Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

ရဲဘော်များ ​စျေးဝယ်ရာတွင်​ငွေပေးချေရန် ၊ စျေးဆိုင်များကလည်း လက်ခံပေးရန် မန္တလေး PDF ​မေတ္တာရပ်ခံ

ပြည်သူ့ကာကွယ်ရေးတပ်မတော်(မန္တလေး)က PDFရဲဘော်များ စျေးဝယ်ရာတွင်လိုက်နာရမည့်အချက်များအား ပြီးခဲ့သည့် ၂၀၂၃ နိုဝင်ဘာ ၂၂ရက်က ထုတ်ပြန်ခဲ့သည့်ကြေညာချက်အား ယခုအခါ စိုးမိုးနယ်မြေရှိ စျေးဆိုင်အရောင်းဆိုင်များ၌ လိုက်လံကပ်ထားခဲ့ခြင်းဖြစ်သည်။

ကျသင့်ငွေလက်ခံပေးရန် ကြေညာချက်အား PDFရဲဘော်များက စျေးဆိုင်အရောင်းဆိုင်များ၌ လိုက်ကပ်နေစဥ်။ ဓာတ်ပုံ-MDY PDF

ဇေအောင်/People’s Spring

PDFရဲဘော်များ စျေးဝယ်လျှင် ကျသင့်ငွေအတိုင်း ပေးချေရန်နှင့် စျေးဆိုင်များကလည်း ကျသင့်ငွေအား လက်ခံပေးရန် ဆိုင်ရှင်များထံ မေတ္တာရပ်ခံသည့် ကြေညာချက်အား ပြည်သူ့ကာကွယ်ရေးတပ်မတော်(မန္တလေး)က ၎င်းတို့ စိုးမိုးနယ်မြေရှိ စျေးဆိုင်များတွင် လိုက်လံကပ်ထားခဲ့သည်။

ပြည်သူ့ကာကွယ်ရေးတပ်မတော်(မန္တလေး)က PDFရဲဘော်များ စျေးဝယ်ရာတွင်လိုက်နာရမည့်အချက်များအား ပြီးခဲ့သည့် ၂၀၂၃ နိုဝင်ဘာ ၂၂ရက်က ထုတ်ပြန်ခဲ့သည့်ကြေညာချက်အား ယခုအခါ စိုးမိုးနယ်မြေရှိ စျေးဆိုင်အရောင်းဆိုင်များ၌ လိုက်လံကပ်ထားခဲ့ခြင်းဖြစ်သည်။

Public Service Announcement

Public Service Announcement

ကြေညာချက်တွင် ပြည်သူ့ကာကွယ်ရေးတပ်မတော်(မန္တလေး)၏ အဆင့်ဆင့်သော စစ်သည် စစ်မေများအားလုံးအနေဖြင့် မိမိတပ်ဖွဲ့အခြေချလှုပ်ရှားရာဒေသအတွင်း တပ်ဖွဲ့အတွက်လိုအပ်သောကုန်ပစ္စည်းများဝယ်ယူသည့်အခါတွင် ကျသင့်ငွေတန်ဖိုးကိုမဖြစ်မနေပေးချေ၍သာ ဝယ်ယူသုံးစွဲရန် ထုတ်ပြန်ညွှန်ကြားလိုက်ကြောင်း မန္တလေး PDFက အသိပေးခဲ့သည်။

ထို့အပြင် နယ်မြေခံပြည်သူလူထုနှင့်စျေးဆိုင်ပိုင်ရှင်များကလည်း ပြည်သူ့ကာကွယ်ရေးတပ်မတော်(မန္တလေး)မှရဲဘော်များ စျေးဝယ်သည့်အခါတွင် ပစ္စည်းတန်ဖိုးအတိုင်းသာရောင်းချ၍ ကျသင့်ငွေအား လက်ခံပေးပါရန် မန္တလေး PDFက မေတ္တာရပ်ခံခဲ့သည်။

“ကျွန်တော်တို့ရဲ့ထိန်းချုပ်နယ်မြေထဲမှာရှိတဲ့ စျေးဆိုင်တွေကိုအရင်ကတည်းကလည်းညွှန်ကြားချက်ကို ပြည်သူတွေ သိရှိဖို့ လိုက်ကပ်တာမျိုးတွေ ဖြန့်ဝေတာမျိုးတွေ လုပ်ဆောင်ပါတယ်။ အခုလည်းထပ်တိုးရရှိထားတဲ့ ထိန်းချုပ်နယ်မြေတွေကို ဒီစာရွက်တွေထပ်ပြီးတော့ လိုက်လံဖြန့်ဝေတာဖြစ်ပါတယ်။”ဟု မန္တလေး PDF၏ ပြောရေးဆိုခွင့်ရှိသူ ကိုအော်စမွန်က ပြောသည်။

မန္တလေး PDFသည် ကျင့်ဝတ်လိုက်နာပြီး စစ်စည်းကမ်းကောင်းမွန်ကာ ပြည်သူလူထုကိုကာကွယ်စောင့်ရှောက်ရန် စုဖွဲ့ထားသောတော်လှန်ရေးတပ်ဖွဲ့တစ်ခုဖြစ်ကြောင်း ထပ်မံအသိပေးထားသည်။

မန္တလေး PDFသည် ယခုနှစ်ပိုင်းအတွင်း တိုင်းရင်းသားတပ်များနှင့်ပူးပေါင်း၍ မန္တလေးတိုင်းနှင့် ရှမ်းပြည်နယ်မြောက်ပိုင်း၌ စစ်စခန်းအများအပြားသိမ်းပိုက်ကာ အောင်ပွဲများ ခပ်စိတ်စိတ်ရရှိနေသော အဖွဲ့အစည်းတစ်ခုဖြစ်သည်။

ဆက်စပ်သတင်းများ

သတင်း

စဥ့်ကူးမြို့သိမ်းတိုက်ပွဲ၌ စစ်သုံ့ပန်းဖမ်းဆီးရမိခဲ့သည့် ရုပ်သံမှတ်တမ်းကို ပြည်သူ့ကာကွယ်ရေးတပ်မတော်(မန္တလေး)ကယနေ့(ဇူလိုင်၂၉ရက်) ညနေပိုင်းတွင် ထုတ်ပြန်ခဲ့သည်။

သတင်း

မိတ်ဖက်တော်လှန်ရေးတပ်ဖွဲ့များ တော်လှန်ရေးအသိသတိရှိပေးရန်နှင့် လေးစားလိုက်နာရမည့် ကျင့်ဝတ်စံနှုန်းများနှင့်အညီ ပြုမူနေထိုင်ပေးရန် မန္တလေး PDFတိုက်တွန်း

သတင်း

ဇူလိုင် ၂၄ ရက် ညနေ ၃နာရီ မိနစ် ၄၀ခန့်က မိုးကုတ်ဗျူဟာကုန်းစခန်းအား တိုက်ခိုက်သိမ်းပိုက်ပြီးနောက် မြင်တွေ့ရသည့်အခြေအနေ မှတ်တမ်းဓာတ်ပုံများအား မိုးကုတ်ဗျူဟာက ထုတ်ပြန်လိုက်ခြင်း ဖြစ်သည်။

သတင်း

လက်ရှိ စစ်ရေးအခြေအနေများအရ စစ်ကောင်စီက အရပ်သားပစ်မှတ်ထား တိုက်ခိုက်မှုတိုးမြှင့်လုပ်လာနိုင်ဟု သတိပေး