Connect with us
close

Hi, what are you looking for?

LuduNwayOo

ဆောင်းပါး

နိုင်ငံတစ်ဝန်းစစ်ရှုံး​နေချိန်မှာစစ်​ကောင်စီရဲ့ နေပြည်​တော်က​​​ပျော်ပွဲရွှင်ပွဲများ

နိုင်ငံတစ်ဝန်းစစ်​ရေးအကြီးအကျယ်ရှုံး​နိမ့်​နေချိန်မှာ စစ်​ကောင်စီက ဘာမှမဖြစ်ဘူး ​အေး​ဆေးပါဆိုတဲ့ ပုံရိပ်ကိုပြနိုင်ဖို့ အခုလိုပွဲ​တွေလုပ်​နေတာလို့ ​နေပြည်​တော်က သတင်းရင်းမြစ်တစ်ဦးကလည်း​ပြောပါတယ် ။

(​စစ်​ကောင်စီက နေပြည်​​တော်မှာ ​ပျော်ပွဲရွှင်ပွဲ​တွေ နဲ့တချိန်တည်းမှာ တော်လှန်​ရေးတပ်​တွေရဲ့ စခန်းသိမ်းတိုက်ပွဲ​​တွေကို ယှဥ်တွဲ​တွေ့ရစဥ်။ဓါတ်ပုံ-AA ၊ TNLA ၊ MDY-PDF ၊ စစ်​ကောင်စီ)
(​စစ်​ကောင်စီက နေပြည်​​တော်မှာ ​ပျော်ပွဲရွှင်ပွဲ​တွေ နဲ့တချိန်တည်းမှာ တော်လှန်​ရေးတပ်​တွေရဲ့ စခန်းသိမ်းတိုက်ပွဲ​​တွေကို ယှဥ်တွဲ​တွေ့ရစဥ်။ဓါတ်ပုံ-AA ၊ TNLA ၊ MDY-PDF ၊ စစ်​ကောင်စီ)

လီလီယန်၊ ဆဏ်း / People’s Spring

၁၀၂၇ စစ်ဆင်​ရေးအပိုင်း (၂) နဲ့ ရခိုင် စစ်မျက်နှာအပါအဝင်နိုင်ငံတစ်ဝန်းတိုက်ပွဲ​တွေမှာ စစ်​ကောင်စီဟာ ဇူလိုင်လအတွင်း ​နေ့စဥ် စစ်သား​တွေ​သေဆုံး ၊စစ်စခန်း​တွေ ဆုံးရှုံး​နေ​ပေမယ့် နေပြည်တော်မှာ​တော့ ​​ဖျော်ဖြေ​ရေးပွဲ​​တွေ ဆက်တိုက်လုပ်​နေကြပါတယ်။

ရှမ်းပြည်နယ်​မြောက်ပိုင်းနဲ့ မန္တ​လေးတိုင်းမှာ ဇွန် ၂၅ ရက်ကစပြီး ၁၀၂၇ စစ်ဆင်​ရေးအပိုင်း (၂)နဲ့ ရှမ်းမန်းစစ်ဆင်​ရေး ​ခေါင်းစဥ်နဲ့ ​တော်လှန်​ရေးတပ်​တွေက က ​နောင်ချို ၊​ကျောက်မဲ ၊ မိုးမိတ် ၊မိုးကုတ် ၊မတ္တရာ ၊စဥ်ကူး၊လားရှိုး မြို့​တွေက စစ်တပ်စခန်း​တွေကို ထိုးစစ်ဆင်သိမ်းပိုက်​နေချိန် ၊ ရခိုင်ပြည်နယ်မှာလည်း အာရက္ခတပ်​တော်(AA)က သံတွဲ ၊​​မောင်​တောမြို့နယ်ကစစ်တပ်စခန်း​တွေကို ထိုးစစ်ဆင်သိန်းသိမ်း​နေချိန်မှာပဲ ​နေပြည်​တော်မှာ​တော့ စစ်​ကောင်စီကဇူလိုင် ပထမပါတ်အတွင်းမှာ ​ခေါင်းစဥ်မျိုးစုံနဲ့ ပွဲလမ်းသဘင်​တွေ ဆက်တိုက်လုပ်​နေပါတယ်။

(​စစ်​ကောင်စီက နေပြည်​​တော်မှာ ​ပျော်ပွဲရွှင်ပွဲ​တွေ နဲ့တချိန်တည်းမှာ တော်လှန်​ရေးတပ်​တွေရဲ့ စခန်းသိမ်းတိုက်ပွဲ​​တွေကို ယှဥ်တွဲ​တွေ့ရစဥ်။ဓါတ်ပုံ-AA ၊ TNLA ၊ MDY-PDF ၊ စစ်​ကောင်စီ)
(​စစ်​ကောင်စီက နေပြည်​​တော်မှာ ​ပျော်ပွဲရွှင်ပွဲ​တွေ နဲ့တချိန်တည်းမှာ တော်လှန်​ရေးတပ်​တွေရဲ့ စခန်းသိမ်းတိုက်ပွဲ​​တွေကို ယှဥ်တွဲ​တွေ့ရစဥ်။ဓါတ်ပုံ-AA ၊ TNLA ၊ MDY-PDF ၊ စစ်​ကောင်စီ)

ဇူလိုင် ၁ ရက်​နေ့ ​နေပြည်​တော်မှာလုပ်ခဲ့တဲ့ အမျိုးသမီးများနေ့အထိမ်းအမှတ် ဆိုတဲ့ “အမျိုးသမီး​ရေးရာ ပ​ဒေသာကပွဲ” မှာစစ်​ကောင်စီ နဲ့ နီးစပ်တဲ့အနုပညာရှင် ​တွေနဲ့ အာဏာသိမ်းခေါင်းဆောင်ရဲ့ ဇနီး ​ဒေါ်ကြူကြူလှကိုယ်တိုင်တတ်ရောက်ခဲ့ပါတယ်။ စိုးသူ၊ စိုးမြတ်သူဇာ၊ စိုးမြတ်ကလျာ၊ မေသဥ္ဖာဦး၊ မေသန်းနု၊ အောင်ခိုင်၊ ဝါဝါအောင်၊ဆောင်းအိန္ဒြေထွန်း ၊ မြန်မာပြည်သိန်းတန်၊ L ဆိုင်းဇီ၊ ဟန်ထူးဇန်၊ MRTV4 မင်းသမီး ယမုံမြင့်မြတ် စတဲ့အနုပညာရှင်​တွေ​ဖျော်​ဖြေခဲ့ပါတယ် ။

Public Service Announcement

Public Service Announcement

ဇူလိုင် ၁ ရက်​နေ့မှာ ၁၀၂၇ ဒုတိးလှိုင်းရဲ့ ၇ ရက်​မြောက်​နေ့ဖြစ်ပြီး အဲဒီ​နေ့မှာ မိုးကုတ်မြို့မှာ စစ်တပ်စခန်း​တွေကို TNLA ၊PDF ​တွေဦး​ဆောင်တဲ့ ပူး​ပေါင်းတပ်​တွေရဲ့တိုက်ခိုက်မှု​ကြောင့် စစ်​ကောင်စီတပ်ဖွဲ့ဝင် ၁၅ ဦးနဲ့လက်နက်မျိုးစုံ ၄၀ ​ကျော်သိမ်းဆည်းရရှိ​​ကြောင်းထုတ်ပြန်တဲ့​နေမှာ အထက်ပါပွဲလုပ်​နေတာပါ။

(​စစ်​ကောင်စီက နေပြည်​​တော်မှာ ​ပျော်ပွဲရွှင်ပွဲ​တွေ နဲ့တချိန်တည်းမှာ တော်လှန်​ရေးတပ်​တွေရဲ့ စခန်းသိမ်းတိုက်ပွဲ​​တွေကို ယှဥ်တွဲ​တွေ့ရစဥ်။ဓါတ်ပုံ-AA ၊ TNLA ၊ MDY-PDF ၊ စစ်​ကောင်စီ)
(​စစ်​ကောင်စီက နေပြည်​​တော်မှာ ​ပျော်ပွဲရွှင်ပွဲ​တွေ နဲ့တချိန်တည်းမှာ တော်လှန်​ရေးတပ်​တွေရဲ့ စခန်းသိမ်းတိုက်ပွဲ​​တွေကို ယှဥ်တွဲ​တွေ့ရစဥ်။ဓါတ်ပုံ-AA ၊ TNLA ၊ MDY-PDF ၊ စစ်​ကောင်စီ)

BC ကို မသိဘူးဆိုပြီး သပိတ်​မှောက်တဲ့ပြည်သူ​တွေကို ​လှောင်​ပြောင်​ပြောလို့ ပွဲဆူခဲ့တဲ့ လေးဖြူရဲ့ ​VIP ဘားမှာလုပ်ခဲ့တဲ့ One Man Show ကလည်းဇူလိုင် ၂ ရက်မှာ စစ်ကောင်စီအသိုင်းအဝိုင်းတွေ ကြီးစိုးတဲ့ စားသောက်ဆိုင်မှာပြုလုပ်ခဲ့တာဖြစ်ပါတယ်။ မန္တ​လေး PDF က ဇူလိုင် ၂ ရက်မှာ မတ္တရာမြို့ နယ်အတွင်းက ​လေ​ကြောင်းရန်ကာကွယ်​ရေးတပ် အပါအဝင် တပ်စခန်း​ပေါင်း ၈ ခုကိုသိမ်းပိုက်ပြီး လက်နက်မျိုးစုံ ၁၂၅ လက် နဲ့ခဲယမ်းအများအပြား ၊ စစ်သုံပန်း ၆၀ ​ကျော်နဲ့ စစ်သားမိသားစုဝင် ၁၂၀ ​ကျော်ကို ဖမ်းဆီးရရှိ​ကြောင်း​ကြေညာ​နေချိန်မှာ ​နေပြည်​တော်မှာ ​လေးဖြူသီချင်း​တွေနဲ့ ငြိမ့်​နေကြတာပါ။

(​စစ်​ကောင်စီက နေပြည်​​တော်မှာ ​ပျော်ပွဲရွှင်ပွဲ​တွေ နဲ့တချိန်တည်းမှာ တော်လှန်​ရေးတပ်​တွေရဲ့ စခန်းသိမ်းတိုက်ပွဲ​​တွေကို ယှဥ်တွဲ​တွေ့ရစဥ်။ဓါတ်ပုံ-AA ၊ TNLA ၊ MDY-PDF ၊ စစ်​ကောင်စီ)
(​စစ်​ကောင်စီက နေပြည်​​တော်မှာ ​ပျော်ပွဲရွှင်ပွဲ​တွေ နဲ့တချိန်တည်းမှာ တော်လှန်​ရေးတပ်​တွေရဲ့ စခန်းသိမ်းတိုက်ပွဲ​​တွေကို ယှဥ်တွဲ​တွေ့ရစဥ်။ဓါတ်ပုံ-AA ၊ TNLA ၊ MDY-PDF ၊ စစ်​ကောင်စီ)

ဒါအပြင် ဇူလိုင် ၇ ရက်မှာလည်း ဟာသပညာရှင်များအစည်းအရုံးရဲ့ ၁၄ ကြိမ်မြောက်သက်ကြီးပူဇော်ပွဲ ​ခေါင်းစဥ်နဲ့ ဟာသ ထူးချွန်ဆုဆိုပြီး စစ်​ကောင်စီ​အမာခံ​ထောက်ခံတဲ့ ဒိန်း​ဒေါင်နဲ့ သရုပ်​ဆောင် မြင့်မြတ်တို့ကို စစ်​ကောင်စီ​ပြော​​ရေးဆိုခွင့်ရှိသူ ဗိုလ်ချုပ်​ဇော်မင်းထွန်းက ဆု​တွေချီးမြှင့်ခဲ့ပါတယ် ။

ဗိုလ်ချုပ်​ဇော်မင်းထွန်း က ဟာသ သရုပ်​ဆောင်​တွေကိုစင်​ပေါ်တက်ဆု​ပေးတဲ့ ဇူလိုင် ၇ ရက်က​​တော့ စံချိန်တင်ပါပဲ။ အာရက္ခတပ်​တော် (AA) က သံတွဲ ၊​မောင်​တော ၊ အမ်းမြို့နယ်​တွေက စစ်တပ်စခန်း​တွေ သိမ်းပိုက်တာမှာ စစ်​ကောင်စီတပ်ဖွဲ့ဝင် ၇၅၀ ​ကျော်​သေဆုံးပြီး​တော့ သံတွဲကငပလီ​လေဆိပ်​ရှေ့မှာ AA ​တွေ​အောင်လံလွှင့်ထူတဲ့ သတင်းနဲ့ ဓါတ်ပုံထုတ်ပြန်ချိန်မှာ ဗိုလ်ချုပ်​ဇော်မင်းထွန်းကဒိန်း​ဒေါင်တို့နဲ့ ပြုံးရွှင် ​နေချိန် ဖြစ်​နေလို့ပါပဲ ။

(​စစ်​ကောင်စီက နေပြည်​​တော်မှာ ​ပျော်ပွဲရွှင်ပွဲ​တွေ နဲ့တချိန်တည်းမှာ တော်လှန်​ရေးတပ်​တွေရဲ့ စခန်းသိမ်းတိုက်ပွဲ​​တွေကို ယှဥ်တွဲ​တွေ့ရစဥ်။ဓါတ်ပုံ-AA ၊ TNLA ၊ MDY-PDF ၊ စစ်​ကောင်စီ)
(​စစ်​ကောင်စီက နေပြည်​​တော်မှာ ​ပျော်ပွဲရွှင်ပွဲ​တွေ နဲ့တချိန်တည်းမှာ တော်လှန်​ရေးတပ်​တွေရဲ့ စခန်းသိမ်းတိုက်ပွဲ​​တွေကို ယှဥ်တွဲ​တွေ့ရစဥ်။ဓါတ်ပုံ-AA ၊ TNLA ၊ MDY-PDF ၊ စစ်​ကောင်စီ)

“စစ်ရေးမှာ အကြီးအကျယ်ရှုံးနိမ့်နေတဲ့အချိန်မှာ အခုလိုလုပ်တာက တော်တော်ရုပ်ပျက်ဆင်းပျက်နိုင်တယ်။ အခုက အင်တာနက်ခေတ်ဆိုတော့ သာမာန်ပြည်သူတွေအပြင် တပ်ထဲက မိသားစုတွေ၊ တပ်အသိုင်းအဝိုင်းတွေက အစ သူတို့အတွက်ပါ ခံစားချက်မကောင်းစေတာမျိုး ဖြစ်စေတယ်။ သူတို့တတွေက ပြေးလွှားနေရတယ်။ သူတို့ မိသားစုဝင်တွေ၊ ရှေ့တန်းမှာ ရောက်နေတဲ့သူတွေအတွက် ပူပန်နေရတဲ့အချိန်မှာ နေပြည်တော်မှာ ပြုံးပျော်ကခုန်နေတယ်ဆိုတာ တလွဲတော့ဖြစ်တာပေါ့။ အဲဒါက ဆိုးရွားတဲ့တန်ပြန်သက်ရောက်မှာ ရှိနိုင်တယ်”လို့ နိုင်ငံ​ရေး​လေ့လာ​စောင့်ကြည့်သူတစ်ဦးက​ပြောပါတယ် ။

နိုင်ငံတစ်ဝန်းစစ်​ရေးအကြီးအကျယ်ရှုံး​နိမ့်​နေချိန်မှာ စစ်​ကောင်စီက ဘာမှမဖြစ်ဘူး ​အေး​ဆေးပါဆိုတဲ့ ပုံရိပ်ကိုပြနိုင်ဖို့ အခုလိုပွဲ​တွေလုပ်​နေတာလို့ ​နေပြည်​တော်က သတင်းရင်းမြစ်တစ်ဦးကလည်း​ပြောပါတယ် ။

“မင်းအောင်လှိုင်က စီးပွားရေးတို့၊ ကုန်စျေးနှုန်းတို့၊ တရားဥပဒေစိုးမိုးရေးတို့၊ စစ်ရေးတို့မှာ အခြေအနေမကောင်းပေမယ့် လက်ရှိပြည်သူတွေအနေနဲ့ စစ်ကောင်စီရဲ့ အုပ်ချုပ်မှုအောက်မှာ ပျော်ပျော်ရွှင်ရွှင်ရှိနေတယ်ဆိုတာမျိုး ဒါမျိုးပုံရိပ်ကို ဆောင်ရွက်ဖို့အတွက် မူဝါဒချမှတ်ထားတယ်။ ဥပမာ မတ္တရာဆိုရင် အခြေအနေမကောင်းဘူး။ ဒါပေမဲ့ စစ်ကောင်စီမန္တလေးတိုင်းအစိုးရအဖွဲ့က တောင်ပြုန်းပွဲကို လုပ်ပါဆိုပြီး လုပ်ခိုင်းတယ်။ အဲဒီလိုမျိုးအပါအဝင် ရာသီအချိန်အခါနဲ့လိုက်တဲ့ ပွဲလမ်းသဘင်တွေ သူ့ဒေသအလိုက် ဒေသအလိုက် လုပ်ပါဆိုပြီး လုပ်ခိုင်းတယ်။ စစ်ခေါင်း

ဆောင်ရဲ့ မူအရ အခြေအနေတွေ ပုံမှန်ဖြစ်နေတယ်ဆိုတာကို ပြချင်တဲ့အနေနဲ့ လုပ်တာပေါ့”လို့ အထက်ပါပုဂ္ဂိုလ်က​ပြောပါတယ် ။

(​စစ်​ကောင်စီက နေပြည်​​တော်မှာ ​ပျော်ပွဲရွှင်ပွဲ​တွေ နဲ့တချိန်တည်းမှာ တော်လှန်​ရေးတပ်​တွေရဲ့ စခန်းသိမ်းတိုက်ပွဲ​​တွေကို ယှဥ်တွဲ​တွေ့ရစဥ်။ဓါတ်ပုံ-AA ၊ TNLA ၊ MDY-PDF ၊ စစ်​ကောင်စီ)
(​စစ်​ကောင်စီက နေပြည်​​တော်မှာ ​ပျော်ပွဲရွှင်ပွဲ​တွေ နဲ့တချိန်တည်းမှာ တော်လှန်​ရေးတပ်​တွေရဲ့ စခန်းသိမ်းတိုက်ပွဲ​​တွေကို ယှဥ်တွဲ​တွေ့ရစဥ်။ဓါတ်ပုံ-AA ၊ TNLA ၊ MDY-PDF ၊ စစ်​ကောင်စီ)

အခုလိုပျော်ပွဲရွှင်ပွဲလုပ်ဖို့ ပြန်ကြားရေးဝန်ကြီး မောင်မောင်အုန်းကို အာဏာသိမ်း​ခေါင်း​ဆောင်များကတာဝန်ပေးထားတယ်လို့လည်းသိရပါတယ် ။ ​မောင်​မောင်အုန်းက အနုပညာရှင်တွေနဲ့ ထိတွေ့ပြီး​တော့ အနုပညာရှင်တွေကို ဖဲ့ထုတ်စည်းရုံးတာ ၊ တင်ဒါတို့၊ ပါမစ်တို့ ​စတဲ့လုပ်ပိုင်ခွင့်​တွေပေးပြီး ​တော့အနုပညာရှင်​တွေကိုစည်းရုံးတယ်လို့ ​နေပြည်​တော်ကသတင်းရင်းမြစ်က​ပြောပါတယ် ။ ပြန်ကြား​ရေးဝန်ကြီးကလည်း ၁၀ ရာခိုင်နှုန်းဟု နာမည်ကြီးတဲ့အတိုင်း ဘာပွဲလုပ်လုပ် ကုန်ကြစာရိတ် ၁၀ ရာခိုင်နှုန်းကိုသူ့အိတ်ထဲ ထည့်ပြီး​တော့ အာဏာသိမ်းခေါင်းဆောင်​တွေချပေးတဲ့ မူတွေကို တက်တက်ကြွကြွလုပ်​နေတာလို့အထက်ပါသတင်းရင်းမြစ်ကဆက်​ပြောပါတယ် ။

(​စစ်​ကောင်စီက နေပြည်​​တော်မှာ ​ပျော်ပွဲရွှင်ပွဲ​တွေ နဲ့တချိန်တည်းမှာ တော်လှန်​ရေးတပ်​တွေရဲ့ စခန်းသိမ်းတိုက်ပွဲ​​တွေကို ယှဥ်တွဲ​တွေ့ရစဥ်။ဓါတ်ပုံ-AA ၊ TNLA ၊ MDY-PDF ၊ စစ်​ကောင်စီ)
(​စစ်​ကောင်စီက နေပြည်​​တော်မှာ ​ပျော်ပွဲရွှင်ပွဲ​တွေ နဲ့တချိန်တည်းမှာ တော်လှန်​ရေးတပ်​တွေရဲ့ စခန်းသိမ်းတိုက်ပွဲ​​တွေကို ယှဥ်တွဲ​တွေ့ရစဥ်။ဓါတ်ပုံ-AA ၊ TNLA ၊ MDY-PDF ၊ စစ်​ကောင်စီ)

စစ်​ကောင်စီရဲ့ ရည်ရွယ်ချက်ကို နိုင်ငံ​ရေး​လေ့လာသူတစ်ဦးက “အဓိကကတော့ လူတွေကို ပုံမှန်ဖြစ်သွားအောင်၊ ပုံမှန်နေထိုင်မှုထဲကို ရောက်သွားအောင်၊ ရွေးကောက်ပွဲလိုဟာမျိုးကို မျှော်လင့်လာအောင် သူတို့က အဖက်ဖက်ကနေ ကြိုးစားနေတာပေါ့။ သူတို့တောက်လျှောက်ကြိုးစားတဲ့ နည်းလမ်းက ပျော်ပွဲရွှင်ပွဲတွေ လုပ်ပေးမယ်၊ ပွဲကို မထပ်အောင်မျိုးစုံ၊ တစ်ခုပြီးတစ်ခု လတိုင်းလတိုင်း ပွဲမပြတ်အောင် စီစဥ်ထားတာတွေ့ရတယ်။ ဘယ်လောက်တောင်များလဲဆိုရင် ပွဲတိုင်းနီးပါးက အပြင်ကလာတဲ့ လူတောင်မရှိတော့ဘူး။ သူတို့လူ၊ သူတို့အချင်းချင်းပဲ များတယ်။ ဘာဆုပေးပြီးရင် ဘာဆုထပ်ပေးမယ်၊ ဘယ်ရာသီမှာ ဘယ်ပွဲလုပ်မယ် အဲဒီလို ကြံစည်လုပ်ဆောင်နေတာ တွေ့ရတယ်။”လို့​ပြောပါတယ် ။

ဒါ​ကြောင့်ပဲ ဒီလပိုင်းတွေထဲမှာ စစ်ကောင်စီဘက်က မြို့တွေ ၊ သူတို့ရဲ့ စစ်ဌာနချုပ်လိုနေရာတွေ ၊ အရေးပါတဲ့နေရာတွေ တော်တော်များများ ဆုံးရှုံးရပေမယ့် နေပြည်တော်မှာတော့ ပျော်ပွဲတွေ‌ကျင်းပနေတတာပါ။

ဒါပေမဲ့ အဲဒီလိုပွဲလုပ်​နေ​ပေမယ့် လူတွေကစစ်ကောင်စီဘက်ကို ပါမသွားပဲ အဲဒီပွဲတွေက for show သပ်သပ်ပဲ ဖြစ်နေတယ်လို့ နိုင်ငံ​ရေး​လေ့လာသူတစ်ဦးကသုံးသပ်ပါတယ် ။

(​စစ်​ကောင်စီက နေပြည်​​တော်မှာ ​ပျော်ပွဲရွှင်ပွဲ​တွေ နဲ့တချိန်တည်းမှာ တော်လှန်​ရေးတပ်​တွေရဲ့ စခန်းသိမ်းတိုက်ပွဲ​​တွေကို ယှဥ်တွဲ​တွေ့ရစဥ်။ဓါတ်ပုံ-AA ၊ TNLA ၊ MDY-PDF ၊ စစ်​ကောင်စီ)
(​စစ်​ကောင်စီက နေပြည်​​တော်မှာ ​ပျော်ပွဲရွှင်ပွဲ​တွေ နဲ့တချိန်တည်းမှာ တော်လှန်​ရေးတပ်​တွေရဲ့ စခန်းသိမ်းတိုက်ပွဲ​​တွေကို ယှဥ်တွဲ​တွေ့ရစဥ်။ဓါတ်ပုံ-AA ၊ TNLA ၊ MDY-PDF ၊ စစ်​ကောင်စီ)

စမ်းချောင်းပင်မသပိတ်စစ်ကြောင်းဥက္ကဌ ကိုပီတာကြီးက လည်း”အကြမ်းဖက်စစ်တပ်ကအောက်ခြေစစ်သားတွေကိုတကယ်မကြည့်ဘူး။ သူတို့မိသားစုတွေအတွက် သူတို့ကောင်းစားရေးကိုပဲကြည့်တယ်မြင်တယ်။ အောက်ခြေစစ်သားတွေသေချင်သေ သူတို့ရဲ့ပွဲတော်တွေနဲ့ပျော်ပါးမယ်။”လို့ပြောပါတယ်။

ဒါအပြင် စစ်ကောင်စီအနေနဲ့ အနုပညာရှင်တွေ ကို အသုံးချကာ သူတို့ရဲ့စစ်ရေးရှုံးနိမ့်မှုတွေ ကို ဖုံးကွယ်တာဖြစ်သလို နိုင်ငံတကာဘက်ကလည်း နေပြည်တော်အေးချမ်းနေတယ်လို့ ထင်မြင်အောင်လုပ်ဆောင်ခြင်းဖြစ်နိုင်တယ်လို့ ဦးပီတာကြီးကသုံးသပ်ပါတယ်။

“မသာပွဲက အသံကို ဖက်ခွက်စား တွေရဲ့မြှူသံနဲ့ ဖုံးချင်တာဗျ” အနုပညာရှင်တွေ ကိုအသုံးချကာပွဲတွေ ပြုလုပ်နေတဲ့အပေါ် ဒါရိုက်တာ သွန်းနေစိုးကအထက်ပါအတိုင်း ခပ်ပြတ်ပြတ်မှတ်ချက်ပေးပါတယ်။

ပြည်သူအားလုံးကို စားဝတ်နေရး ခက်ခဲကြပ်တည်းအောင် လုပ်‌ဆောင်တဲ့ စစ်ကောင်စီနှင့် လက်တွဲလုပ်ဆောင်ဝာာ‌တွေ ကို အနုပညာရှင်တွေ အနေနဲ့ ရှောင်ကြဉ်သင့်တယ်လို့ ဒါရိုက်တာသွန်းနေစိုးက အကြံပြုထားပါတယ်။

(​စစ်​ကောင်စီက နေပြည်​​တော်မှာ ​ပျော်ပွဲရွှင်ပွဲ​တွေ နဲ့တချိန်တည်းမှာ တော်လှန်​ရေးတပ်​တွေရဲ့ စခန်းသိမ်းတိုက်ပွဲ​​တွေကို ယှဥ်တွဲ​တွေ့ရစဥ်။ဓါတ်ပုံ-AA ၊ TNLA ၊ MDY-PDF ၊ စစ်​ကောင်စီ)
(​စစ်​ကောင်စီက နေပြည်​​တော်မှာ ​ပျော်ပွဲရွှင်ပွဲ​တွေ နဲ့တချိန်တည်းမှာ တော်လှန်​ရေးတပ်​တွေရဲ့ စခန်းသိမ်းတိုက်ပွဲ​​တွေကို ယှဥ်တွဲ​တွေ့ရစဥ်။ဓါတ်ပုံ-AA ၊ TNLA ၊ MDY-PDF ၊ စစ်​ကောင်စီ)

“ခဏလေးပါဗျာ။မကြာတော့ပါဘူး။အခုဆို မိုးကုတ်တွေ၊ လားရှိုးတွေ၊ပြင်ဦးလွင်တွေ၊ မတ္တရာတွေအထိ ရောက်နေပါပြီ။ပြောလိုက်ရင်တော့ ပရိသတ်ကြီး အတွက်ဆိုတာ ပါးစပ်က မချ။အေး ပရိသတ်ကြီးတွေ ငိုနေရတဲ့အချိန်မှာ၊သူတို့ကို ငိုအောင်လုပ်တဲ့ကောင်တွေနဲ့သွားပရောပရီ မလုပ်လို့ မရဘူးလားဗျာ။” လို့ သွန်းနေစိုးက စစ်ကောင်စီပွဲတွေမှာပါဝင်တဲ့ အနုပညာရှင်တွေကို မေးခွန်းထုတ်ထားပါတယ်။

ပြည်သူတွေဘက်ကလည်း စစ်ကောင်စီနဲ့ ပတ်သက်တဲ့ အနုပညာရှင်တွေဆိုရင် အားတတ်သရော Boycott ပြုလုပ်ကြပါတယ်။ ပြီးခဲ့တဲ့ ရက်က BC ကိုမသိတဲ့လေးဖြူကို BC အကြောင်းသိစေဖို့ တေးရေးတစ်ယောက်က သူ့သီချင်းမဆိုဖို့ ပြတ်ပြတ်သားသားကြေညာခဲ့ပါတယ်။

ဒါပေမယ့်လည်း ပြည်သူတွေဘက်က စစ်ကောင်စီနဲ့ လက်တွဲနေတဲ့ အနုပညာရှင်တွေ ဘယ်သူဆိုတာ သိလာပြီဖြစ်လို့ ပြတ်ပြတ်သားသားဘွိုင်းကော့ပြုလုပ်ရမယ်လို့ တိုက်တွန်းထားကြပါတယ်။

(​စစ်​ကောင်စီက နေပြည်​​တော်မှာ ​ပျော်ပွဲရွှင်ပွဲ​တွေ နဲ့တချိန်တည်းမှာ တော်လှန်​ရေးတပ်​တွေရဲ့ စခန်းသိမ်းတိုက်ပွဲ​​တွေကို ယှဥ်တွဲ​တွေ့ရစဥ်။ဓါတ်ပုံ-AA ၊ TNLA ၊ MDY-PDF ၊ စစ်​ကောင်စီ)
(​စစ်​ကောင်စီက နေပြည်​​တော်မှာ ​ပျော်ပွဲရွှင်ပွဲ​တွေ နဲ့တချိန်တည်းမှာ တော်လှန်​ရေးတပ်​တွေရဲ့ စခန်းသိမ်းတိုက်ပွဲ​​တွေကို ယှဥ်တွဲ​တွေ့ရစဥ်။ဓါတ်ပုံ-AA ၊ TNLA ၊ MDY-PDF ၊ စစ်​ကောင်စီ)

“ပြည်သူတွေအနေနဲ့ ပြတ်ပြတ်သားသားလုပ်ဆောင်ရမယ်။ ဘွိုင်းကော့ ဘယ်သူတွေကိုလုပ်ရမယ်ဆိုဝာာပြတ်ပြတ်သားသားသိလာပြီ။” လို့ ကိုပီတာကြီးက တိုက်တွန်းထားပါတယ်။

ဒါ​ပေမယ့် စစ်အုပ်စု ၂၀ ရာစုကတည်းကအသုံးပြုခဲ့တဲ့နည်းလမ်း​တွေဟာ ​နွေဦး​တော်လှန်​ရေးမှာ အလုပ်မဖြစ်နိုင်​တော့ဘူးလို့​​နေပြည်​တော်ကသတင်းရင်းမြစ်က ​ပြောပါတယ် ။

“မဖြစ်နိုင်တော့ဘူး။ လူထုက ပိုင်းဖြတ်ချက်ရှိသွားပြီ။ ဒီအချိန်က အမြင့်ဆုံးရောက်သွားတဲ့အချိန်မှာ ကျန်တဲ့အခင်းအကျင်းတွေ မတိုးတော့တဲ့သဘောပဲ။ ဒီလိုအချိန်မှာ အနုပညာသည် ချောက်တီးချောက်ချက်နဲ့ လုပ်ပြတာက တကယ်ကို ရယ်စရာကြီး။ သူတို့အထဲထဲမှာတောင် မတိုးဘူး၊ ကျန်တာတော့ ပြောမနေနဲ့တော့” ။ ။

(​စစ်​ကောင်စီက နေပြည်​​တော်မှာ ​ပျော်ပွဲရွှင်ပွဲ​တွေ နဲ့တချိန်တည်းမှာ တော်လှန်​ရေးတပ်​တွေရဲ့ စခန်းသိမ်းတိုက်ပွဲ​​တွေကို ယှဥ်တွဲ​တွေ့ရစဥ်။ဓါတ်ပုံ-AA ၊ TNLA ၊ MDY-PDF ၊ စစ်​ကောင်စီ)

ဆက်စပ်သတင်းများ

သတင်း

လားရှိုးမြို့တွင်လည်း ယနေ့ တိုက်ပွဲဆက်လက်ဖြစ်ခဲ့သော်လည်း TNLA၏ စစ်ရေး သတင်းထုတ်ပြန်ချက်တွင် လားရှိုးတိုက်ပွဲအခြေအနေ ဖော်ပြမထားပေ။

သတင်း

ထွက်ပြေးသည့် စစ်ကောင်စီတပ်ဖွဲ့ဝင်များကို KNLA ကဖမ်းမိပါက သတ်ဖြတ်သည်ဟု ခြိမ်းခြောက်မှုများ ရှိနေသည်ဟုပြောသည်။

သတင်း

ချင်းတွင်းမြစ်ရေသည် စစ်ကိုင်းတိုင်း ခန္တီးမြို့နယ်၊ ဟုမ္မလင်းမြို့နယ်၊ ဖောင်းပြင်မြို့နယ်၊မော်လိုက်မြို့နယ်၊ ကလေးဝမြို့နယ်နှင့် မင်းကင်းမြို့နယ်တို့၌ စိုးရိမ်‌ရေမှတ်အထက် မြင့်တက်နေသည်။

သတင်း

လားရှိူးမြို့မှ သီပေါမြို့သို့အထွက်လမ်းနှင့် သိန္နီမြို့ဘက်သို့အထွက်လမ်းများကို စစ်ကောင်စီက နံနက် ၁၁နာရီခန့်မှစတင်၍ပိတ်ဆို့လိုက်ခြင်းဟု စစ်ဘေးရှောင်များက ပြောသည်။