Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

ဆဒုံး – ကန်ပိုက်တီးဒေသ KIA ယနေ့ထိုးစစ် စစ်ကောင်စီ လက်အောက်ခံ တပ်စခန်းသုံးခုကို သိမ်းပိုက်

စစ်ကောင်စီတပ်ဘက်က လေကြောင်း ပစ်ကူ၊ လက်နက်ကြီး ပစ်ကူပေးတိုက်ခိုက်မှုများရှိသကဲ့သို့ KIA အနေဖြင့်လည်း အခြားနေရာများ၌ ထိုးစစ်ဆင်မှုများ ရှိနေကြောင်း သတင်းရင်းမြစ်က ပြောသည်။

(ကချင်လွတ်လပ်ရေးတပ်မတော် (KIA)မှ ရဲဘေယ်များအား ရှေ့တန်းတနေရာ၌ တွေ့ရစဉ်နှင့်ဇွန် ၁၁ ရက်တွင်KIAသိမ်းပိုက်ခဲ့​​သောစစ်​ကောင်စီ၏ နယ်ခြား​စောင့်စခန်းတစ်ခု။ ဓာတ်ပုံ - KIA)
(ကချင်လွတ်လပ်ရေးတပ်မတော် (KIA)မှ ရဲဘေယ်များအား ရှေ့တန်းတနေရာ၌ တွေ့ရစဉ်နှင့်ဇွန် ၁၁ ရက်တွင်KIAသိမ်းပိုက်ခဲ့​​သောစစ်​ကောင်စီ၏ နယ်ခြား​စောင့်စခန်းတစ်ခု။ ဓာတ်ပုံ - KIA)

ဟန်နွေ/People’s Spring

ကချင်ပြည်နယ် ဝိုင်းမော်မြို့နယ် ဆဒုံးဒေသ၊ ကန်ပိုက်တီဒေသရှိ စစ်ကောင်စီတပ်စခန်း သုံးခုကို ကချင်လွတ်လပ်ရေးတပ်မတော်(KIA)က ယနေ့(ဇွန်လ ၁၁ရက်)တိုက်ခိုက်သိမ်းပိုက်ရရှိထားဟု ကချင်စစ်ရေး သတင်းရင်းမြစ်က အတည်ပြုသည်။

မေလ ၂၁ရက်တွင် ဝိုင်းမော်မြို့နယ် ရွှေညောင်ပင်အခြေစိုက် ခမရ(၃၂၁)ကို တိုက်ခိုက်သိမ်းပိုက်ပြီးနောက် စခန်းသိမ်းတိုက်ပွဲ ဆင်နွှဲမှု ခေတ္တရပ်နားထားသည့် KIAသည် ယမန်နေ့(ဇွန်လ ၁၀ရက်)တွင် တနိုင်းမြို့နယ် ရှိ တပ်စခန်းကို သိမ်းပိုက်ပြီးနောက် ယနေ့ (ဇွန်လ ၁၁ရက်) မနက်တွင် ဝိုင်းမော်မြို့မှ ကန်ပိုက်တီ သွား လမ်းပေါ်ရှိ စစ်ကောင်စီ လက်အောက်ခံ စခန်းများကို တိုက်ခိုက်သိမ်းပိုက်ခြင်းများ တပြိုင်တည်း လုပ်ဆောင်ခဲ့ခြင်းဖြစ်သည်။

(ကချင်လွတ်လပ်ရေးတပ်မတော် (KIA)မှ ရဲဘေယ်များအား ရှေ့တန်းတနေရာ၌ တွေ့ရစဉ်နှင့်ဇွန် ၁၁ ရက်တွင်KIAသိမ်းပိုက်ခဲ့​​သောစစ်​ကောင်စီ၏ နယ်ခြား​စောင့်စခန်းတစ်ခု။ ဓာတ်ပုံ - KIA)
(ကချင်လွတ်လပ်ရေးတပ်မတော် (KIA)မှ ရဲဘေယ်များအား ရှေ့တန်းတနေရာ၌ တွေ့ရစဉ်နှင့်ဇွန် ၁၁ ရက်တွင်KIAသိမ်းပိုက်ခဲ့​​သောစစ်​ကောင်စီ၏ နယ်ခြား​စောင့်စခန်းတစ်ခု။ ဓာတ်ပုံ – KIA)

“ဆဒုံးလမ်းဘက်က စကစ စခန်း သိမ်းယူနိုင်တာ ဟုတ်တယ်။ ၃ခု သိမ်းတာ”ဟု ကချင်စစ်ရေးသတင်းရင်းမြစ်က ပြောသည်။

Public Service Announcement

Public Service Announcement

အခြားသတင်းရင်းမြစ်တစ်ဦးကလည်း “ချီဖွေ ကန်ပိုင်တည် လမ်းခွဲက စုပေါင်းဂိတ်၊ ကန်ပိုင်တည်လမ်းက လဖိုင် စခန်း၊ ကန်ပိုင်တည်လမ်းကဘွမ်တောင် စခန်း၃ ခုရပြီးပြီ”ဟု ပြောသည်။

စစ်ကောင်စီတပ်ဘက်က လေကြောင်း ပစ်ကူ၊ လက်နက်ကြီး ပစ်ကူပေးတိုက်ခိုက်မှုများရှိသကဲ့သို့ KIA အနေဖြင့်လည်း အခြားနေရာများ၌ ထိုးစစ်ဆင်မှုများ ရှိနေကြောင်း သတင်းရင်းမြစ်က ပြောသည်။

(ကချင်လွတ်လပ်ရေးတပ်မတော် (KIA)မှ ရဲဘေယ်များအား ရှေ့တန်းတနေရာ၌ တွေ့ရစဉ်နှင့်ဇွန် ၁၁ ရက်တွင်KIAသိမ်းပိုက်ခဲ့​​သောစစ်​ကောင်စီ၏ နယ်ခြား​စောင့်စခန်းတစ်ခု။ ဓာတ်ပုံ - KIA)
(ကချင်လွတ်လပ်ရေးတပ်မတော် (KIA)မှ ရဲဘေယ်များအား ရှေ့တန်းတနေရာ၌ တွေ့ရစဉ်နှင့်ဇွန် ၁၁ ရက်တွင်KIAသိမ်းပိုက်ခဲ့​​သောစစ်​ကောင်စီ၏ နယ်ခြား​စောင့်စခန်းတစ်ခု။ ဓာတ်ပုံ – KIA)

လဖိုင် BGF-၁၀၀၃ ရှေ့တန်းစခန်းအား ဇွန်လ ၁၁ရက် နံနက် ၁၀နာရီ ၅၀မိနစ်တွင် သိမ်းပိုက်နိုင်ခဲ့ခြင်းဖြစ်ပြီး ဆဒုန်းမြို့သွားလမ်းမပေါ်မှ လမ်းဆုံ (၁၃)မိုင် ဂိတ်၊ စခန်းကုန်းနှင့် ပြည်သူ့စစ် စခန်းကုန်းတို့အား ဇွန်လ ၁၁ရက် နံနက် ၉နာရီတွင် သိမ်းပိုက်နိုင်ခဲ့ခြင်းဖြစ်သည်ဟု ကချင်သတင်းရင်းမြစ်တစ်ဦးက လူမှုကွန်ရက်၌ ရေးသားအသိပေးထားသည်။

ထို့ပြင် ဝိုင်းမော်မြို့နယ် ဆဒုန်းလမ်းပေါ်ရှိ ဘွမ်တောင်စခန်းကို မနက် ၇နာရီခန့် သိမ်းပိုက်ခဲ့ရာ စစ်ကောင်စီဘက်က သုံ့ပန်းနှင့် လက်နက်များ ရရှိခဲ့သည်ဟုဆိုသည်။

(ကချင်လွတ်လပ်ရေးတပ်မတော် (KIA)မှ ရဲဘေယ်များအား ရှေ့တန်းတနေရာ၌ တွေ့ရစဉ်နှင့်ဇွန် ၁၁ ရက်တွင်KIAသိမ်းပိုက်ခဲ့​​သောစစ်​ကောင်စီ၏ နယ်ခြား​စောင့်စခန်းတစ်ခု။ ဓာတ်ပုံ - KIA)
(ကချင်လွတ်လပ်ရေးတပ်မတော် (KIA)မှ ရဲဘေယ်များအား ရှေ့တန်းတနေရာ၌ တွေ့ရစဉ်နှင့်ဇွန် ၁၁ ရက်တွင်KIAသိမ်းပိုက်ခဲ့​​သောစစ်​ကောင်စီ၏ နယ်ခြား​စောင့်စခန်းတစ်ခု။ ဓာတ်ပုံ – KIA)

KIA အနေဖြင့် ၂၀၂၃ အောက်တိုဘာ ၁၈ရက်တွင် ကချင်နှင့် ရှမ်းမြောက်ရှိ စစ်ကောင်စီတပ်စခန်းများ သိမ်းပိုက်သည့် စစ်ဆင်ရေးကို စတင်ခဲ့သည်။ ထို့နောက်မတ်လ ၇ရက်တင် စစ်ရှိန်မြှင့်ပြီး စစ်ကောင်စီတပ်စခန်းများစွာကို တပြိုင်တည်း ထိုးစစ်ဆင် တိုက်ခိုက်ခြင်းကို တဆင့်ပြီး တဆင့်လုပ်ဆောင်ခဲ့ရာ စစ်ကောင်စီတပ်ရင်းဌာနချုပ်များ၊ ဗျူဟာကုန်းများ၊ ရှေ့တန်းစခန်းများ၊ ဂိတ်များ၊ ပြည်သူ့စစ်နှင့် နယ်ခြားစောင့်တပ်စခန်းများ စုစုပေါင်း စစ်ကောင်စီ လက်အောက်ခံတပ်စခန်း ၁၀၀ကျော်ကို မတ်လ ၇ရက် စစ်ဆင်ရေးနောက်ပိုင်း သိမ်းယူနိုင်ခဲ့သည်။

ဆက်စပ်သတင်းများ

သတင်း

KIA သည် မေလ ၂၁ရက်က ဝိုင်းမော်မြို့နယ်ရှိ ခမရ(၃၂၁)တပ်စခန်းသိမ်းပြီးနောက် ယနေ့(ဇွန်လ ၁၁ရက်)တွင် စခန်းသိမ်းထိုးစစ်ဆင်မှု ဆက်လက် လုပ်ဆောင်လာခြင်းဖြစ်သည်။

သတင်း

စစ်ကောင်စီက လေကြောင်းနှင့် ဒရုန်းများဖြင့် ပစ်ခတ်တိုက်ခိုက်မှုများ အရှိန်မြင့်လာသည့် အပေါ် ယနေ့(ဇွန်လ ၁၁ရက်)တွင် သတိပေးထုတ်ပြန်ခြင်းဖြစ်သည်။

သတင်း

ချင်းညီနောင်တပ်ဖွဲ့ဝင်များထက် စစ်ကောင်စီက ချင်းအမျိုးသားတပ်မတော် (CNA) ပူးပေါင်းတပ်များ မြို့သိမ်းတိုက်ပွဲဖော်ဆောင်လာမည်ကို စိုးရိမ်နေသည်ဟု ချင်းသတင်းရင်းမြစ်က သုံးသပ်သည်။

ဆောင်းပါး

ကရင်နီပြည်က ကျောင်းသားမိဘ​တွေဟာ မြာ​မော်လိုပဲ ရင်​သွေးငယ်​တွေအတွက်​ကျောင်းဖွင့်ရာသီ​တွေမှာ စိုးရိမ်​နေကြရပါတယ် ။ ​ကျောင်းသားမိဘ​တွေ ဒီလိုသောက​တွေ​ဝေ​အောင်လည်း အာဏာသိမ်းစစ်ကောင်စီက အကြိမ်ပေါင်းများစွာကျောင်း​တွေကို ဗုံးကြဲခဲ့ပါတယ်။