လူအေး/ People’s Spring
စစ်ကောင်စီ၏ အိမ်ထောင်စုစာရင်း ကောက်ခံခြင်းလုပ်ငန်းတွင် တက်ကြွပါဝင်သူတစ်ဦးအား ဖမ်းဆီးထိန်းသိမ်းထားကြောင်း PDF Zoland က သတင်းထုတ်ပြန်သည်။
ချင်းပြည်နယ် တွန်းဇံမြို့နယ်၌ စစ်ကောင်စီနှင့်အတူ သန်းခေါင်စာရင်းကောက်နေသည့် U Kam Lian Thangအား PDF Zoland မှ ထိန်းသိမ်းလိုက်ခြင်းဖြစ်သည်။

Public Service Announcement
PDF Zoland နှင့်.ချင်းညီနောင်( Chin Brotherhood) တို့၏ ထုတ်ပြန်တားမြစ်ချက်များကို မလေးစား မလိုက်နာဘဲ စစ်ကောင်စီ နှင့် ပူးပေါင်းဆောင်ရွက်နေ၍ ဖမ်းဆီးခြင်းဖြစ်ပြီး အခြား ပါဝင်လှုပ်ရှားသူများရှိလာပါက အလားတူ အရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်း အသိပေးထားသည်။
စစ်ကောင်စီ၏ အိမ်ထောင်စုစာရင်း ကောက်ခံခြင်းလုပ်ငန်းတွင် မပါဝင်ရန်နှင့် ပါဝင်သူများကိူ အရေးယူမည်ဟု PDF Zolandနှင့် Chin Brotherhood တို့က ထုတ်ပြန်ထားသည်။
ချင်းပြည်ကာကွယ်ရေးတပ်ဖွဲ့ – ဟားခါး(CDF-Hakha) ကလည်းဟားခါးမြို့နယ်တွင် သန်းခေါင်စာရင်းကောက်မည့် Non CDM များကို စစ်ကောင်စီတပ်ဖွဲ့အဖြစ်သတ်မှတ်ပြီး ပစ်မှတ်ထားတိုက်ခိုက်သွားမည်ဖြစ်ကြောင်း စက်တင်ဘာလ ၂၃ရက် နေ့တွင် ထုတ်ပြန်ထားသည်။
စစ်ကောင်စီက အောက်တိုဘာ ၁ ရင်မှ ၁၅ ရက်အတွင်းသန်းခေါင်စာရင်းကောက်ယူမည်ကြေညာပြီး ဒေသအချို့တွင် အောက်တိုဘာ ၁ ရက်မတိုင်ခင်ကတည်းကစတင်ကောက်ခံနေသည်။စစ်ကောင်စီ သန်းခေါင်စာရင်းမှာတော်လှန်ရေးအင်အားစုများ ၊ပြည်သူများ၏ အချက်အလက်များကိုစစ်ကောင်စီကရလိုသဖြင့် အကြောင်းပြစာရင်းကောက်ခံမှုဖြစ်၍ ပြည်သူများကမပူးပေါင်းဘဲ ဆန့်ကျင်ကြရန် တော်လှန်ရေးအင်အားစုများကတိုက်တွန်းထားသည်။
