Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

မြင်းခြံ-နွားထိုးကြီး-ပြင်စည်လမ်းပိုင်း ယနေ့ည ယာယီပိတ်

မန္တလေးတိုင်း၊ မြင်းခြံ-နွားထိုးကြီး-ပြင်စည်လမ်းပိုင်းအား ယနေ့ညပိုင်းမှစတင်ကာ ယာယီပိတ်ထားကြောင်း ဒေသတွင်းပြည်သူ့ကာကွယ်ရေးအဖွဲ့များက ပြောသည်။

မြင်းခြံ-နွားထိုးကြီးလမ်းပိုင်းတနေရာ၌ PDF ရဲဘော်တစ်ဦးအား ယမန်နှစ်အတွင်းက တွေ့ရစဥ်။ ဓာတ်ပုံ-NPDF

အင်ကြင်း/People’s Spring

မန္တလေးတိုင်း၊ မြင်းခြံ-နွားထိုးကြီး-ပြင်စည်လမ်းပိုင်းအား ယနေ့ညပိုင်းမှစတင်ကာ ယာယီပိတ်ထားကြောင်း ဒေသတွင်းပြည်သူ့ကာကွယ်ရေးအဖွဲ့များက ပြောသည်။

ယနေ့ (ဇူလိုင် ၂၂ ရက်) ည ၇ နာရီခွဲမှ (မနက်ဖြန် ဇူလိုင် ၂၃ရက်) နံနက် ၆နာရီအတွင်း
မြင်းခြံ- နွားထိုးကြီး-ပြင်စည်လမ်းပိုင်းအား
ယာဉ်များအားလုံး ဖြတ်သန်းသွားလာခွင့်ပိတ်ထားကြောင်း မြင်းခြံပကဖ၏ တာဝန်ရှိသူက ပြောသည်။

Public Service Announcement

Public Service Announcement

“ပြည်သူတွေရဲ့ လုံခြုံရေးအတွက်ပါ။”ဟု မြင်းခြံပကဖ၏ တာဝန်ရှိသူက ပြောသည်။

ပြည်သူများအားလုံး ပူးပေါင်းဆောင်ရွတ်ပေးကြရန်နှင့် လိုက်နာမှုမရှိပါက တာဝန်ယူဖြေရှင်း ပေးမည်မဟုတ်ကြောင်း ဒေသကာကွယ်ရေးအဖွဲ့များက အသိပေးထားသည်။

ယမန်နေ့က နွားထိုးကြီးမြို့နယ်အတွင်းရှိ ရန်ကုန်-မန္တလေးအမြန်လမ်းပိုင်းတနေရာ၌ စစ်ကောင်စီယာဥ်တစ်စီး မိုင်းဆွဲတိုက်ခိုက်ခံခဲ့ရသေးသည်။

ဆက်စပ်သတင်းများ

သတင်း

မန္တလေးတိုင်း၊ မြင်းခြံ​မြို့အထွက် မြင်းခြံ - တောင်သာလမ်းပိုင်းရှိ တိုးဂိတ်၌ တပ်စွဲထားသော စစ်ကောင်စီတပ်သားများ တိုက်ခိုက်ခံရမှုအတွင်းစစ်အုပ်စုဝင်များ ထိခိုက်သေဆုံးမှာရှိကြောင်း ဒေသကာကွယ်ရေးအဖွဲ့များက ဇူလိုင် ၁၇ရက်တွင် သတင်းထုတ်ပြန်သည်။

သတင်း

အိုးဘိုအကျဥ်းထောင်၌ ထောင်ပိုင်အပါအဝင် ဝန်ထမ်းအချို့ နေရာပြောင်းခြင်း၊ အလုပ်ထုတ်ခြင်းများ ပြုလုပ်ပြီးနောက် နိုင်ကျဥ်းများကိုပါ ပြောင်းရွှေ့ခဲ့ခြင်းဖြစ်ကြောင်း PPNM က အသိပေးသည်။

သတင်း

ဆုံရွာ တိုက်ခိုက်ခံရမှုမှာ PDFတွေဒရုန်းနဲ့ဗုံးချတာ ၊လက်နက်ကြီးနဲ့ပစ်ခတ်တာတွေကြောင့် ကျေးရွာထဲက ကလေးငယ် အပါအဝင် ၃၂ ဦး သေဆုံးပြီး ဒဏ်ရာရသူ ၁၄ ဦး ရခဲ့တယ်လို့စစ်ကောင်စီက ထုတ်ပြန်ပါတယ်။

သတင်း

နှစ်ရက်တာတိုက်ခိုက်မှုအတွင်း စစ်ကောင်စီဘက်က ထိခိုက်သေဆုံးသူမှုများပြီး PDFရဲဘော် ၁၅ဦးခန့်လည်း မစိုးရိမ်ရ ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း ဗိုလ်မိုက်ခဲက ပြောသည်။