close
Connect with us

Hi, what are you looking for?

သတင်း

သာမညဒေသမှာ သန်းခေါင်စာရင်းလုံခြုံရေးလိုက်တဲ့စစ်တပ်ကား တိုက်ခိုက်ခံရ

ကရင်ပြည်နယ်၊ ဘားအံမြို့နယ် ၊ သာမည ဒေသထဲမှာ ဒီနေ့မနက်ပိုင်းက သန်းခေါင်စာရင်းကောက်ဖို့ လုံခြုံရေး လိုက်ပေးတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်ရဲ့ ကား တိုက်ခိုက်ခံရပြီး ၃ ဦီးသေဆုံးသွားတယ်လို့ ဒေသတွင်း သတင်းရင်းမြစ်တွေထံကသိရပါတယ်။

နိုင်ပကောင်း/People’s Spring

ကရင်ပြည်နယ်၊ ဘားအံမြို့နယ် ၊ သာမည ဒေသထဲမှာ ဒီနေ့မနက်ပိုင်းက သန်းခေါင်စာရင်းကောက်ဖို့ လုံခြုံရေး လိုက်ပေးတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်ရဲ့ ကား တိုက်ခိုက်ခံရပြီး ၃ ဦီးသေဆုံးသွားတယ်လို့ ဒေသတွင်း သတင်းရင်းမြစ်တွေထံကသိရပါတယ်။

ဒီနေ့ အောက်တိုဘာလ ၁၀ ရက် မနက် ၇ နာရီခန့်က သာမည ဒေသ မှာ သန်းခေါင်စာရင်း ကောက်ဖို့ လုံခြုံရေးလိုက်ပါတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေရဲ့ ကား စောင့်ကြိုတိုက်ခိုက်ခံရတာပါ။

Public Service Announcement

Public Service Announcement

“သာမညမြောက်ဘက်ပေါ့၊ အဖွဲ့စုံဂိတ်တစ်ခုရှိတယ်၊ အဲ့ဂိတ်နား မရောက်ခင်မှာ လုံခြုံရေးလာယူမယ့် စစ်ကောင်စီတပ်ကားတစ်စီး ပစ်ခတ်တိုက်ခိုက်ခံရတယ်” လို့ဒေသတွင်း သတင်းရင်းမြစ်က ပြောပါတယ်။

အဲဒီတိုက်ခိုက်မှုမှာ စစ်ကောင်စီတပ်ဖွဲ့ဝင် ၃ ဦီးသေဆုံးပြီး ၊ ၃ ဦးဒဏ်ရာရသလို ကားလည်း ဆိုးဆိုးရွားရွားထိခိုက်ပျက်စီးသွားတယ်လို့သိရပါတယ်။

ပစ်ခတ်တိုက်ခိုက်မှု ဖြစ်ပွားတဲ့နေရာ က နယ်ခြားစောင့်တပ်(BGF) ၊ ကရင်ငြိမ်းချမ်းရေးကောင်စီ ၊ ဒီမိုကရေစီအကျိုးပြုကရင့်တပ်မတော်(DKBA) ၊ KNU တပ်ဖွဲ့ဝင်တွေ သွားလာလှုပ်ရှားတဲ့ဒေသဖြစ်ပါတယ်။

စစ်ကောင်စီ ကိုထောက်ခံတဲ့ လူမှုကွန်ရက်စာမျက်နှာအချို့မှာတော့ သာမညကျေးရွာမြောက်ဘက် ဝင်းစိန်ကျေးရွာ၊ ဘုန်းကြီးကျောင်းမုခ်ဦးအနီး တိုက်ခိုက်ခံရတာလို့ ဖြန့်ဝေပါတယ်။

သန်းခေါင်စာရင်ကောက်အဖွဲ့တွေအတွက် လုံခြုံရေးပေးတဲ့ စစ်ကောင်စီတပ်ဖွဲ့ ကို KNU ၊ PDF အဖွဲ့က လက်နက်ကြီးနဲ့ ပစ်ခတ်တိုက်ခိုက်တာလို့ ဖြန့်ဝေပါတယ်။

တိုက်ခိုက်မှုကြောင့် တပ်ဖွဲ့ဝင် ၃ ဦး သေဆုံးပြီး ၊ ၃ဦးဒဏ်ရာရခဲ့သလို ကား ၁ စီးလည်းပျက်စီးသွားတယ်လို့ အဲဒီဖြန့်ဝေချက်မှာပါရှိပါတယ်။

တိုက်ခိုက်မှုဖြစ်ပွားပြီးနောက် သာမည ဒေသထဲကို စစ်ကောင်စီတပ်ဖွဲ့ အင်အားအများအပြားနဲ့ဝင်ရောက်လာတယ်လို့ ဒေသခံသတင်းရင်းမြစ်ကပြောပါတယ်။

ဆက်စပ်သတင်းများ

သတင်း

ရက္ခိုင်ပြည်နယ် မောင်တောမြို့နယ်တွင် အရပ်သားများစီးနင်လာသော ယာဥ်တစ်စီးကို ရိုဟင်ဂျာလက်နက်ကိုင်တပ်ဖွဲ့(ARSA)ကတိုက်ခိုက်ခဲ့၍ အမျိုးသမီးတစ်ဦး သေဆုံးကာ ၄ဦးဒဏ်ရာရရှိခဲ့ကြောင်း အာရက္ခတပ်တော်(AA)က သတင်းထုတ်ပြန်သည်။

သတင်း

မန္တလေးတိုင်း၊ မတ္တရာမြို့နယ် သုံးဆယ်ပေးရွာ စစ်ကောင်စီ၏ လက်နက်ကြီးဖြင့် ပစ်ခတ်တိုက်ခိုက်မှုအတွင်း သေဆုံးသူများတွင် မိသားစုတစ်စုတည်း ကလေးငယ် သုံးဦးအပါအဝင် ငါးဦး သေဆုံးခဲ့ရသည်။

သတင်း

ကချင်ပြည်နယ် ဖားကန့်မြို့နယ်ရှိ စစ်ကောင်စီ၏တပ်မကုန်းဟု ခေါ်သော ဗျူဟာစခန်းကို ကချင်လွတ်လပ်ရေးတပ်မတော်(KIA)နှင့် ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF) ပူးပေါင်းတပ်က ယနေ့ စတင်တိုက်ခိုက်နေကြောင်း စစ်ရေးသတင်းရင်းမြစ်က ပြောသည်။

သတင်း

ရေယာဉ်အချို့ လက်နက်ကြီးထိမှန်နစ်မြုပ်ဟု ကချင်သတင်းရင်းမြစ် ပြော