close
Connect with us

Hi, what are you looking for?

သတင်း

စစ်ကောင်စီခေါင်းဆောင်ခရီးစဉ်ရှိလို့ ပြင်ဦးလွင်မြို့ရဲ့ လုံခြုံရေးတင်းကြပ်

အခုနှစ် ဧပြီလအတွင်း ကတော့ DSA မှာ ပြုလုပ်တဲ့ သင်္ကြန်ပွဲ ကို တက်ရောက်ဖို့ စစ်ကောင်စီခေါင်းဆောင် ပြင်ဦးလွင်ကိုရောက်နေချိန် DSA ကို ရှော့တိုက်ဒုံးနဲ့ ပစ်ခတ်တိုက်ခိုက်ခံရတဲ့ဖြစ်စဉ် ဖြစ်ခဲ့ပါတယ်။

ဓာတ်ပုံ - စစ်ကောင်စီပြန်ကြားရေး
ဓာတ်ပုံ - စစ်ကောင်စီပြန်ကြားရေး

ဆိုင်းမင်း/People’s Spring

မန္တလေး ၊ ပြင်ဦးလွင်မြို့ဆီ စစ်ကောင်စီ ခေါင်းဆောင် လာရောက်ဖို့ ရှိတဲ့အတွက် မြို့အဝင်အထွက် စစ်ဆေးရေးဂိတ်တွေမှာ လုံခြုံရေး တင်းတင်းကြပ်ကြပ် စစ်ဆေးနေတယ်လို့ မြို့ခံတွေဆီကသိရပါတယ်။

စစ်တက္ကသိုလ် (DSA) ကျောင်းဆင်းပွဲ ဒီဇင်ဘာလ ပထမ ပတ်အတွင်း ပြုလုပ်ဖို့ရှိနေပြီး စစ်ကောင်စီခေါင်းဆောင် တက်ရောက်ဖို့ ရှိတာကြောင့် မြို့လုံခြုံရေးကို နိုဝင်ဘာလကုန်ပိုင်းကစတင် တိုးမြှင့်လာတာလို့သိရပါတယ်။

” မီးပွိုင့်လိုနေရာမျိုးတွေ၊ လမ်းကြားနေရာတွေမှာ ရဲအင်အားများများချထားတယ်” လို့ ပြင်ဦးလွင်မြို့ ၊ နာရီစင်အနီးနေထိုင်တဲ့ အသက် ၄၀အရွယ်အမျိုးသားတစ်ဦးကပြောပါတယ်။

Public Service Announcement

Public Service Announcement

ပြင်ဦးလွင်မြို့အဝင် အနီးစခန်းစစ်ဆေးရေးဂိတ်၊ ဇီးပင်ကြီး စစ်ဆေးရေးဂိတ်နဲ့ ၁၆မိုင် စစ်ဆေးရေးဂိတ်တွေမှာ အဓိကထားစစ်နေသလို မြို့လည်းပတ်ပတ်လည်မှာလည်းကင်းပုန်းတွေ ချထားတယ်လို့ သိရပါတယ်။

ဒါ့အပြင် မန္တလေး – ပြင်ဦးလွင် လမ်းပိုင်းကို ယာဉ်အမျိုးအစားပေါ်မူတည်ပြီး သွားလာခွင့်ကန့်သတ်ပိတ်ပင်ထားပါသေးတယ်။ ဘေးတွဲဆိုင်ကယ်တွေ ၊ အုတ် ၊သဲကျောက် တင်တဲ့ ထရပ်ကားတွေကို သွားလာခွင့် ကန့်သတ်ထားတာပါ။

အခုနှစ် ဧပြီလအတွင်း ကတော့ DSA မှာ ပြုလုပ်တဲ့ သင်္ကြန်ပွဲ ကို တက်ရောက်ဖို့ စစ်ကောင်စီခေါင်းဆောင် ပြင်ဦးလွင်ကိုရောက်နေချိန် DSA ကို ရှော့တိုက်ဒုံးနဲ့ ပစ်ခတ်တိုက်ခိုက်ခံရတဲ့ဖြစ်စဉ် ဖြစ်ခဲ့ပါတယ်။

ဓာတ်ပုံ – စစ်ကောင်စီပြန်ကြားရေး

ဆက်စပ်သတင်းများ

သတင်း

စစ်ကောင်စီတပ်သည် သံဃာတော်များလိုက်ပါလာသည့် ကားအားပစ်ခတ်ပြီး PDFနှင့် KNDFတို့က လုပ်ဆောင်သည်ဟု ဝါဒဖြန့်နေကြောင်း PNLAပြောရေးဆိုခွင့်ရှိသူ ခွန်ရိန်းယံက ပြောသည်။

သတင်း

နိုဝင်ဘာ ၂၂ရက်ကလည်း KNLAပူးပေါင်းတပ် သိမ်းရထားသည့် စစ်ကောင်စီ၏ မထောစစ်စခန်းအား နယ်မြေရှင်းလင်းစဉ် ၈၁ မမ လက်နက်ကြီး တစ်လက်ထပ်မံသိမ်းဆည်းရရှိခဲ့ကြောင်း အသိပေးသည်။

သတင်း

စစ်ကောင်စီဘက်မှ ကသည်းသူပုန် သုံးဦးသေဆုံးပြီး တစ်ဦးအရှင်ဖမ်းမိခဲ့သည်။ အဆိုပါတိုက်ပွဲတွင် PDF သုံးဦးလည်း ကျဆုံးခဲ့သည်။

သတင်း

ပြီးခဲ့သည့် ရက်ပိုင်းအတွင်းက ပွင့်ဖြူနှင့် စေတုတ္တရာမြို့နယ်အစပ်ကို စစ်တပ်က စစ်ကြောင်းထိုးပြီး ဒေသခံပြည်သူ တစ်ဦးအား သတ်ဖြတ်သွားခဲ့သည်။

Facebook