close
Connect with us

Hi, what are you looking for?

သတင်း

တူညီဆန္ဒ ၅ရပ်အတိုင်း ဆက်လက်လုပ်ဆောင်မည်ဟု အာဆီယံခေါင်းဆောင်များ ဆုံးဖြတ်

စစ်ခေါင်းဆောင်နှင့် ၎င်း၏နိုင်ငံခြားရေးဝန်ကြီးကို လာမည့်ထိပ်သီးညီလာခံနှင့်အစည်းအဝေးများတွင် ဆက်လက်ပိတ်ပင်

အီယိုရီ/People’s Spring

မြန်မာ့နိုင်ငံရေးပဋိပက္ခကို ဖြေရှင်းရန် အာဆီယံ၏ တူညီဆန္ဒ ၅ရပ်ကို အဓိကကိုးကားမှုအဖြစ် ဆက်လက်ထိန်းသိမ်းရမည်ဟု အာဆီယံခေါင်းဆောင်များက ဆုံးဖြတ်သည်။

လာအိုနိုင်ငံ ဗီယန်ကျင်းမြို့၌ ကျင်းပခဲ့သော (၄၄)ကြိမ်မြောက် အာဆီယံထိပ်သီးညီလာခံအတွင်း အောက်တိုဘာ ၉ရက်တွင် တူညီဆန္ဒ ၅ရပ် အကောင်အထည်ဖော်မှုအပေါ် ခေါင်းဆောင်များ၏ ပြန်လည်သုံးသပ်ချက်နှင့် ဆုံးဖြတ်ချက်များကို ထုတ်ပြန်ခဲ့ခြင်းဖြစ်သည်။

မြန်မာ့နိုင်ငံရှိ ပါဝင်ပတ်သက်သူနှင့် ဘက်အားလုံး အထူးသဖြင့် စစ်တပ်နှင့် သက်ဆိုင်ရာလုံခြုံရေးတပ်ဖွဲ့အားလုံးအနေဖြင့် အရပ်သားများနှင့် အများပြည်သူနေရာများအား ပစ်မှတ်ထားတိုက်ခိုက်မှု ရပ်တန့်ရန်၊ အကြမ်းဖက်မှုလျှော့ချရန် အာဆီယံခေါင်းဆောင်များက တိုက်တွန်းသည်။

Public Service Announcement

Public Service Announcement

အာဆီယံအထူးကိုယ်စားလှယ်အနေဖြင့် အားလုံးပါဝင်သော နိုင်ငံအဆင့်တွေ့ဆုံဆွေးနွေးပွဲကျင်းပနိုင်ရေး ရည်ရွယ်ကာ ယုံကြည်မှုတည်ဆောက်ရန် မြန်မာနိုင်ငံရှိ သက်ဆိုင်ရာပါဝင်ပတ်သက်သူအားလုံးနှင့် ဆက်လက်ထိတွေ့ဆက်ဆံမည်ဟု ဆိုသည်။

ထို့အပြင် အာဆီယံဥက္ကဌဦးဆောင်မှုဖြင့် အာဆီယံ၏ လုပ်ဆောင်နေဆဲ ကြိုးပမ်းအားထုတ်မှုများနှင့် လက်ရှိ၊ ယခင်နှင့် လာမည့် အာဆီယံဥက္ကဌများပါဝင်မှုဖြင့် အလွတ်သဘော ဆွေးနွေးမှုများမှတဆင့်အပါအဝင် အခြားသော သင့်တော်ရာချဥ်းကပ်မှုများကိုလည်း တိုးမြှင့်လုပ်ဆောင်ရန် ခေါင်းဆောင်များက ဆုံးဖြတ်သည်။

ယင်းနောက် အာဆီယံထိပ်သီးညီလာခံနှင့် အာဆီယံနိုင်ငံခြားရေးဝန်ကြီးများအစည်းအဝေးများတွင် မြန်မာနိုင်ငံမှ နိုင်ငံရေးမသက်ဆိုင်သော ကိုယ်စားလှယ်(non-political representation)ကိုသာ တက်ရောက်ခွင့်ပြုရန် ဆုံးဖြတ်ချက်ကို ဆက်လက်ကိုင်စွဲရန် ခေါင်းဆောင်များက ဆုံးဖြတ်သည်။ ထို့အတွက် အာဏာသိမ်းစစ်ခေါင်းဆောင် မင်းအောင်လှိုင်နှင့် စစ်ကောင်စီနိုင်ငံခြားရေးဝန်ကြီးတို့မှာ အာဆီယံထိပ်သီးညီလာခံနှင့် နိုင်ငံခြားရေးဝန်ကြီးများအစည်းအဝေးများတွင် တက်ရောက်ခွင့်ရမည်မဟုတ်ပေ။

မြန်မာအရပ်ဘက်လူထုအဖွဲ့အစည်းများက အာဆီယံအနေဖြင့် တူညီဆန္ဒ ၅ရပ်ကို ကျော်လွန်လုပ်ဆောင်ရန်အပြင် တရားမဝင် စစ်အုပ်စုနှင့် ထိတွေ့ဆက်ဆံမှုများအားလုံး ဖြတ်တောက်ရန် တောင်းဆိုထားသည်။

အာဆီယံခေါင်းဆောင်များအနေဖြင့် စစ်အုပ်စုနှင့် စီးပွားရေးအရ ပတ်သက်ဆက်နွှယ်မှုအားလုံး၊ စစ်အုပ်စု၏ အတုအယောင် ရွေးကောက်ပွဲအစီအစဉ်အတွက် အကူအညီပေးမှုအားလုံး အပါအဝင် မြန်မာစစ်အုပ်စုနှင့် ထိတွေ့ဆက်ဆံမှုများအားလုံးကို ရပ်တန့်ရမည်ဟု တိုက်တွန်းသည်။

ထို့အပြင် အာဆီယံသည် အမျိုးသားညီညွတ်ရေးအစိုးရ NUG ၊ အမျိုးသားညီညွတ်ရေးအတိုင်ပင်ခံကောင်စီ NUCCနှင့် တိုင်းရင်းသားတော်လှန်ရေးအဖွဲ့အစည်းများ အပါအဝင် မြန်မာပြည်သူများ၏ ကိုယ်စားပြုမှုနှင့် တရားဝင်မှု ရှိသော ကိုယ်စားလှယ်များ၊ အစိုးရအဖွဲ့အစည်းများကို ထိတွေ့ဆက်ဆံပြီး နိုင်ငံအရေး အထောက်အကူများ ပေးအပ်ရန်၊ အာဏာဖီဆန်ရေးလူထုလှုပ်ရှားမှုမှ ပညာရှင်ကွန်ရက်များနှင့် ပြည်သူလူထု ဦးဆောင်သော အုပ်ချုပ်မှုယန္တရားပုံစံများ အပါအဝင် ဒေသခံပြည်သူများ ဦးဆောင်သော အရပ်ဘက်လူထု အဖွဲ့အစည်းများ၊ လူထုအခြေပြုအဖွဲ့အစည်းများနှင့် ပူးပေါင်းဆောင်ရွက်ရန် မြန်မာအရပ်ဘက်လူထုအဖွဲ့အစည်းများက တောင်းဆိုထားသည်။

ဆက်စပ်သတင်းများ

သတင်း

အာဆီယံ ထိပ်သီး အစည်းအဝေးကို လာအိုနိုင်ငံ၊ ဗီယန်ကျန်းမြို့မှာ စတင် ကျင်းပနေတဲ့နောက် ထိုင်းနိုင်ငံဟာ မြန်မာ့ ပြည်တွင်းပဋိပက္ခကို ဖြေရှင်းဖို့ ချဉ်းကပ်မှု ပုံစံသစ် တစ်ခုကို တင်ပြခဲ့တယ်လို့ သိရပါတယ်။

သတင်း

ဒီဇင်ဘာမှာ ထိုင်းက မြန်မာ့အရေး အလွတ် သဘောဆွေးနွေးပွဲ လက်ခံကျင်းပမယ်လို့ဆို

နိုင်ငံတကာ

မြန်မာ့ ပြည်တွင်းရေး အကျပ်အတည်း အပါအဝင် အရေးပါတဲ့ နိုင်ငံတကာ အခင်းအကျင်းတွေကို ဆွေးနွေးဖို့အတွက် အခုသီတင်းပတ် အရှေ့တောင်အာရှ နိုင်ငံများ အစည်းအရုံး (အာဆီယံ) ထိပ်သီး အစည်းအဝေးကို အမေရိကန် အစိုးရ ကိုယ်စားပြုအဖြစ် နိုင်ငံခြားရေး ဝန်ကြီး အန်တိုနီ ဘလင်ကန် တက်ရောက်မယ်လို့ သိရပါတယ်။

နိုင်ငံတကာ

ထိုင်းဝန်ကြီးချုပ် ဖေထောင်ထန် ရှီနာဝပ်ထရာက အိမ်နီးချင်း မြန်မာနိုင်ငံရဲ့ ပြည်တွင်း အကျပ်အတည်းတွေကို ကူညီ ဖြေရှင်းရာမှာ အရှေ့တောင်အာရှ နိုင်ငံများ အစည်းအရုံး (အာဆီယံ)ဟာ အရေးပါတဲ့ အခန်းကဏ္ဍကနေ ပါဝင်သင့်တယ်လို့ တိုက်တွန်း ပြောကြားလိုက်ပါတယ်။

Trending

Facebook