဲ့တိုင် ကမ္ဘာ့ ဘိန်းထုတ်လုပ်မှု အမြင့်ဆုံး နိုင်ငံစာရင်းမှာ ဆက်လက် ရပ်တည်နေဆဲလို့ သိရပါတယ်။

ဘိန်းခင်းတွေဟာ မြန်မာနိုင်ငံရဲ့ ဝေးလံသီခေါင်ပြီး အာဏာပိုင်တွေ လက်လှမ်းမီဖို့ခက်တဲ့ နယ်စပ် အစွန်အဖျား ဒေသတွေမှာ အပြိုင်းအရိုင်း ရှင်သန်ကြီးထွားနေနိုင်ပြီး ဘိန်းစိုက်တဲ့ တချို့သော တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့တွေနဲ့ ရာဇဝတ်ဂိုဏ်းတွေဟာ ဟီးရိုးအင်း ဘိန်းဖြူတွေ ချက်လုပ်ပြီး နိုင်ငံတကာ မှောင်ခို စျေးကွက်ထဲ တင်ပို့​နေကြတယ်လို့ကုလသမဂ္ဂရဲ့ မူးယစ်ဆေးဝါးနဲ့ ရာဇဝတ်မှုဆိုင်ရာ အေဂျင်စီ-UNODCကဆိုပါတယ်။

ဒေသဆိုင်ရာအာဏာပိုင်တွေကလည်း ဒေါ်လာ ဘီလီယံနဲ့ချီ တန်ဖိုးရှိတဲ့ အဲဒီ စီးပွားရေး လုပ်ငန်းတွေနဲ့ ပတ်သက်ရင် မျက်ကွယ်ပြုပေးထားတယ်လို့ ကုလသမဂ္ဂ အစီရင်ခံစာက ဆိုပါတယ်။

Public Service Announcement

Public Service Announcement

အာဖဂန် နစ္စတန်မှာ တာလီဘန် အစိုးရက ဘိန်းစိုက်ပျိုး ထုတ်လုပ်မှုကို အင်တိုက်အားတိုက် နှိမ်နင်းခဲ့တဲ့နောက် ၂၀၂၃ ခုနှစ်ကစလို့ မြန်မာဟာ ကမ္ဘာပေါ်မှာ ဘိန်းထုတ်လုပ်မှုအများဆုံး နိုင်ငံအဖြစ် ပြိုင်ဘက်မရှိ ဦးဆောင်လာခဲ့ပါတယ်။ မနှစ်တုန်းက မြန်မာနိုင်ငံမှာ ဘိန်း ၁၀၈၀ တန်လောက် ထွက်ရှိခဲ့တယ်လို့ ကုသလမဂ္ဂက ခန့်မှန်းခဲ့ပါတယ်။

အခုနှစ်မှာတော့ မြန်မာဟာ ဘိန်း ၉၉၅ တန် စိုက်ပျိုးထုတ်လုပ်ခဲ့တယ်လို့ UNODCက ပြောပါတယ်။

အခုလို လျော့ကျလာတယ် ဆိုတာကလည်း ပုံမှန်အားဖြင့် ဘိန်းကို အလုံးအရင်း စိုက်ပျိုးထုတ်လုပ်ရာ နယ်မြေတွေမှာ စစ်ရေး ပဋိပက္ခတွေ အရှိန်ပြင်းပြင်း ပျံ့နှံ့ ရောက်ရှိလာခြင်းနဲ့ တိုက်ရိုက် ဆက်စပ်နေတယ်လို့ UNODCရဲ့ သုတေသန အရာရှိ အင်ရှစ်ခ်ဆင်မ်က ဒီဇင်ဘာ ၁၂ ရက်နေ့မှာ ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့မှာ ကျင်းပတဲ့ သတင်းစာ ရှင်းလင်းပွဲ တစ်ခုမှာ မှတ်ချက်ပေးသွားခဲ့ပါတယ်။

မြန်မာနိုင်ငံမှာ ဘိန်းစိုက်ပျိုး ထုတ်လုပ်မှု အများဆုံး ဒေသကတော့ ရှမ်းပြည်နယ်ဖြစ်ပြီး တစ်နိုင်ငံလုံးစာ ဘိန်းထွက်ရှိမှုရဲ့ ၈၀ ရာခိုင်နှုန်းလောက် အကျုံးဝင်နေပါတယ်။ အခုနှစ်မှာတော့ ရှမ်းပြည်နယ်မှာ စစ်ပွဲတွေ ပိုမို ကြုံတွေ့လာပြီး ဘိန်းစိုက်တောင်သူ တော်တော်များများဟာ သူတို့ရဲ့ စိုက်ခင်းတွေကို စွန့်ပစ်ပြီး စစ်ရှောင်ခဲ့ကြရတယ်လို့မြန်မာ့ ဘိန်း စစ်တမ်း ၂၀၂၄ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

နယ်စပ် အစွန်အဖျား ဒေသတွေဆီ သွားလာရေး ခက်ခဲတာနဲ့ သာမန်ထက် ပိုမို ကြမ်းတမ်းခဲ့တဲ့ မုတ်သုံမိုးရာသီတွေကလည်း ဘိန်းအထွက် လျော့ကျမှုရဲ့ နောက်ထပ် အကြောင်းတရားတွေ ဖြစ်နိုင်တယ်လို့ ဆိုပါတယ်။

အာဏာသိမ်းမြန်မာစစ်တပ်ရဲ့ ပြည်ထဲရေး ဝန်ကြီးဌာနကတော့ အာဏာပိုင်တွေဟာ ဘိန်းခင်းတွေကို ရှာဖွေဖော်ထုတ် ဖျက်ဆီးရာမှာ ကြီးမားတဲ့ စိန်ခေါ်မှုတွေ ရင်ဆိုင်နေရတယ်လို့ ပြောကြားထားကြောင်းလည်း သိရပါတယ်။

ကိုးကား: AFP

ဆက်စပ်သတင်းများ

နိုင်ငံတကာ

ဘိန်းထုတ်လုပ်မှု သိသိသာသာ လျော့ကျသွားပေမယ့် အာဖဂန်နစ္စတန် နိုင်ငံ ပိုင်နက်ထဲမှာ ဘိန်းသိုလှောင်မှု အမြောက်အမြား ရှိနေဆဲလို့ ကုလသမဂ္ဂက ဆိုပါတယ်။

သတင်း

ဘိန်းအများဆုံးစိုက်ပျိုး​သော​ဒေသမှ ရှမ်းပြည်နယ် ဖြစ်ပြီး စိုက်ပျိုးမှု အားလုံး၏ ၃၉ ရာခိုင်နှုန်းအထိ့ရှိသည်။ရှမ်းပြည်နယ်ပြီးလျှင် ချင်းပြည်နယ်တွင် ၁၄ ရာခိုင်နှုန်း ၊ကယားပြည်နယ်တွင် ၁၁ ရာခိုင်နှုန်း ၊ကချင်ပြည်နယ်တွင် ၃ ရာခိုင်နှုန်း ဖြစ်​ကြောင်း UNODC က​ဖော်ပြသည်။