သုည/People’s Spring
စစ်ကိုင်းတိုင်း မုံရွာမြို့နယ်နှင့် ဘုတလင်မြို့နယ်တို့တွင် ပြည်သူ့ကာကွယ်ရေးတပ်(PDF) ရဲဘော်နှင့် ဒေသခံပြည်သူများက (၇၇)နှစ်မြောက် အာဇာနည်နေ့အခမ်းအနားကို ယနေ့ (ဇူလိုင် ၁၉)နံနက်က ကျင်းပပြုလုပ်ခဲ့သည်။
မုံရွာမြို့နယ်တွင် ဗမာလွတ်မြောက်ရေးဒီမိုကရက်တစ်တပ်ဦး စစ်ဒေသ(၂)ရဲဘော်များ၊ ပညာရေးဝန်ထမ်းနှင့် ကျောင်းသားများ၊ ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့များ ပူးပေါင်းကာ ကျဆုံးအာဇာနည်များ၏ ဓာတ်ပုံများ ကိုင်ဆောင်ချီတက်ခဲ့ပြီး ဂုဏ်ပြုအလေးပြုခြင်းကို လုပ်ဆောင်ခဲ့သည်။

Public Service Announcement


ယင်းအခမ်းအနားကို ဗမာလွတ်မြောက်ရေးဒီမိုကရက်တစ်တပ်ဦး စစ်ဒေသ(၂)ရဲဘော်များ၊ Burma Liberation Democratic Front – BLDF နှင့် Special Regional Attacks Forces-Monywaမှ ရဲဘော်များနှင့် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့များ ပူးပေါင်းပါဝင်ခဲ့ကြသည်။


ဘုတလင်မြို့နယ်တွင်လည်း သပိတ်အင်အားစုကဦးဆောင်၍ (၇၇)နှစ်မြောက် အာဇာနည်နေ့ အထိမ်းအမှတ်အဖြစ် ဗိုလ်ချုပ်အောင်ဆန်းနှင့် အာဇာနည်ခေါင်းဆောင်ကြီးများ အပါအဝင် နွေဦးတော်လှန်ရေးတွင် ကျဆုံးသွားသော ရဲဘော်များအား အလေးပြုခြင်း အခမ်းအနားကို ပြုလုပ်ခဲ့ကြသည်။
