အင်ကြင်း/People’s Spring
မန္တလေးတိုင်း၊ မြင်းခြံမြို့နယ်တွင် စစ်ကောင်စီတပ်နှင့်ပေါင်း၍ ကျေးရွာများမီးရှို့ဖျက်ဆီးခဲ့သည့် လေးရွာဆုံရွာရှိ ပျူစောထီးစခန်းများအား PDFက ဒရုန်းဖြင့် ဗုံးသီးချတိုက်ခိုက်ခဲ့ကြောင်း သတင်းရရှိသည်။
ဇူလိုင် ၂၈ရက် နံနက်ပိုင်းက မြင်းခြံမြို့နယ်၊ လေးရွာဆုံရွာရှိ ပျူစောထီးစခန်းများအား ဒရုန်းဖြင့် ဗုံးသီးချတိုက်ခိုက်ခဲ့ရာ တစ်ဦးသေဆုံးပြီး သူံးဦး ထိခိုက်ဒဏ်ရာရရှိသွားကြောင်း Anyar Federal Task Force အဖွဲ့ ပြန်ကြားရေးတာဝန်ခံက ပြောသည်။

Public Service Announcement
“၆လုံး ချခဲ့တယ်ဗျ။ ကောင်တာကတော့ ၆၀ မမ နဲ့ ၄ချက် ပြန်လည်ပစ်ခက်ခဲ့ပေမဲ့ ထိခိုက်မှုတော့မရှိခဲ့ပါဘူး။”ဟု အထက်ပါ ပြန်ကြားရေးတာဝန်ခံက ပြောသည်။
လေးရွာဆုံပျူစောထီးရွာသည် စစ်ကောင်စီတပ်နှင့်ပေါင်းပြီး စစ်ကြောင်းထိုးမီးရှို့ဖျက်ဆီးခြင်း၊ ပြည်သူများအား ဖမ်းဆီးသတ်ဖြတ်ခြင်းများ ပြုလုပ်နေကြောင်း၊ ဇူလိုင် ၁၀ရက်ကလည်း စစ်ကောင်စီတပ်နှင့်အတူ လက်ဝဲမြင်းနီရွာအား မီးရှို့ဖျက်ဆီးခဲ့ရာ ရွာလုံးကျွတ်ပြာကျပြီး သက်ကြီးရွယ်အိုများအပါအဝင် ပြည်သူ(၆)ဦးထက်မနည်း သေဆုံးခဲ့သည်။
စစ်ဆင်ရေးကို Anyar Federal Task Force၊ Freedom Fighter Guerrilla Force (FFGF) နှင့် 8 Stars စသည့်အဖွဲ့များက Shar Htoo Waw နည်းပညာ Fixed Wings ဒရုန်းများဖြင့် တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။
