close
Connect with us

Hi, what are you looking for?

သတင်း

ဆောမြို့မရဲစခန်းမှ ရဲတပ်ကြပ်တစ်ဦးလက်နက်ဖြင့် အလင်းဝင်လာ

ဆောမြို့မရဲစခန်းမှ ရဲတပ်ကြပ်ကြီးတစ်ဦးသည် စက်ကလေးခေါ် MA-2တစ်လက် ယူဆောင်လာပြီး ဂန့်ဂေါခရိုင်၊ အမှတ်(၃)တပ်ရင်းထံအလင်းဝင်လာကြောင်း အဆိုပါတပ်ရင်းက ထုတ်ပြန်ထားသည်။

အလင်းဝင်လာသော ရဲတပ်ကြပ်အား တွေ့ရစဉ်။ဓာတ်ပုံ - ဂန့်ဂေါခရိုင်၊ အမှတ်(၃)တပ်ရင်း

စောနွေဦး/People’s Spring

ဆောမြို့မရဲစခန်းမှ ရဲတပ်ကြပ်ကြီးတစ်ဦးသည် စက်ကလေးခေါ် MA-2တစ်လက် ယူဆောင်လာပြီး ဂန့်ဂေါခရိုင်၊ အမှတ်(၃)တပ်ရင်းထံအလင်းဝင်လာကြောင်း အဆိုပါတပ်ရင်းက ထုတ်ပြန်ထားသည်။

အဆိုပါ တပ်ကြပ်ကြီးသည် လက်နက်ခဲယမ်းများယူဆောင်လာ၍ ထိုက်ထိုက်တန်တန် ဆုချီးမြှင့်ခဲ့သည်ဟု အဆိုပါတပ်ရင်းက ဆိုသည်။

Public Service Announcement

Public Service Announcement

“ရဲစခန်းကနေ မြို့လယ်ခေါင်မှာလေ ဘယ်မှမထွက်ရဲကြဘူး။ ဒါကြောင့်အခုလို တစ်ယောက်ပြီးတစ်ယောက် အလင်းဝင်လာကြတာပါ”ဟုဆောမြို့ခံတစ်ဦးက ပြောသည်။

လက်ရှိအချိန်တွင် စစ်ကောင်စီတပ်ပြုတ်ကျရေးအတွက် စစ်ရေးအရှိန်မြင့်တင်နေသည့် ကာလဖြစ်၍ စစ်ကောင်စီလက်အောက်ခံ စစ်သားများ၊ ရဲများ အသက်အာမခံချက်ရှိစေရန် မင်းအောင်လှိုင် စစ်တပ်ကို စွန့်ခွာပြီး ပြည်သူ့ရင်ခွင်ခိုလှုံကြရန်လည်း ဂန့်ဂေါခရိုင်၊အမှတ်(၃)တပ်ရင်းက ထုတ်ပြန်ထားသည်။

မတ်လ ၁၈ရက်ကလည်း စစ်ကောင်စီတပ်သားတစ်ဦးသည် အဆိုပါတပ်ရင်းသို့ လက်နက်ဖြင့် အလင်းဝင်ရောက်ခဲ့သေးသည်။

ဆက်စပ်သတင်းများ

သတင်း

ချင်းပြည်နယ် တီးတိန်မြို့ အခြေစိုက် စစ်ကောင်စီတပ်သား တစ်ဦး စက်သေနတ်ငယ် ၂ လက် ယူဆောင်လာပြီးအလင်းဝင်လာကြောင်းPDF ဇိုလဲန်းက အသိပေးထားသည်။

သတင်း

စစ်ကောင်စီ၏ ခြေလျင်တပ်ရင်းနှင့် ဆေးတပ်မှ ဗိုလ်မှူးနှစ်ဦး (၃၃)ဗျူဟာနယ်မြေအတွင်း စစ်ရေးလှုပ်ရှားနေသော ဒေါနစစ်ကြောင်းထံ အလင်းဝင်လာကြောင်း ဒေါနစစ်ကြောင်း ဗျူဟာ(၃၃ )စစ်ဆင်ရေးမှူး စောဒါးကိုက ပြောသည်။

သတင်း

ပြီးခဲ့သည့် သြဂုတ်လအတွင်း ဒုဗိုလ်မှူးကြီး သုံးဦးအပါအဝင် စစ်ကောင်စီတပ်ဖွဲ့ဝင် ၄၁ဦး အလင်းဝင်လာကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ(NUG)၏ ကာကွယ်ရေးဝန်ကြီးဌာနက အသိပေး ထုတ်ပြန်သည်။

သတင်း

ပြည်သူ့ကာကွယ်ရေးတပ်မတော် ရန်ကုန်တိုင်း စစ်ဌာန ၊ တပ်ရင်း(၅၁၀၂)သို့ စစ်ကောင်စီ​၏ ရေတပ်မှတပ်ကြပ်တစ်ဦး လက်နက်မဲ့အလင်းဝင်လာကြောင်း ရန်ကုန်တိုင်းစစ်ဌာနက အ‌သိပေးထားသည်။

Facebook