close
Connect with us

Hi, what are you looking for?

သတင်း

ပုတီးကုန်းမြို့တွင် စစ်ကောင်စီခန့်အုပ်ကြီးတစ်ဦးပစ်ခတ်ခံရပြီး ဆေးရုံရောက်

ပဲခူးတိုင်း၊ သဲကုန်းမြို့နယ်၊ ပုတီးကုန်းမြို့တွင် သန်းခေါင်စာရင်းကောက်ယူရာတွင် ကူညီပါဝင်နေသည်ဆိုသည့် စစ်ကောင်စီခန့် အုပ်ချုပ်ရေးမှူးတစ်ဦးကို ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း ပြည်ခရိုင်တပ်ရင်း(၃၆၀၁)မှ ဆက်သွယ်ရေးနှင့် ပြန်ကြားရေးတာဝန်ခံက ပြောသည်။

ပစ်ခတ်ခံရသော စစ်ကောင်စီအုပ်ကြီး မင်းသွင် ဆိုသူအားတွေ့ရစဥ်။ ဓာတ်ပုံ - ပေးပို့

ကျော်ဇော/People’s Spring

ပဲခူးတိုင်း၊ သဲကုန်းမြို့နယ်၊ ပုတီးကုန်းမြို့တွင် သန်းခေါင်စာရင်းကောက်ယူရာတွင် ကူညီပါဝင်နေသည်ဆိုသည့် စစ်ကောင်စီခန့် အုပ်ချုပ်ရေးမှူးတစ်ဦးကို ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း ပြည်ခရိုင်တပ်ရင်း(၃၆၀၁)မှ ဆက်သွယ်ရေးနှင့် ပြန်ကြားရေးတာဝန်ခံက ပြောသည်။

အောက်တိုဘာ ၅ ရက် ည ၇နာရီခန့်က ပုတီးကုန်းမြို့၊ ဝင်းဘရားသားရပ်ကွက်မှ စစ်ကောင်စီအုပ်ကြီး မင်းသွင်ဆိုသူအား အလှူခံမဏ္ဍအတွင်းရှိနေစဥ် တပ်ရင်း ၃၆၀၁၊ တပ် ခွဲ(၅)မှရဲဘော်များက ဝင်ရောက်ပစ်ခတ်ခဲ့ခြင်း ဖြစ်သည်။

Public Service Announcement

Public Service Announcement

ပစ်ခတ်ခံရမှုကြောင့် အုပ်ချုပ်ရေးမှူး မင်းသွင် ပစ်ခတ်ခံရပြီး ရွှေတောင်ကုတင်(၁၀၀)ဆေးရုံသို့ ပို့ဆောင်ခဲ့သော်လည်း အခြေနေမဟန်၍ ရန်ကုန် ဆေးရုံကြီးသို့ ထပ်မံပြောင်းရွှေ့လိုက်ရကြောင်း တပ်ရင်း (၃၆၀၁)မှ ပြန်ကြားရေးတာဝန်ခံက ပြောသည်။

“နောက်ဆက်တွဲအနေနဲ့က ရန်ကုန်ဆေးရုံကို ထပ်ပြောင်းလိုက်ရတယ်ဆိုတာပဲ သိရသေးတယ်။ သေဆုံးခြင်းရှိ မရှိဆိုတာကိုတော့ အ တည်မပြုနိုင်သေးဘူးဗျ”ဟု ၎င်းက ဆက်ပြောသည်။

ပစ်ခတ်ခံရသော အုပ်ချုပ်ရေးမှူးမင်းသွင်မှာစစ်တပ်အငြိမ်းစားတစ်ဦးဖြစ်ပြီး စစ်ကောင်စီနှင့်ပေါင်းကာ ပြည်သူများကို စစ်မှုထမ်းရန် အတင်း အဓမ္မခေါ်ဆောင်ခြင်း၊ ငွေကြေးများကောက် ခံခြင်း၊ ပေါ်တာဆွဲရာတွင် စစ်ကောင်စီနှင့်အ တူလိုက်ပါခြင်း၊ သန်းခေါင်စာရင်းကောက် ယူရာတွင် အားတက်သရောလုပ်ဆောင်ပေးနေသူဖြစ်သည်ဟု တပ်ရင်း(၃၆၀၁)က အသိပေးသည်။

ပဲခူးတိုင်း၊ ပြည်ခရိုင်အတွင်း စစ်ကောင်စီအလိုကျလုပ်ဆောင်နေသည့် ရပ်ကျေးအုပ်ချုက်ရေးမှူများအား ပစ်ခတ်အရေးယူမှုများလုပ်ဆောင်လျှက်ရှိရာ စက်တင်ဘာ ၂၆ ရက်ကလည်း ပေါင်းတည်နယ်၊ မှတ္တိုင်တိုက်နယ်၊ ရွာသစ်ကြီးအုပ်စု၊ ​အုပ်ချုပ်ရေးမှူး တင်ဦးဆိုသူအား တော်လှန်ရေးရဲဘော်များက ပစ်ခတ်ရှင်းလင်းခဲ့သေးသည်။

ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များအနေ့ဖြင့်စစ်ကောင်စီတပ်ဖွဲ့ဝင်စစ်သား၊ ရဲ၊ ရပ်/ကျေးအုပ်ချုပ်ရေးမှူးများနှင့် သန်းခေါင်စာရင်းကောက်ယူပေးနေသော ဌာနဆိုင်ရာဝန်ထမ်းများကို စစ်ရေးပစ်မှတ်အဖြစ် အဓိကထားအရေးယူဆောင်ရွက်နေပြီဖြစ်ကြောင်းအသိပေးထုတ်ပြန်ထားသည်။

ဆက်စပ်သတင်းများ

News

ပုတီးကုန်းကျေးရွာတွင် အကြမ်းဖက်စစ်ကောင်စီမှ ကျေးရွာအုပ်ချုပ်ရေးမှူးအဖြစ်ခန့်အပ်ထားသည့် အများပြည်သူမှ အကြီးစားဒလန်ဟု သတ်မှတ်ထားသူ ဒလန်ထွန်းထွန်းအား ဖောင်းဒိုင်းခဲ့ပါသည်ဟု ထုတ်ပြန်သည်။