close
Connect with us

Hi, what are you looking for?

နိုင်ငံတကာ

မြေပြင်ထိုးစစ် မစခင် ဂါဇာစီးတီး ဆင်ခြေဖုံးတွေကို အစ္စရေး ဗုံးကြဲပြီး လက်နက်ကြီးတွေနဲ့ ပစ်ခတ်နေ

ကြေညာထားတဲ့ ဂါဇာစီးတီး သိမ်းယူရေး ထိုးစစ်ကြီး မစတင်ခင်မှာ အစ္စရေးဟာ အဲဒီမြို့ရဲ့ ဆင်ခြေဖုံး ဧရိယာတွေကို လေကြောင်းတိုက်ခိုက်မှု၊ လက်နက်ကြီး ပစ်ခတ်မှုတွေနဲ့ ပြင်းပြင်းထန်ထန် တိုက်ခိုက်နေပါတယ်။

Reuters

ကြေညာထားတဲ့ ဂါဇာစီးတီး သိမ်းယူရေး ထိုးစစ်ကြီး မစတင်ခင်မှာ အစ္စရေးဟာ အဲဒီမြို့ရဲ့ ဆင်ခြေဖုံး ဧရိယာတွေကို လေကြောင်းတိုက်ခိုက်မှု၊ လက်နက်ကြီး ပစ်ခတ်မှုတွေနဲ့ ပြင်းပြင်းထန်ထန် တိုက်ခိုက်နေပါတယ်။

အစ္စရေး ဝန်ကြီးချုပ် ဘင်ဂျမင် နေတန်ညာဟုက ဂါဇာကမ်းမြှောင် ဒေသရဲ့ အကြီးဆုံး မြို့ပြဧရိယာဖြစ်တဲ့ ဂါဇာစီးတီး အပါအဝင် ဂါဇာမြောက်ပိုင်း ဧရိယာတွေကို သိမ်းယူသွားမယ်လို့ ကြေညာထားပြီးတဲ့နောက် လာမယ့် သီတင်းပတ်တွေအတွင်း မြေပြင်ထိုးစစ်ကို စတင်လာဖွယ် ရှိနေပါတယ်။

အဲဒီ ထိုးစစ် မတိုင်ခင်မှာ စစ်ဆင်ရေး ဧရိယာထဲက ဟားမားစ် ပြောက်ကျားတွေနဲ့ တခြား ပါလက်စတိုင်း လက်နက်ကိုင် အဖွဲ့အစည်းတွေရဲ့ ခုခံနိုင်စွမ်း အားလျော့သွားအောင် အစ္စရေးက တိုက်လေယာဉ်တွေ၊ လက်နက်ကြီးတွေ၊ တင့်ကားတွေ အသုံးပြုပြီး ဦးချိုးထားဖို့ စီစဉ်နေတာ ဖြစ်ပါတယ်။

ဂါဇာစီးတီး ဒေသခံတွေက မြို့ရဲ့ အရှေ့ပိုင်းနဲ့ မြောက်ပိုင်း ဧရိယာတွေမှာ ဩဂုတ် ၂၄ ရက်နေ့တုန်းက ပေါက်ကွဲသံတွေကို အဆက်မပြတ် ကြားနေခဲ့ရကြောင်း ပြောပါတယ်။ အစ္စရေး တပ်တွေဟာ ဂါဇာစီးတီးရဲ့ မြောက်ဖျား အလွန်မှာ တည်ရှိရာ ဂျာဘာလီယာ ဒုက္ခသည် စခန်းထဲက အဆောက်အအုံတွေကိုလည်း ဖောက်ခွဲ ဖျက်ဆီးပစ်ခဲ့ပါတယ်။

Public Service Announcement

Public Service Announcement

ဟားမားစ်တွေရဲ့ လက်အောက်ခံဖြစ်တဲ့ ဂါဇာ ကျန်းမာရေး ဝန်ကြီးဌာနက အစ္စရေးရဲ့ တိုက်ခိုက်မှုတွေကြောင့် လွန်ခဲ့တဲ့ ၂၄ နာရီအတွင်း ပါလက်စတိုင်း ၆၄ ဦးထက်မနည်း သေဆုံးခဲ့တယ်လို့ ထုတ်ပြန်ခဲ့ပါတယ်။ ဂါဇာမှာ ၂၀၂၃ ခုနှစ်၊ အောက်တိုဘာလတုန်းက အစ္စရေးရဲ့ စစ်ဆင်ရေးတွေ စတင်ချိန် ကတည်းကဆိုရင် ပါလက်စတိုင်း အသေအပျောက်ဟာ ၆၃၀၀၀ နီးပါးရှိလာပြီး ၁၆၀၀၀၀ နီးပါး ဒဏ်ရာရခဲ့တယ်လို့လည်း အဲဒီဌာနက ကြေညာခဲ့ပါတယ်။

ဂါဇာစီးတီးကို အစ္စရေးက သိမ်းယူမယ့် အစီအစဉ်နဲ့ ပတ်သက်ပြီး နိုင်ငံတကာ ပြစ်တင် ဝေဖန်မှုတွေ ထွက်ပေါ်နေပေမယ့် အစ္စရေး ဝန်ကြီးချုပ် ဘင်ဂျမင် နေတန်ညာဟုကတော့ ဟားမားစ်တွေရဲ့ ဖိနှိပ်မှုကို အဆက်ဖြတ်ဖို့ဆိုရင် ဂါဇာစီးတီးကို အလုံးစုံ ထိန်းချုပ်ထားဖို့ မဖြစ်မနေ လိုအပ်တယ်လို့ တုံ့ပြန်ထားပါတယ်။

အစ္စရေး စစ်တပ်ဟာ ဂါဇာစီးတီးမှာ မြေပြင်ထိုးစစ်ကြီး မစတင်ခင်မှာ အရန်စစ်သည် အင်အား ၆၀၀၀၀ လောက်ကိုလည်း လာရောက်ပူးပေါင်းဖို့ ဆင့်ခေါ်ထားပြီး ဖြစ်ပါတယ်။

ကိုးကား: BBC

ဆက်စပ်သတင်းများ

နိုင်ငံတကာ

ယီမင်နိုင်ငံကနေ အစ္စရေးကို ဒုံးကျည် အမျိုးအစားအသစ်နဲ့ ပစ်ခတ်ခဲ့တဲ့နောက် အစ္စရေးဟာ ယီမင်ရဲ့မြို့တော် ဆာနားမှာရှိတဲ့ သမ္မတအိမ်တော် အပါအဝင် ဟိုသီ စစ်ရေးပစ်မှတ်တွေကို လက်တုံ့ပြန် တိုက်ခိုက်ခဲ့ပါတယ်။

သတင်း

ကျောက်မဲမြို့နယ်၊နောင်ပိန်ရွာကို စစ်ကောင်စီက လေကြောင်းမှ ထပ်မံ ဗုံးကြဲနေပြီး အရပ်သားများကိုပစ်မှတ်ထား၍ဗုံးကြဲ​နေ​သောကြောင့် ကူညီကယ်ဆယ်ရေးအခက်အခဲကြုံတွေ့နေကာ ကျေးရွာပေါင်း၂၁ ရွာမှ ဒေသခံ ၁၀၀၀၀ ကျော် ထွက်‌ပြေးတိမ်းရှောင်​နေရ​ကြောင်း​ဒေသခံအချို့က​ပြောသည်။

သတင်း

စစ်ကိုင်းတိုင်း၊ ကောလင်းမြို့နယ်အတွင်း အရပ်သားနေထိုင်ရာကျေးရွာကို စစ်ကောင်စီက ယနေ့ နံနက်ပိုင်းတွင် ထပ်မံ ဗုံးကြဲတိုက်ခိုက်သွားသည်။

သတင်း

မကွေးတိုင်း၊ပေါက်မြို့နယ်ကို စစ်ကောင်စီက လေကြောင်းမှဗုံးကြဲခဲ့ရာ ကလေးငယ်တဦးအပါအဝင် အရပ်သား ငါးဦး သေဆုံးခဲ့တယ်လို့ဒေသခံတွေက ပြောပါတယ်။