မိထက်/People’s Spring
မကွေးတိုင်း၊ ထီးလင်းမြို့ရှိ ရွှေထီးခန်းမမှ စစ်ကောင်စီတပ်သားတစ်ဦးသည် ဂန့်ဂေါခရိုင် အမှတ်(၁၈) တပ်ရင်း(YNRF)ထံ အလင်းဝင်လာခဲ့သည်။
တပ်သား ကျော်မိုးဆွေသည် MA 1 သေနတ်တစ်လက်၊ ကျည်ဘောက် သုံးခု၊ ၅.၅၆ ကျည် ၃၄၇ တောင့် ၊ကျည်ကာအင်္ကျီနှစ်ထည်နှင့်အတူ ဇူလိုင် ၈ရက်က အလင်းဝင်လာခဲ့ခြင်းဟု YNRFက ယနေ့(ဇူလိုင် ၁၉ရက်) သတင်းထုတ်ပြန်သည်။

Public Service Announcement

” လူငယ်တစ်ယောက်ပါ။ သူ့လုပ်သင့်တာ လုပ်တာလို့ ပြောပါတယ်။ ကျတော်တို့ကတော့ ကြိုဆိုနေပါတယ်”ဟု ထီးလင်းမြို့မှ ကာကွယ်ရေးရဲဘော်တစ်ဦးက ပြောသည်။
အဆိုပါ စစ်ကောင်စီတပ်သားအား YNRFက ကျပ်သိန်း၅၀ ပေးအပ်ခဲ့သည်။
YNRF သည် ထီးလင်းမြို့နယ်အထွေထွေအုပ်ချုပ်ရေးမှူးရုံးနှင့်ရဲစခန်းအပါအဝင် စစ်ကောင်စီတပ်စွဲထားသည့်နေရာ ရှစ်ခုကို ဂန့်ဂေါခရိုင်တပ်ရင်းများနှင့်ထီးလင်းမြို့နယ်ပကဖ ပူးပေါင်းပြီး ဇူလိုင် ၉ရက်က တိုက်ခိုက်ခဲ့သည်။ ထီးလင်းမြို့သို့ အားစမ်းထိုးစစ်တိုက်ခိုက်မှု ပြုလုပ်ခဲ့ခြင်းဟု YNRFက သတင်းထုတ်ပြန်ခဲ့သည်။
