Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

KIAက စစ်ကောင်စီစခန်းများထိုးစစ်ဆင်တိုက်ခိုက်စဉ် ပြည်သူ့စစ်များ စခန်းစွန့်ထွက်ပြေး

KIA သည် မေလ ၂၁ရက်က ဝိုင်းမော်မြို့နယ်ရှိ ခမရ(၃၂၁)တပ်စခန်းသိမ်းပြီးနောက် ယနေ့(ဇွန်လ ၁၁ရက်)တွင် စခန်းသိမ်းထိုးစစ်ဆင်မှု ဆက်လက် လုပ်ဆောင်လာခြင်းဖြစ်သည်။

(စခန်းသိမ်းတိုက်ပွဲတစ်ခုတွင် တိုက်ပွဲဝင်​နေ​သော KIA တပ်ဖွဲ့ဝင်အချို့။ဓာတ်ပုံ - စစ်​ရေးသတင်းရင်းမြစ်)
(စခန်းသိမ်းတိုက်ပွဲတစ်ခုတွင် တိုက်ပွဲဝင်​နေ​သော KIA တပ်ဖွဲ့ဝင်အချို့။ဓာတ်ပုံ - စစ်​ရေးသတင်းရင်းမြစ်)

▪️KIA၏ ဆဒုံးဒေသထိုးစစ် စစ်ကောင်စီစခန်း ၅ခုသိမ်းရ၊ စစ်သုံ့ပန်း ၃၀ကျော်ဖမ်းမိဟုဆို

‌ဇော်ရမ်း၊ဟန်နွေ/People’s Spring

ကချင်လွတ်လပ်ရေးတပ်မတော်(KIA)နှင့် ပူးပေါင်းတပ်က ဝိုင်းမော် – ဆဒုန်း – ကမ်ပိုက်တီလမ်းပိုင်းရှိ စစ်ကောင်စီ​၏ အဓိကစခန်းများကို တိုက်ခိုက်သိမ်းယူနေစဉ် စစ်ကောင်စီလက်အောက်ခံပြည်သူ့စစ်များမှာ စခန်းစွန့်ခွာထွက်ပြေးနေကြသည်။

“ပြည်သူ့စစ်စခန်းတွေ အကုန်ဆုတ်ပြေးတာ။ သူတို့ကို စစ်တပ်က ကချင်ကချင်ချင်းရန်တိုက်ပေးထားတာလေ။ အခုတကယ် တိုက်ပွဲဖြစ်တော့ သူတို့မတိုက်ရဲဘူး။ နောက်ပြီး ပြည်သူ့စစ်တွေကချမ်းသာနေပြီ။ အသေမခံဘူး”ဟု ကချင်စစ်ရေးသတင်းမြစ်တစ်ဦးက ပြောသည်။

KIAနှင့် ပူးပေါင်းတပ်က ဝိုင်းမော်မြို့နှင့် မိုင်(၂၀) ကျော်အကွာရှိသည့် ဘွမ်တောင်စခန်းကို ယနေ့(ဇွန်လ ၁၁ရက်) နံနက် ၇နာရီခန့်တွင် တိုက်ခိုက်သိမ်းပိုက်ပြီး(၁၃)မိုင် စုပေါင်းတပ်စခန်း၊ လဖိုင်တပ်စခန်းနှင့် ဆဒုံးဗျူဟာကို တိုက်ခိုက်သိမ်းပိုက်ခဲ့သည်။

Public Service Announcement

Public Service Announcement

ဆဒုံးဗျူဟာဟာ သိမ်းပိုက်သည့်တိုက်ပွဲအတွင်း စစ်ကောင်စီဗျူဟာမှူးသေဆုံးကြောင်း သတင်းများထွက်ပေါ်နေပြီး အသေးစိတ်အတည်မပြုနိုင်သေးပေ။

တိုက်ပွဲများဆက်လက်ဖြစ်ပွားနေစဉ် ဒေသတွင်းရှိ ပြည်သူ့စစ်စခန်းများဖြစ်သော (၁၉)မိုင်စခန်း၊အင်၀မ်ကောင်စခန်း၊ ရေတံခွန်စခန်း၊ လုကြည်စခန်း၊ အူရော်ဘွမ်စခန်း၊ နာ့ရူဘွမ်စခန်းမှ ပြည်သူ့စစ်များသည် ယနေ့(ဇွန်လ ၁၁ရက်) ညနေပိုင်းတွင် ထွက်ပြေးသွားခြင်းဟု ဒေသခံတစ်ဦးက ပြောသည်။

” လက်နက်ကြီးနဲ့လေကြောင်းပဲ ဒေသခံတွေကြောက်ရတော့မှာ။ မြေပြင်က ပြဿနာမရှိတော့ဘူး”ဟု ဆဒုံးဒေသခံတစ်ဦးက ပြောသည်။

KIAက ဝိုင်းမော်မြို့နယ် ဆဒုံးဒေသရှိ စစ်ကောင်စီ တပ်စခန်းများကို ယနေ့(ဇွန်လ ၁၁ရက်) ထိုးစစ်ဆင်ခဲ့ရာ ဆဒုံးဗျူဟာအပါအဝင် တပ်စခန်း ၅ခု သိမ်းပိုက်ရခဲ့သည်ဟု ကချင်စစ်ရေးသတင်းရင်းမြစ်က ပြောသည်။

“ညနေ ၅နာရီမှာ ဆဒုံးဗျူဟာကုန်းစခန်းသိမ်းပိုက်လိုက်ပြီ။ ခမရ-၃၈၉၊ ခလရ-၄၀၊ ပသစ တပ်။ စုစုပေါင်း စခန်းငါးခုကို ဒီနေ့သိမ်းပိုက်ရရှိပါပြီ”ဟု စစ်ရေးသတင်းရင်းမြစ်ကပြောသည်။

ထိုသို့ စစ်ကောင်စီ လက်အောက်ခံစခန်းများ သိမ်းနိုင်ခြင်းကြောင့် ဝိုင်းမော် – ကမ်ပိုင်တီးလမ်းတစ်လျှောက် စစ်ကောင်စီတပ်စခန်းကင်းစင်သွားပြီဟု ပြောသည်။

“ကမ်ပိုက်တီမြို့စခန်းတစ်ခုဘဲကျန်တော့တယ်” ဟု စစ်ရေးသတင်းရင်းမြစ်က ပြောသည်။

“ဒီနေ့ဖမ်းစီးရမိတဲ့ စကစ၊ BGF၊ ပြည်သူ့စစ် သုံ့ပန်းအယောက် ၃၀ ကျော်တယ်”ဟုလည်း စစ်ရေးသတင်းရင်းမြစ်က ပြောသည်။

KIA သည် မေလ ၂၁ရက်က ဝိုင်းမော်မြို့နယ်ရှိ ခမရ(၃၂၁)တပ်စခန်းသိမ်းပြီးနောက် ယနေ့(ဇွန်လ ၁၁ရက်)တွင် စခန်းသိမ်းထိုးစစ်ဆင်မှု ဆက်လက် လုပ်ဆောင်လာခြင်းဖြစ်သည်။

စစ်ကောင်စီက မြစ်ကြီးနားမြို့၊ မြောက်ပိုင်းတိုင်းစစ်ဌာနချုပ်မှနေ၍ ဆဒုံးမြို့ဘက်သို့ လက်နက်ကြီးများ ပစ်ခတ်နေသည်။

စစ်ကောင်စီ​၏ ယနေ့ နံနက်ပစ်ခတ်သည့်လက်နက်ကြီးသည် ဝိုင်း‌မော်မြို့ အမှတ်(၁) ရပ်ကွက်သို့ ကျရောက်ပေါက်ကွဲခဲ့ပြီး အရပ်သားအမျိုးသမီးတစ်ဦး သေဆုံးခဲ့သည်။

ဆဒုံးမြို့သည် တရုတ်နယ်စပ်နှင့် ကုန်သွယ်ရေးမြို့ဖြစ်သော ကမ်ပိုက်တီမြို့နှင့် တဆက်နည်းဖြစ်၍ KIAက ဗျူဟာမြောက်တိုက်ခိုက်ခြင်းဖြစ်ကြောင်း စစ်ရေးသတင်းမည့်အချို့က သုံးသပ်သည်။

ဆဒုံးမြို့သည် ပြည်နယ်အစိုးရရုံးနှင့် မြောက်ပိုင်းတိုင်းစစ်ဌာနချုပ်အခြေစိုက်သည့် မြစ်ကြီးနားမြို့နှင့်လည်း မိုင် (၃၀)ခန့်သာ ဝေးသည်။

ဆက်စပ်သတင်းများ

သတင်း

စဉ့်ကူးမြို့သည် ဧရာဝတီမြစ်ဘေးရှိ မြို့ဖြစ်ပြီး စစ်ကောင်စီသည် ထုံးကြီးရွာအပါအဝင်မြစ် အရှေ့ပိုင်းကျေးရွာအချို့၌ တပ်စွဲထားသည်။

သတင်း

မုံရွာ - မန္တလေးလမ်းပိုင်း ခရီးသွားယာဥ်များအနေဖြင့် စစ်ကောင်စီယာဥ်များနှင့် အနီးကပ်လိုက်ပါမောင်းနှင်ခြင်းများ လုံးဝမပြုလုပ်ရန် ဒေသတွင်းတော်လှန်ရေးအင်အားစုများက သတိပေးထားသည်။

သတင်း

ဇွန်လ ၇ရက်မှစ၍ မြန်မာ - တရုတ် ရေနံပိုက်လိုင်းတစ်လျှောက် အများပြည်သူအသုံးပြုသည့် အဆိုပါလမ်းပိုင်းတွင် KIAအဖွဲ့က ဖြတ်တောက် ထားခြင်းဖြစ်ကြောင်း ဖော်ပြထားသည်။

သတင်း

KIAနှင့် ပူးပေါင်းတပ်များသည် ဇွန်လ ၁၁ရက် တစ်ရက်တာထိုးစစ်အတွင်း စစ်ကောင်စီတပ် စခန်း၊ ပြည်သူ့စစ်စခန်းနှင့် BGFစခန်းများ စုစုပေါင်း တပ်စခန်း ၁၈ခုသိမ်းယူနိုင်ခဲ့ခြင်းဖြစ်သည်။