close
Connect with us

Hi, what are you looking for?

သတင်း

ထွက်​ပြေးလွတ်​မြောက်ဟု စစ်ကောင်စီ ဝါဒဖြန့်ထားသည့် ခမရ(၁၁၉)တပ်ရင်းမှူး ဒုဗိုလ်မှူးကြီး သက်ပိုင်ထွန်းကို ဥရုချောင်းတိုက်ပွဲ၌ အသေမိ

ကချင်ပြည်နယ် ဖားကန့်မြို့နယ်အတွင်း ကချင်လွတ်လပ်ရေးတပ်မတော်(KIA) ပူးပေါင်းတပ်ဖွဲ့၏ စခန်းသိမ်းတိုက်ပွဲများအတွင်း အကြိမ်ကြိမ်လွတ်မြောက်နေသည့် ခမရ(၁၁၉)တပ်ရင်းမှူးဖြစ်သူ ဒုဗိုလ်မှူးကြီး သက်ပိုင်ထွန်းကိုဥရုချောင်းဘေး တိုက်ပွဲ၌ အသေဖမ်းမိခဲ့ကြောင်း ကချင်စစ်ရေးသတင်းရင်းမျာကအတည်ပြု ပြောကြားသည်။

ဒုတိယဗိုလ်မှူးကြီးသက်ပိုင်ထွန်း

“အဓိကတော့ တာမခန်မြို့မီးရှို့ဖျက်ဆီးတာ၊ဆိုင်းတောင်ရွာ မီးရှို့တာ၊ သူကိုယ်တိုင် မူးယစ်ဆေးဝါး သုံးစွဲတာ၊ Lucky Men Hotel မှာ KIA+KPDF တပ်ဖွဲ့တွေကို ပိတ်ဆို့သတ်ဖြတ်တာ၊ Hotel ကအမျိုးသမီးဝန်ထမ်းတွေကို မုဒိမ်းကျင့်တာတွေ ကျူးလွန်မှုကြောင့် လိုက်လံရှင်းလင်းတာပါ”

— စစ်ရေးသတင်းရင်းမြစ်

ဟန်နွေ/People’s Spring

ကချင်ပြည်နယ် ဖားကန့်မြို့နယ်အတွင်း ကချင်လွတ်လပ်ရေးတပ်မတော်(KIA) ပူးပေါင်းတပ်ဖွဲ့၏ စခန်းသိမ်းတိုက်ပွဲများအတွင်း အကြိမ်ကြိမ်လွတ်မြောက်နေသည့် ခမရ(၁၁၉)တပ်ရင်းမှူးဖြစ်သူ ဒုဗိုလ်မှူးကြီး သက်ပိုင်ထွန်းကိုဥရုချောင်းဘေး တိုက်ပွဲ၌ အသေဖမ်းမိခဲ့ကြောင်း ကချင်စစ်ရေးသတင်းရင်းမျာကအတည်ပြု ပြောကြားသည်။

ဒုဗိုလ်မှူးကြီး သက်ပိုင်ထွန်းသည် KIA တိုက်ခိုက်သိမ်းပိုက်ခဲ့သည့် တာမခန် တိုက်ပွဲ၊ကသိုဏ်းတောင်တိုက်ပွဲနှင့်ဆိုင်းတောင်တိုက်ပွဲများမှ ထွက်ပြေးလွတ်မြောက်နေသူဖြစ်သည်။ပြည်သူ့လူထုနေအိမ်များစွာကို မီးရှို့ခြင်း၊ ပြည်သူလူထုများကိုသတ်ဖြတ်ခြင်း၊အဓမ္မပြုကျင့်ခြင်းစ​သောစစ်ရာဇဝတ်မှုများကိုကျူးလွန်ရာ၌ အဓိကတာဝန်ရှိသူဖြစ် စစ်ရေး သတင်းရင်းမြစ်က ပြောသည်။

Public Service Announcement

Public Service Announcement

” အဓိကတော့ တာမခန်မြို့မီးရှို့ဖျက်ဆီးတာ၊ဆိုင်းတောင်ရွာ မီးရှို့တာ၊ သူကိုယ်တိုင် မူးယစ်ဆေးဝါး သုံးစွဲတာ၊ Lucky Men Hotel မှာ KIA+KPDF တပ်ဖွဲ့တွေကို ပိတ်ဆို့သတ်ဖြတ်တာ၊ Hotel က အမျိုးသမီးဝန်ထမ်းတွေကို မုဒိမ်းကျင့်တာတွေ ကျူးလွန်မှုကြောင့် လိုက်လံရှင်းလင်းတာပါ” ဟု စစ်ရေးသတင်းရင်းမြစ်က ပြောသည်။

​အောက်တိုဘာ ၉ ရက် ည ၁၁နာရီ ​ကျော်အချိန်တွင် ဆန်းကြွယ် ဥရုချောင်းဘေးတွင်တိုက်ပွဲဖြစ်ပွားခဲ့ပြီး ဖားကန့် ဆိုင်းတောင် တိုက်ပွဲမှ ထွက်ပြေးလွတ်မြောက်သွားသည့်ခမရ(၁၁၉)တပ်ရင်းမှူးကိုအသေမိခဲ့ခြင်းဖြစ်သည်ဟုသိရသည်။

ကချင်စစ်ရေးသတင်းရင်းမြစ်တစ်ဦးက ဒုဗိုလ်မှူးကြီး သက်ပိုင်ထွန်း၏ ရုပ်အလောင်းကို ပြသ အတည်ပြု ပြောကြားခဲ့သည်။

ဒုတိယဗိုလ်မှူးကြီးသက်ပိုင်ထွန်းထံမှ သိမ်းရသောခဲယမ်းများနှင့်ပစ္စည်းအချို့အားတွေ့ရစဉ်။ ဓာတ်ပုံ – CJ

“ထွက်ပြေးသွားတာကို လိုက်လံပစ်ခတ်ရှင်းလင်းစဉ် သေဆုံးသွားပါတယ်။ဥရုချောင်းနံဘေးမှာ”ဟု စစ်ရေးသတင်းရင်းမြစ်ကပြောသည်။

အခြားစစ်​ရေးသတင်းရင်းမြစ်တစ်ဦးကလည်း

“ဒီကောင်နဲ့ တပည့်တပန်းတွေပြေးတာ တောက်လျှောက်လိုက်ပြီး သမတာ။အမှန်တကယ်ကအရှင်ရချင်တာ။ လက်နက်မချလို့ အပြန်အလှန်ပစ်ခတ်မှုဖြစ်ပြီး သေဆုံးသွားတာ” ဟု ပြောသည်။

ဒုတိယဗိုလ်မှူးကြီးသက်ပိုင်ထွန်းကို ပါအဖွဲ့နှင့် တော်လှန်​ရေးတပ်များကတိုက်ပွဲဖြစ်ပွားချိန်မှာ ​အောက်ိုဘာ နံနက်အ​စောပိုင်းတွင်ဖြစ်​ကြောင်း ၎င်းက​ပြောသည်။

ထို့အပြင်ဒုတိယဗိုလ်မှူးကြီးသက်ပိုင်ထွန်းသည် စစ်ကောင်စီပြန်ကြားရေးတာဝန်ခံ ဗိုလ်ချုပ်ဇော်မင်းထွန်း၏ တူတော်စပ်ကြောင်း သတင်းများထွက်ကျယ်ပြန့်စွာထွက်​ပေါ်​နေသူဖြစ်သည်။ ဗိုလ်ချုပ် ​ဇော်မင်းထွန်းတူ ဟုတ် ၊မဟုတ်အ​ပေါ် လူထု​နွေဦးက သီးခြားအတည်မပြုနိုင်သေးပေ။ ၎င်း၏ရုပ်အ​လောင်းဓါတ်ပုံကို People’s Spring၏ တယ်လီဂရန်ချန်နယ် https://t.me/PeopleSpring/57884?single တွင်ကြည့်ရှုနိုင်ပါသည်။

ဒုဗိုလ်မှူးကြီး သက်ပိုင်ထွန်းသည် ၂၀၂၄ နှစ်ဆန်းပိုင်း တာမခန် စခန်းသိမ်းတိုက်ပွဲမှ ထွက်ပြေးသွားရာ ကသိုဏ်းတောင် တိုက်ပွဲ၌ တပ်ရင်းမှူး သက်ပိုင်ထွန်း သေဆုံးသည်ဟု သတင်းထွက်ခဲ့သည်။ သို့ရာတွင်ပြီးခဲ့သည့်စက်တင်ဘာ၇ ရက်မှ စတင်ခဲ့သည့် ဖားကန့်ဆိုင်းတောင်တိုက်ပွဲတွင် တပ်ရင်းမှူး သက်ပိုင်ထွန်း ပြန်ပေါ်လာခဲ့သည်။

တာမခန်တိုက်ပွဲကာလတွင် စစ်ကောင်စီတပ်ကမီးရှို့ဖျက်ဆီးခဲ့၍ကျေးရွာအတွင်း ပြည်သူလူထု နေအိမ် ၄၀၀ကျော်မီးလောင်ပျက်စီးသကဲ့သို့ ဆိုင်းတောင်တိုက်ပွဲတွင်လည်း အိမ်ခြေ ၂၀၀ကျော်မီးလောင်းပျက်စီးခဲ့သည်။ထို့ပြင် ဆိုင်းတောင်တိုက်ပွဲ၌ ဟိုတယ်၌ ပိတ်မိနေသည့် KIA/KPDF တပ်ဖွဲ့ဝင်အချို့သတ်ဖြတ်ခံရမှု၊ ဒေသခံပြည်သူများသတ်ဖြတ်ခံရမှုနှင့် ဓားစားခံဖမ်းထားသည့် ဟိုတယ်ဝန်ထမ်းအမျိုးသမီးအချို့ မုဒိမ်းကျင့်ခံရမှုရှိခဲ့ပြီး စစ်ကောင်စီတပ်ဖွဲ့ဝင်များက ကျူးလွန်ခဲ့သည်ဟု ကချင်စစ်​ရေးသတင်းရင်းမြစ်အချို့က ပြောသည်။

အောက်တိုဘာ ၈ရက်တွင် စစ်ကောင်စီတပ်စွဲထားသည့် ဆိုင်းတောင် လက်ကီးမန်းဟိုတယ်ကို KIA ပူးပေါင်းတပ်က ဝင်ရောက်ရှင်းလင်း သိမ်းပိုက်နိုင်ခဲ့ပြီး စစ်သုံ့ပမ်းများစွာ ဖမ်းမိခဲ့ပြီး စစ်ကောင်စီတပ်ဖွဲ့ဝင်များသေဆုံးထိခိုက်ရှိခဲ့သည်။ သို့ရာတွင်စစ်ကောင်စီတပ်ဖွဲ့ဝင် ၁၀ဦးခန့် လွတ်မြောက်သွား၍ လိုက်လံရှင်းလင်းလျက်ရှိကြောင်း စစ်ရေးသတင်းရင်းမြစ်က အောက်တိုဘာ ၈ရက်တွင်ပြောသည်။

ထွက်ပြေးသွားသည့် စစ်ကောင်စီတပ်ဖွဲ့ဝင်များတွင် ဒုဗိုလ်မှူးကြီးသက်ပိုင်ထွန်းလည်းပါဝင်ကြောင်း သတင်းများထွက်ခဲ့ရာတွင် စစ်ကောင်စီ ဝါဒဖြန့် တယ်လီဂရမ်များက ဒုဗိုလ်မှူးကြီး သက်ပိုင်ထွန်းအဖွဲ့သည် ဖားကန့်တပ်မကုန်း(ဖားကန့်ဗျူဟာ)စခန်းနှင့် ပူးပေါင်းနိုင်ခဲ့ပြီဖြစ်ကြောင်း ဝါဒဖြန့်ထားသည်။

သို့ရာတွင်ဥရုချောင်းဘေးတိုက်ပွဲ၌ ခမရ(၁၁၉) တပ်ရင်းမှူး ဒုဗိုလ်မှူးကြီးသက်ပိုင်ထွန်းကို KIA ပူးပေါင်းတပ်က အသေရရှိခဲ့ပြီး မှတ်တမ်းဓာတ်ပုံအချို့ကို စစ်ရေးသတင်းရင်းမြစ် အချို့က လူမှုကွန်ယက်တွင် ယနေ့ ထုတ်ဖော်ပြသခဲ့ခြင်းဖြစ်သည်။

ဆက်စပ်သတင်းများ

Facebook