Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

မိုးမောက်၌ စစ်ကာင်စီ၏နောက်ဆုံးကျန်နေသည့် ခမရ(၄၃၇)တပ်ရင်းကို KIA သိမ်းပိုက်

မိုးမောက်မြို့အစွန်ရှိ အဆိုပါ တပ်ရင်းကို ယနေ့(ဇူလိုင် ၂၄ )ည ၈နာရီခွဲတွင် သိမ်းပိုက်နိုင်ခဲ့ခြင်းဖြစ်ပြီး ထွက်ပြေး စစ်ကောင်စီများအား ချေမှုန်းလျက်ရှိကြောင်း စစ်ရေးသတင်းရင်းမြစ်က အသိပေးထားသည်။

ရှေ့တန်းတစ်နေရာမှ KIA တပ်ဖွဲ့ဝင်များ။ ဓါတ်ပုံ- KNG

ဟန်နွေ ၊မိထက် /People’s Spring

ကချင်ပြည်နယ် မိုးမောက်မြို့၌ နောက်ဆုံးကျန်နေသည့် စစ်ကောင်စီ၏ခမရ(၄၃၇) တပ်ရင်းကို ကချင်လွတ်လပ်ရေးတပ်မတော်(KIA)က ယနေ့ ဇူလိုင် ၂၄ရက်ညပိုင်း၌ သိမ်းပိုက်နိုင်ပြီဖြစ်ကြောင်း သတင်းရရှိသည်။

မိုးမောက်မြို့အစွန်ရှိ အဆိုပါ တပ်ရင်းကို ယနေ့(ဇူလိုင် ၂၄ )ည ၈နာရီခွဲတွင် သိမ်းပိုက်နိုင်ခဲ့ခြင်းဖြစ်ပြီး ထွက်ပြေး စစ်ကောင်စီများအား ချေမှုန်းလျက်ရှိကြောင်း စစ်ရေးသတင်းရင်းမြစ်က အသိပေးထားသည်။

Public Service Announcement

Public Service Announcement

“မိုးမောက်က သိမ်းထားတာကြာပါပြီ။ ၄၃၇ ကို တမင်ချန်ပြီး တိုက်ပွဲရပ်ထားတာ။အခု ထိုးစစ်ဆင်ပြီး သိမ်းလိုက်ပြီ။ မိုးမောက်ကို KIA ထိန်းချုပ်လိုက်ပါပြီ”ဟုမိုးမောက်မှ စစ်ရှောင်လာခဲ့သည့် ဒေသခံတစ်ဦးကလည်းပြောသည်။

ခမရ(၄၃၇) တပ်ရင်း သိမ်းပိုက်နိုင်မှုကို KIA စစ်ရေးသတင်းရင်းမြစ်က အတည်ပြုသည်။ စခန်းသိမ်းတိုက်ပွဲအေခြအေနအေသးစိတ်ကိုမူမသိရသေးပေ။

အဆိုပါတပ်ရင်းကို KIAနှင့် တော်လှန်ရေးတပ်များက ဇူလိုင် ၂၄ ရက်နေ့ မနက် ၈နာရီတွင် ပြန်လည်ထိုးစစ်ဆင်ခဲ့ခြင်းဖြစ်ကြောင်း KIA သတင်းပြန်ကြားရေးဌာနတာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူက ယနေ့ညနေပိုင်းတွင် ပြောကြားထာသည်။ စစ်ကောင်စီတပ်က လေကြောင်းပစ်ကူပေး တိုက်ခိုက်မှုများ ရှိသည်ဟု ဆိုသည်။ ယခု စခန်းသိမ်းပိုက်နိုင်မှုနှင့်ပတ်သက်ပြီး ဗိုလ်မှူးကြီးနော်ဘူထံ သို့ လည်း People’s Spring ကဆက်လက် မေးမြန်းထားဆဲဖြစ်သည်။

CDM ဗိုလ်ကြီးထက်မြတ်ကလည်း “၄၃၇ လည်း တာ့တာပါ။ အရင်ကတည်းက တိုင်းတပ်။ အာဏာမသိမ်းခင်ကမှ စကခ ၂၁ အောက်ထဲကို ဆွဲထည့်လိုက်တယ်။အာလောဘွမ်မှာလည်း အဗျင်းခံရလို့ တကွဲတပြားကို ထွက်ပြေးခဲ့ရဖူးတဲ့တပ်။ တိုင်းတပ်အဖြစ် အနေကြာခဲ့တော့ စစ်ဆင်ရေးဆိုတာ ဘာမှန်းမသိ။ မြို့အထွက်နားမှာ ဖားရိုက်ဖို့ပဲ လုပ်နေခဲ့တဲ့တပ်။ သတင်းတွေက ကောင်းတယ်ဗျာ။ အလုအယက်တွေကိုဖြစ်လို့”ဟု ယနေ့ညတွင်ရေးသားထားသည်။

KIA ပူးပေါင်းတပ်များသည် မိုးမောက်မြို့နယ်ရှိ တပ်ရင်းဌာနချုပ်နှင့် တပ်စခန်းအများအပြားကို မယခင်ကတည်းက တိုက်ခိုက်သိမ်းပိုက်ထားခြင်းဖြစ်သည်။ မိုးမောက်ရဲစခန်းကို မေလ ၇ရက်၊ ထို့နောက် မိုးမောက်မြို့ကို သိမ်းပိုက်ထားပြီး တစ်ခုတည်း ကျန်နေသည့် ခမရ(၄၃၇)တပ်ကို အကြိမ်ကြိမ်ထိုးစစ်ဆင်တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။

ထို့နောက် ယနေ့ မနက်တွင် ထပ်မံ၍ ထိုးစစ်ဆင်တိုက်ခိုက်ခဲ့ရာ တိုက်ပွဲ ၁၂နာရီအကြာတွင် တပ်ရင်းကို သိမ်းနိုင်ခဲ့ခြင်းဖြစ်သည်။ လက်ကျန် စစ်ကောင်စီတပ်ဖွဲ့များအား တိုက်ထုတ်ပြီးပါက မိုးမောက်မြို့နယ် တစ်ခုလုံးကို KIAက အပြီးသတ် ထိန်းချုပ်နိုင်မည့် အခြေအနေဖြစ်သည်။ KIA အနေဖြင့် ၂၀၂၃ အောက်တိုဘာ ၁၈ရက်မှစတင်၍ စစ်ကောင်စီတပ်စခန်းများ တစ်ခုပြီးတစ်ခု တိုက်ခိုက်သိမ်းပိုက်သည့် စစ်ဆင်ရေးကို ဆောင်ရွက်ခဲ့ခြင်းဖြစ်သည်။ ယခုနှစ်မတ်လတွင် စစ်ကောင်စီတပ်စခန်းအများအပြားကို တပြိုင်တည်း ထိုးစစ်ဆင်သည့် စစ်ဆင်ရေးကို တဆင့်ပြီးတဆင့် ဆောင်ရွက်လျက်ရှိရာ ဝိုင်းမော်၊ မိုးမောက်၊ မံစီ၊ ဖားကန့်၊တနိုင်း၊ ဗန်းမော်၊ ဆွမ်ပရာဘွမ်၊ ဆော့လော်၊ ချီဖွေ၊ လိုင်ဇာဌာနချုပ် အနီးဝန်းကျင် နေရာများမှ စစ်ကောင်စီတပ်စခန်းများစွာကို သိမ်းပိုက်ထားနိုင်ခဲ့သည်။

ဆက်စပ်သတင်းများ

သတင်း

မိုးမောက်အခြေစိုက် စစ်ကောင်စီ ခမရ(၄၃၇) တပ်ရင်းကို KIA ပူးပေါင်းတပ်ဖွဲ့က ယမန်နေ့နံနက်တွင် ပြန်လည်ထိုးစစ်ဆင်တိုက်ခိုက်ခဲ့ရာညပိုင်း၌ အဆိုပါတပ်ရင်းကို သိမ်းယူနိုင်ခဲ့ဟု စစ်ရေသတင်းရင်းမြစ်တစ်ဦးက ပြောသည်။

သတင်း

၂၀၂၄ အတွင်း မီးရှို့ဖျက်ဆီးခံရသည့် နေအိမ် ပေါင်း ၁၅,၀၀၀ နီးပါး ရှိသွားပြီဟု ဆိုသည်။

သတင်း

ဗိုလ်ကြီးဝင်းဇော်အား စစ်ဆေးချက်အရ ၎င်းသည် လက်ရှိနေပြည်တော် အမှတ်(၂၃) တပ်မတော် ကုတင်(၂၅)ဆေးရုံတွင် တပ်ရေး၊တပ်ထောက်အဖြစ် တာဝန်ထမ်းဆောင်နေသူဖြစ်ပြီး ပခုက္ကူမြို့သို့ ခွင့်ရက်ဖြင့် ပြန်လာစဥ် KTV သွားရင်း ဖမ်းဆီးခံရခြင်းဖြစ်သည်ဟု Southern YSO PDFအဖွဲ့ခေါင်းဆောင် ကိုအောင်မောင်းက ပြောသည်။

သတင်း

စလင်းမြို့နယ်အတွင်းရှိ ကျေးရွာအချို့၌ ကာကွယ်ရေးတပ်များရှိသည်ဟုဆိုကာ စစ်ကောင်စီတပ်က ဇူလှိုင်၂၃ ရက်နှင့် ၂၄ ရက်တို့တွင် လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်ခဲ့ခြင်းဖြစ်သည်ဟု ဒေသခံများက ပြောသည်။