သုည/People’s Spring
မန္တလေးမြို့ တစ်နေရာတွင် သပိတ်အင်အားစုမှ လူငယ်များက ဦးဆောင်၍ (၇၇)နှစ်မြောက် အာဇာနည်နေ့ အထိမ်းအမှတ်အဖြစ် စစ်အာဏာရှင်ဆန့်ကျင်ရေး လှုပ်ရှားမှု ယနေ့ (ဇူလိုင် ၁၉) နံနက်က ပြုလုပ်ခဲ့သည်။
မန္တလေးမြို့ ကျုံးရှေ့နှင့် လူစည်ကားရာနေရာအချို့တွင် လူငယ်များက “အဆုံးသတ်တိုက်ပွဲကို အာဇာနည်သွေးနဲ့ ရေးထိုးကြ” စာသားပါ အကျီများကို ဝတ်ဆင်ပြီး အာဇာနည် ၉ဦးနှင့်တကွ နွေဦးတော်လှန်ရေးတွင် အသက်ပေးလှူခဲ့ကြသည့် အာဇာနည်များကို ဂုဏ်ပြုကြောင်း ပြသခဲ့ကြသည်။

Public Service Announcement



ယနေ့ အာဇာနည်နေ့တွင် ရန်ကုန်မြို့နှင့် မန္တလေးမြို့တို့၌ အာဏာသိမ်းစစ်ကောင်စီက လုံခြုံရေးများ တင်းကြပ်နေသည့်ကြားမှ တော်လှန်လူငယ်များက စစ်အာဏာရှင်ဆန့်ကျင်ရေး လှုပ်ရှားမှုကို နည်းလမ်းမျိုးစုံဖြင့် ပြုလုပ်နေသည်။
