Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

ပဲခူးရေဘေး လူနှစ်ဦး ဓာတ်လိုက်သေဆုံး

ပဲခူးမြို့မှ ရေဘေးသင့်သူများအား အရပ်ဖက် အဖွဲ့အချို့က ကူညီကယ်ဆယ်ရေးလုပ်ဆောင်စဉ်။ ဓာတ်ပုံ - CJ

မိထက်/People’s Spring

ပဲခူးမြစ်‌ရေမြင့်တက်ပြီး ရေကြီးနေသည့် ပဲခူးမြို့တွင် ပြတ်ကျနေသည့် လျှပ်စစ်ကြိုးမှ ဓာတ်လိုက်ပြီး အမျိုးသားနှစ်ဦးသေဆုံးမှုဖြစ်ပွားခဲ့သည်။

တနေ့တည်း လူနှစ်ဦး ဓာတ်လိုက်သေဆုံးမှုသည် ယနေ့(ဇူလိုင်လ ၃၀ရက်)‌ နေ့လယ်ပိုင်း၌ ဖြစ်ပွားခဲ့ခြင်းဟု သတင်းရရှိသည်။

Public Service Announcement

Public Service Announcement

ရွှေမော်ဓောဘုရားလမ်း အမှတ်(၁)ကျောင်းရှေ့အနီး၌ လူငယ်တစ်ဦး၊ နိုင်းငနိုင်တောင် ရပ်ကွက် တနေရာ၌ (၃၀)ကျော် အမျိုးသားတစ်ဦး ဓာတ်လိုက်သေဆုံးခဲ့ခြင်း ဒေသခံများကပြောသည်။

” ရေဘေးကတွေ့၊ မီးက ပြတ်ချင်ပြတ်၊လာချင်လာနဲ့ တော်တော်လေးကို အဆင်မပြေတာဗျ။ လူသေဆုံးလည်း EPCကကောင်းတွေက သာသာလေးပဲ။ ဘယ်ကောင်မှ တာဝန်မယူဘူး”ဟု ပဲခူးမြို့ခံတစ်ဦးက ပြောသည်။

ပဲခူးမြစ်ရေသည် ပဲခူးမြို့အတွင်း စိုးရိမ်ရေမှတ် အထက်၌ ၄ပေကျော်မြင့်တက်နေပြီး မြို့ပေါ်ရပ်ကွက်မှ မြေနိမ့်ပိုင်းများတွင် ရေ‌ဘေးကြုံတွေ့နေသည်။ ပဲခူးမြို့တွင် ရေဘေးသင့်ပြည်သူ ငါးသောင်းကျော်ရှိနေပြီး ရေဘေးကယ်ဆယ်ရေးစခန်းများဖွင့်လှစ်ထားရသည်။

ပဲခူးတိုင်းအတွင်းရပဲခူးမြစ်၊စစ်တောင်းမြစ်၊ ရွှေကျင်မြစ်တို့လည်း စိုးရိမ်ရေမှတ်အထက် မြင့်တက်နေပြီး မြို့နယ်အများစုမှာ ရေကြီးနစ်မြုပ်မှုကြုံတွေ့နေသည်။

ဆက်စပ်သတင်းများ

သတင်း

ဟန်နွေ/People’s Spring ကရင်အမျိုးသားအစည်းအရုံး(KNU) ညောင်လေးပင်ခရိုင်အတွင်းရှိ မြို့နယ်များမှ ဒေသခံ ပြည်သူများသည် စစ်ဘေးဒဏ်အပြင် ရေဘေးအန္တရာယ်ပါ ရင်ဆိုင်နေရပြီး အရေးပေါ် အကူအညီများ လိုအပ်နေကြောင်း KNU ဗဟိုက ထုတ်ပြန်သည်။ တိုက်ပွဲများ၊ စစ်ကောင်စီတပ်၏ လက်နက်ကြီး လေကြောင်း တိုက်ခိုက်မှုများ မကြာခဏ ရင်ဆိုင်နေပြီး စစ်ရှောင်...

သတင်း

အရှည် ၇ ပေခန့်ရှိ မိကျောင်းသည် ဇူလိုင်လ ၂၈ရက် နေ့လည်ပိုင်းတွင် ဘိုကလေးမြို့နယ် အနောက်ပိုင်းကျေးရွာတခုရှိ လယ်ကွင်းအတွင်း ရောက်ရှိလာခြင်းဟု ဒေသခံများကပြောသည်။

သတင်း

မိုးသည်းထန်စွာရွာသွန်းနေပြီး သံလွင်မြစ်ရေကြီးလာခြင်းကြောင့် ဇူလိုင်(၂၅)ရက်မှစ၍ ဘားအံမြို့နှင့် သံလွင်မြစ်ကမ်းတစ်လျှောက်ရှိ ကျေးရွာများတွင် ရေကြီးရေလျှံမှု ဖြစ်ပေါ်ခဲ့ပြီး ရေကြီးမှုကြောင့် ဘားအံ-လှိုင်းဘွဲလမ်း၊ ဘားအံ-မော်လမြိုင်လမ်း၊ ဘားအံ-သထုံးကားလမ်းတို့တွင် ယာဉ်ငယ်များ သွားလာလို့မရကြောင်း ဒေသခံများက ပြောသည်။

သတင်း

ယခုရက်များအတွင်း ရက္ခိုင်ဒေသအပါအဝင် မြန်မာနိုင်ငံအလယ်ပိုင်းဒေသများအတွင်း အဆက်မပြတ် သည်းထန်စွာရွာသွန်းလျက်ရှိသောမိုးများကြောင့် မိုးရေချိန်အမှတ်သည် သူဌေးချောင်းဆည်၏ စိုးရိမ်ရေမှတ်ကို ကျော်လွန်လာခဲ့ပြီဖြစ်သည်ဟု ဆိုသည်။