close
Connect with us

Hi, what are you looking for?

သတင်း

စစ်ကောင်စီကို လူမှုကွန်ရက်မှာ ဆန့်ကျင်ရေးသားပြောဆိုမှုတွေကြောင့် လူ ၁,၈၀၀ ကျော်ဖမ်းခံရ

ဖမ်းခံရသူတွေထဲမှာ အရပ်သားပြည်သူတွေအပြင် သရုပ်ဆောင်တွေ ၊ အဆိုတော်တွေနဲ့ သတင်းမီဒီယာ သမားတွေ လည်းပါဝင်ခဲ့ပါတယ်။

၂၀၁၈ ခုနှစ်အတွင်း စစ်တပ်ရဲ့ စစ်ရေးလေ့ကျင့်မှုမြင်ကွင်း (ပုံဟောင်း)
၂၀၁၈ ခုနှစ်အတွင်း စစ်တပ်ရဲ့ စစ်ရေးလေ့ကျင့်မှုမြင်ကွင်း (ပုံဟောင်း)

ဆိုင်းမင်း/People’s Spring

အာဏာသိမ်း ကာလ သုံးနှစ်ကျော် အတွင်း လူမှုကွန်ရက်မှာ စစ်တပ်ကို ဆန့်ကျင်ဝေဖန်တာ ၊ တော်လှန်ရေးအင်အားစုတွေကို ထောက်ခံအား ပေးတဲ့အရေးအသားတွေကြောင့် လူ ၁ ,၈၀၀ ကျော် ဖမ်းဆီးခံခဲ့ရတယ်လို့ Data for Myanmar အဖွဲ့က ဒီဇင်ဘာ ၃ ရက်မှာ စာရင်းထုတ်ပြန်ပါတယ်။

မြို့ပေါင်း ၂၂၃ မြို့က အရပ်သားပြည်သူ ၁,၈၄၀ ဦးထိ ဖမ်းခံရတာဖြစ်ပြီး ၂၀၂၂ ခုနှစ်နဲ့ ၂၀၂၃ ခုနှစ်တွေအတွင်းအများဆုံး အဖမ်း ခံရတာလို့သိရပါတယ်။ ဖမ်းခံရသူ တွေထဲမှာ အမျိုးသမီး ၆၅၇ဦး ၊ အမျိုးသား ၁,၁၈၃ဦးပါဝင်ပါတယ်။

ဖမ်းခံရသူဦးရေအများဆုံးဒေသတွေကတော့ ရန်ကုန်နဲ့ မန္တလေး က ဖြစ်တယ်လို့ Data for Myanmar အဖွဲ့ ရဲ့စာရင်းမှာပါရှိပါတယ်။ ရန်ကုန်နဲ့ မန္တလေးမှာတင် ဖမ်းခံရသူဦးရေ က ၈၉၆ ဦးထိရှိခဲ့တာပါ။

Public Service Announcement

Public Service Announcement

စစ်ကောင်စီက ပြည်တွင်းမှာ လူသုံးများတဲ့ ဖေ့ဘွတ်ခ် ၊ တစ်တော့ ၊ တယ်လီဂရမ် လူမှုကွန်ရက်တွေ စောင့်ကြည့်ပြီး စစ်တပ်ကို ဆန့်ကျင်ရေးသားသူတွေ ၊ တော်လှန်ရေးတပ်ဖွဲ့တွေ ကို အားပေးထောက်ခံသူတွေ ဖမ်းခံခဲ့ရတာရှိပါတယ်။

ဒါအပြင် စစ်ဆေးဂိတ်တွေမှာ လက်ကိုင်ဖုန်းတွေကို စစ်ဆေးရာမှာ လူမှုကွန်ရက်က ရေးသား ၊ မျှဝေတာတွေကို အကြာင်းပြပြီး ဖမ်းဆီးတာတွေ လည်းရှိပါသေးတယ်။

ဖမ်းခံရသူတွေထဲမှာ အရပ်သားပြည်သူတွေအပြင် သရုပ်ဆောင်တွေ ၊ အဆိုတော်တွေနဲ့ သတင်းမီဒီယာ သမားတွေ လည်းပါဝင်ခဲ့ပါတယ်။

ဓာတ်ပုံ – စစ်ကောင်စီ

ဆက်စပ်သတင်းများ

သတင်း

ကျင့်ဝတ်မဲ့စွာ မြန်မာ့ပြည်တွင်းရေးကို ဝင်ရောက်စွက်ဖက်နေသည့် တရုတ်နိုင်ငံ၏ လုပ်ရပ်အပေါ် NUG အပါအဝင် တော်လှန်ရေးအင်အားစုများက လက်မခံကြောင်း ထုတ်ဖော် အသိပေးထားသည်။

သတင်း

ဒဏ်ရာရသူ လေးဦးလည်းရှိပြီး ခြေချောင်းလေးချောင်းပြတ်သွားသူနဲ့ တံ​ထောင်စစ်အောက်နေ လက်ပြတ်သွားသူတွေလည်းရှိတယ်လို့ ဆိုပါတယ်။

သတင်း

လက်ရှိတွင် မံစီမြို့ကို KIAက ထိန်းချုပ်ထားသလို ဗန်းမော်မြို့အနီးရှိ မိုးမောက်မြို့တွင်လည်း KIAက နယ်မြေစိုးမိုးမှုရယူထားသည်။

သတင်း

ဒေသတွင်းအခြေအနေကိုစောင့်ကြည့်နေသည်ဟု ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသမှ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့အချို့ကပြောသည်။