Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

မြို့ခံပြည်သူများ၏ ပျော်ရွှင်မှုများ ခွန်အားဖြစ်ရကြောင်း မိုးကုတ်ဗျူဟာထုတ်ပြန်

မိုးကုတ်မြို့ တော်လှန်ရေးအဖွဲ့သိမ်းပိုက်ပြီးနောက် မြို့ခံများပျော်ရွှင်နေစဉ်။ ဓာတ်ပုံ - Mai A Hein

မိထက်/People’s Spring

မိုးကုတ်မြို့ကို တအာင်းတပ်မတော်(TNLA) ဦးဆောင်သော PDFတပ်ဖွဲ့ဝင်များ၏ ပူးပေါင်းအင်အားဖြင့် သိမ်းပိုက်နိုင်ခဲ့ခြင်းအပေါ် ဒေသခံပြည်သူများ၏ ပျော်ရွှင်မှုများမှာ ရဲဘော်များ၏ ခွန်အားများဖြစ်ရကြောင်း မိုးကုတ်ဗျူဟာက အသိပေး ထုတ်ပြန်သည်။

မိုးကုတ်မြို့ကို ဇူလိုင်လ ၂၄ရက် ညနေ ၅နာရီတွင် အပြီးသတ်သိမ်းပိုက်နိုင်ခြင်းဟု ထုတ်ပြန်အသိပေးထားသည်။

Public Service Announcement

Public Service Announcement

“မိုးကုတ်မြို့ကို (၂၄.၇.၂၀၂၄) ညနေ (၅:၀၀) ချိန်တွင် TNLA ဦးဆောင်သော PDFတပ်ဖွဲ့ဝင်များ၏ ပူးပေါင်းအင်အားဖြင့် အပြီးသတ် သိမ်းပိုက်နိုင်ခဲ့ပါသည်။ပြည်သူများ၏ ပျော်ရွှင်မှုများက ရဲဘော်များ၏ ခွန်အား၊ အင်အားများဖြစ်ပါတယ်။ မိုးကုတ်မြို့သူ မြို့သားများ ဘေးအန္တရာယ်ကင်းကြပါစေ”ဟု မိုးကုတ်ဗျူဟာ ထုတ်ပြန်ချက်၌ ဖော်ပြသည်။

တိုက်ပွဲဝင် ကာကွယ်ရေးရဲဘော်များကို မြို့ခံလူထုက အောင်သပြေပန်း၊ ရှမ်းအိုးစည်၊ ရှမ်းအကများဖြင့် ကြိုဆိုခဲ့ကြသည်။

“ဒီလောက် ညီညွှတ်တဲ့ မြို့ဟာ လွတ်မြောက်သင့်တယ် မဟုတ်လားဗျာလွတ်မြောက်သင့်တယ် မဟုတ်လား။ ခေတ်ဟာ ပြောင်းခဲ့ပြီ ။ခေတ်ဟာ ပြောင်းနေပြီ ။ဦးဆောင်တိုက်ပွဲဝင်တဲ့ မဟာမိတ် PSLF /TNLAနှင့်တကွ NUG PDFများ တော်လှန်ရေးအင်အားစုများအားလုံးကို ကျေးဇူးတင်ရပါတယ် ။ကျေးဇူးတင်ထိုက်ဆုံးကတော့ မြို့လူထုပါဘဲ မြို့လူထုရဲ့ စိတ်အားထက်သန်မှုဟာ တော်လှန်ရေးရဲ့ တွန်းအားပါဘဲခင်ဗျာ”ဟု မန္တလေး PDFတပ်မှူးက လူမှုကွန်ရက် ၌ ယမန်နေ့က ရေးသားထားသည်။

မိုးကုတ်မြို့ရှိ စစ်ကောင်စီတပ်စခန်းအားလုံးကို အားလုံးရှင်းလင်းခဲ့ပြီး၊ မိုးမိတ်နှင့် နောင်ချိုတွင် တိုက်ပွဲဆက်လက်ဖြစ်ပွားခဲ့ကြောင်းTNLAက ယမန်နေ့(ဇူလိုင် ၂၄ရက်)ညတွင် သတင်းထုတ်ပြန်သည်။

ဆက်စပ်သတင်းများ

သတင်း

ဟန်နွေ/People’s Spring မန္တလေးတိုင်း မိုးကုတ်မြို့ကို အပြီးသတ်သိမ်းပိုက်နိုင်ပြီဖြစ်ကြောင်း တအာင်းတပ်မတော် (TNLA)က အတည်ပြုသည်။ ယနေ့ ဇူလိုင် ၂၄ရက်တွင် မိုးကုတ်မြို့နယ်အတွင်း တော်လှန်ရေးတပ်ဖွဲ့များအား ပြည်သူလူထုများက ကြိုဆိုနေသည့် ဓာတ်ပုံများကို စစ်မြေပြင် သတင်းရင်းမြစ်က ဖော်ပြခဲ့သည်။ Public Service Announcement အဆိုပါ အခြေအနေနှင့်ပတ်သက်၍...

သတင်း

မိုးကုတ်မြို့မှ လက်ကျန် စစ်ကောင်စီတပ်ဖွဲ့ဝင်များအား TNLA နှင့် PDF(မိုးကုတ်ဗျူဟာ) ပူးပေါင်းတပ်ဖွဲ့ကနယ်မြေရှင်းလင်းရေးလုပ်နေသည်ကို "တံမျက်စည်းလှဲနေပြီ"ဟုလည်း လူငယ်အချို့က လူမှုကွန်ရက်တွင်ရေးသားထားသည်။

သတင်း

TNLAထိန်းချုပ်ထားသည့် ကျောက်မဲမြို့ကိုပြန်လည်တိုက်ခိုက်ရန်အတွက် ရှမ်းပြည်နယ်တောင်ပိုင်းမှ စစ်ကောင်စီအင်အားသုံးရာခန့်ရှိသည့် စစ်တပ်စစါကူ စစ်ကြောင်း သည် ကျောက်မဲမြို့သို့ ဇူလိုင်လ၂၀ရက်မနက်က ရောက်ရှိလာပြီး တိုက်ပွဲအပြင်းအထန်ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။

သတင်း

မကွေးတိုင်း၊ ရေနံချောင်းမြို့နယ်တွင် PDF သတင်းစုံစမ်းနေသည့် တပ်မ(၈၈) လက်အောက်ခံ ခြေလျင်တပ်ရင်း ခလရ(၇၇)မှ တပ်ကြပ်တစ်ဦး ပစ်ခတ်ခံရပြီး သေဆုံးခဲ့ကြောင်း သတင်းရရှိသည်။