close
Connect with us

Hi, what are you looking for?

သတင်း

ARSA တိုက်ခိုက်၍ ပြည်သူ့လုံခြုံရေးတပ်ဖွဲ့ဝင် တစ်ဦးကျဆုံး၊ နှစ်ဦးဒဏ်ရာရဟု AAအသိပေး

အာဆာလက်နက်ကိုင်တပ်(ARSA)၏ တိုက်ခိုက်မှုကြောင့် အာရက္ခပြည်သူ့လုံခြုံရေးအထောက်အကူပြုအဖွဲ့မှတပ်ဖွဲ့ဝင် တစ်ဦးကျဆုံးကာ နှစ်ဦးဒဏ်ရာရခဲ့ကြောင်း အာရက္ခတပ်တော် (AA)က သတင်းထုတ်ပြန်သည်။

အာရက္ခပြည်သူ့လုံခြုံရေးအထောက်အကူပြုအဖွဲ့မှတပ်ဖွဲ့ဝင်များ တိုက်ခိုက်ခံရသည့် နေရာမြေပုံ

ထားမြတ်/People’s Spring

အာဆာလက်နက်ကိုင်တပ်(ARSA)၏ တိုက်ခိုက်မှုကြောင့် အာရက္ခပြည်သူ့လုံခြုံရေးအထောက်အကူပြုအဖွဲ့မှတပ်ဖွဲ့ဝင် တစ်ဦးကျဆုံးကာ နှစ်ဦးဒဏ်ရာရခဲ့ကြောင်း အာရက္ခတပ်တော် (AA)က သတင်းထုတ်ပြန်သည်။

ဘူးသီးတောင်မြို့ ရပ်ကွက်(၂)ရွာသစ်တွင် နေထိုင်သည့် (၆၀)ကျော်အရွယ် အမျိုးသား နှစ်ဦးသည် အောက်တိုဘာ ၇ရက် နံနက်တွင် ဘူးသီးတောင်မြို့နယ် ဂုံးနားကျေးရွာဘက်သို့ ဝါးခုတ်ရန် ထွက်သွားရာ နေ့လည်ပိုင်းအထိ ပြန်မလာ၍ ဘူးသီးတောင်မြို့နယ်၊ ရွာမကျေးရွာရှိ အာရက္ခပြည်သူ့လုံခြုံရေး အထောက်အကူပြုအဖွဲ့ ဝင် သုံးဦးက ပျောက်ဆုံးနေသူ နှစ်ဦးအား လိုက်ရှာစဉ် တိုက်ခိုက်ခံရခြင်းဖြစ်သည်ဟုဆိုသည်။

Public Service Announcement

Public Service Announcement

ထိုသို့ ထွက်ခွာလာစဉ် ဂုံးနားမူဆလင်ကျေးရွာ အဝင်ဝရောက်ချိန် ARSAက တိုက်ခိုက်ခဲ့ဟု ဆိုသည်။ ARSA မူဆလင်အကြမ်းဖက်လက်နက်ကိုင်အဖွဲ့မှ ခြုံခိုတိုက်ခိုက်ခဲ့သည်ဟု AAက ဖော်ပြသည်။

ထိုသို့ တိုက်ခိုက်ခံရ၍ လုံခြုံရေးတပ်ဖွဲ့ဝင် တစ်ဦးမှာ ဦးခေါင်းနှင့် ဝမ်းဗိုက်တွင် သေနတ်ကျည် ထိမှန်ကာကျဆုံးပြီး ကျန်နှစ်ဦးမှာ ဒဏ်ရာရရှိခဲ့ကြောင်း၊ ၎င်းတို့စီးလာသော ဆိုင်ကယ်မှာလည်း အဆိုပါ ခြုံခိုတိုက်ခိုက်ခံရသည့်နေရာ၌ပင် မီးရှို့ဖျက်ဆီးခြင်းခံခဲ့ရကြောင်း AAက ထုတ်ပြန်သည်။

ထိုသို့ ခြုံခိုတိုက်ခိုက်ခဲ့သော ARSA လက်နက်ကိုင်အဖွဲ့အား အာရက္ခပြည်သူ့လုံခြုံရေးတပ်ဖွဲ့ဝင်များနှင့် အာရက္ခတပ်တော်တို့က လိုက်လံ ဖမ်းဆီးလျက်ရှိပြီး ပျောက်ဆုံးနေသည့် ရွာသား နှစ်ဦးကိုရှာဖွေလျက်ရှိသည်ဟု AAက ထုတ်ပြန်သည်။

အာရက္ခဒေသအတွင်း မည်သည့်အကြမ်းဖက်အဖွဲ့ကိုမှ အခြေချခွင့် ပြုမည်မဟုတ်သကဲ့သို့ အကြမ်းဖက်သမားနှင့် အကြမ်းဖက်အဖွဲ့အစည်းတိုင်းကို ရှင်သန်ခွင့်မပြုဘဲ အမြန်ဆုံးနှိမ်နင်းဆောင်ရွက်သွားမည်ဟုလည်း AAကထုတ်ပြန်သည်။

အောက်တိုဘာ ၆ရက်ကလည်း မောင်တောမြို့ တောင်ပြိုမှ အခြေခံစားသောက်ကုန်ပစ္စည်းများဝယ်ပြီး ပြန်လာသည့် အရပ်သားများကို ARSAက တိုက်ခိုက်ခဲ့ရာ အမျိုးသမီးတစ်ဦးသေဆုံးကာ ၄ဦး ဒဏ်ရာရခဲ့ဟု AAက ထုတ်ပြန်ထားသည်။

စက်တင်ဘာ ၃၀ရက်ကလည်း မောင်တော မြို့နယ်၊ ကိုင်းကြီးမြိုရွာမှ ဒေသခံ ၄ဦး မေယုတောင်ခြေရှိလက်ဝဲချောင်းသို့ ငါးရှာသွားစဉ် ARSA က ဖမ်းဆီးသွား၍ AA ကလိုက်လံ ရှာဖွေခဲ့ရာ ARSA စခန်းတစ်ခုအား တိုက်ခိုက်သိမ်းပိုက်ခဲ့ဟု အသိပေးထားသည်။ အောက်တိုဘာ ၆ရက်ကလည်း RSOတပ်ဖွဲ့နှင့် AA တို့ မောင်တောမြို့နယ် လိပ်ရစခန်းအနီးတိုက်ပွဲဖြစ်ပွားခဲ့ရာ RSOတပ်ဖွဲ့ထံမှ လက်နက် ၃လက်သိမ်းရခဲ့သည်ဟု AAက ထုတ်ပြန်သည်။

ဆက်စပ်သတင်းများ

သတင်း

ကျိန္တလီဒေသရှိ စခန်း ၂ခုအသိမ်းခံရသည့် စစ်ကောင်စီတပ်က ချောင်းကူးတံတားဖျက်ဆီးပြီး ဂွမြို့ဘက်ဆုတ်ခွာ၊ တောင်ကုန် စကခ(၅) လက်အောက်ခံတပ်ရင်းများ အပြီးသတ်သိမ်းယူနိုင်ရေး ဆောင်ရွက်နေဟု အသိပေး

သတင်း

ARSA နှင့် RSO တို့ထံမှလက်နက်ခဲယမ်းများသိမ်းဆည်းရရှိပြီး ၎င်းတို့၏ လက်နက်ခဲယမ်းအများစုမှာ စစ်​ကောင်စီကတပ်ဆင်​ပေးထားခြင်းဖြစ်​နေ

သတင်း

စစ်ကောင်စီက ဂွ- ကျိန္တလီမြို့ကြားရှိ ကျိန္တလီချောင်းကူးတံတားကိုဖျက်ဆီးထွက်ပြေး

သတင်း

ရက္ခိုင်ပြည်နယ် မောင်တောမြို့နယ်တွင် အရပ်သားများစီးနင်လာသော ယာဥ်တစ်စီးကို ရိုဟင်ဂျာလက်နက်ကိုင်တပ်ဖွဲ့(ARSA)ကတိုက်ခိုက်ခဲ့၍ အမျိုးသမီးတစ်ဦး သေဆုံးကာ ၄ဦးဒဏ်ရာရရှိခဲ့ကြောင်း အာရက္ခတပ်တော်(AA)က သတင်းထုတ်ပြန်သည်။