close
Connect with us

Hi, what are you looking for?

နိုင်ငံတကာ

နိုင်ငံခြားသူ ခရီးသည်ကို မုဒိမ်းကျင့်ကြောင်း စွပ်စွဲချက်နဲ့ ထိုင်းတက္ကစီ ယာဉ်မောင်းတစ်ဦး အဖမ်းခံထားရ

ခရီးသည် နိုင်ငံခြားသူ အမျိုးသမီးကို မုဒိမ်းကျင့်မှု စွပ်စွဲချက်နဲ့ ထိုင်းမှာ ဆယ်ကျော်သက် တက္ကစီယာဉ်မောင်းတစ်ဦး ဖမ်းဆီး ခံထားရပါတယ်။

Photo: Thalang police station

ခရီးသည် နိုင်ငံခြားသူ အမျိုးသမီးကို မုဒိမ်းကျင့်မှု စွပ်စွဲချက်နဲ့ ထိုင်းမှာ ဆယ်ကျော်သက် တက္ကစီယာဉ်မောင်းတစ်ဦး ဖမ်းဆီး ခံထားရပါတယ်။

အသက် ၁၉ နှစ်အရွယ် တက္ကစီသမားဟာ အာဖရိကန် အမျိုးသမီး ခရီးသည် တစ်ဦးကို မုဒိမ်းကျင့်ပြီး ဖုန်းကိုလည်း လုယက် ခိုးယူခဲ့တယ်လို့ စွပ်စွဲခံထားရပါတယ်။ အသက် ၂၈ နှစ်အရွယ် တရားလို အမျိုးသမီးက သူဟာ ပုဂ္ဂလိက ကျောင်းတစ်ခုက ဆရာမလို့ ရဲတွေကို ပြောကြားခဲ့ပါတယ်။

အမျိုးသမီးက သာလန်ခရိုင် ရဲစခန်းမှာ ဩဂုတ် ၂၄ ရက် မနက်ပိုင်းတုန်းက တိုင်ချက်ဖွင့်ခဲ့တာ ဖြစ်ပါတယ်။ ဩဂုတ် ၂၃ ရက် ညပိုင်းက ကားငှားစီးခဲ့တဲ့နောက် သာလန်မှာရှိတဲ့ ဆွိုင်ဆွမ်ဘွန်း ဆာပင် ဧရိယာနားမှာ ယာဉ်မောင်းက ကားကို ရပ်ခဲ့ကြောင်း၊ ပြီးတော့ သူ့ကို ကားပေါ်က ဆွဲချပြီး လမ်းဘေးမှာ မုဒိမ်းကျင့်ခဲ့တဲ့အပြင် ဖုန်းကိုလည်း လုယက် ယူဆောင်သွားတာဖြစ်ကြောင်း တရားလို အမျိုးသမီးက ပြောပါတယ်။

သူက သူငယ်ချင်း တစ်ဦးနဲ့ အတူကားငှားစီးခဲ့ပေမယ့် သူငယ်ချင်းကို ချထားပေးပြီးတဲ့နောက် ကားပေါ်မှာ နှစ်ဦးတည်း ကျန်တဲ့အချိန် ယာဉ်မောင်းက ရာဇဝတ်မှု ကျူးလွန်ခဲ့တာလို့လည်း တရားလိုဖက်က ထွက်ဆိုထားပါတယ်။

Public Service Announcement

Public Service Announcement

ရဲတွေက အမျိုးသမီးကို သာလန် ဆေးရုံဆီ ခေါ်ဆောင်သွားပြီး မှုခင်းဆိုင်ရာ ဆေးစစ်မှုတွေ လုပ်ဆောင်ထားစေပါတယ်။

အသက် ၁၉ နှစ်အရွယ် ယာဉ်မောင်းကိုတော့ သာလန်မှာရှိတဲ့ အိမ်တစ်လုံးမှာ ရဲတွေက ဖမ်းမိခဲ့ပါတယ်။ သူက အမျိုးသမီးကို မုဒိမ်းကျင့်တယ် ဆိုတာကို ငြင်းဆိုထားပြီး အမျိုးသမီးက ကားခ မတတ်နိုင်တဲ့အတွက် လိင်ဆက်ဆံဖို့ အလိုတူ အလိုပါ ကမ်းလှမ်းခဲ့တာလို့ တုံ့ပြန် စွပ်စွဲခဲ့ပါတယ်။

ရဲတွေကတော့ အမှုကို ဆက်လက် စုံစမ်းစစ်ဆေးနေဆဲလို့ ပြောကြားထားပါတယ်။

ကိုးကား: Bangkok Post

ဆက်စပ်သတင်းများ

သတင်း

ထိုင်းနိုင်ငံ၊ ဖူးခက်မြို့က ယာယီ ထိန်းသိမ်းရေး အကျဉ်းခန်း တစ်ခုမှာ မြန်မာ အမျိုးသမီးတစ်ဦးက ကိုယ့်ကိုယ်ကိုယ် အဆုံးစီရင်သွားခဲ့ကြောင်း သိရပါတယ်။

နိုင်ငံတကာ

စည်းမျဉ်းတွေနဲ့ ကိုက်ညီမှု မရှိတော့တဲ့ ဗီဇာကိုင်ဆောင်ထားသူ နိုင်ငံခြားသား ၁၀၀၀၀ နီးပါးရဲ့ ယာယီ နေထိုင်ခွင့် ပါမစ်တွေကို လူဝင်မှု ကြီးကြပ်ရေးဗျူရို (IB)က ရုပ်သိမ်းလိုက်ကြောင်း အဆင့်မြင့်ပညာရေး၊ သိပ္ပံ၊ သုတေသနနဲ့ ဆန်းသစ်တီထွင်မှု ဝန်ကြီးဌာန (MHESI)က ပြောကြားခဲ့ပါတယ်။

သတင်း

မြန်မာ၊ ကမ္ဘောဒီးယားတို့နဲ့ ကုန်သွယ်ရေး ထိခိုက်ပြတ်တောက်မှုတွေက ထိုင်းနိုင်ငံရဲ့ ပို့ကုန်ကဏ္ဍအပေါ် ကြီးမားတဲ့ ပြဿနာတွေ ဖြစ်ပေါ်လာစေနိုင်ကြောင်း ထိုင်းစက်မှုလုပ်ငန်း အဖွဲ့ချုပ် (FTI) ဥက္ကဋ္ဌက သတိပေး ပြောကြားခဲ့ပါတယ်။

နိုင်ငံတကာ

တော်ဝင်မိသားစုကို ပုတ်ခတ် စော်ကားမှု၊ ကွန်ပျူတာ ရာဇဝတ်မှု စွပ်စွဲချက်တွေကနေ ထိုင်းဝန်ကြီးချုပ်ဟောင်း သက်ဆင် ရှီနာဝတ်ထ်က ကွင်းလုံးကျွတ် လွတ်မြောက်ခွင့် ရသွားပြီ ဖြစ်ပါတယ်။