close
Connect with us

Hi, what are you looking for?

နိုင်ငံတကာ

စပိန်တစ်နိုင်ငံလုံး မီးပြတ်နေချိန် မီးစက် အသုံးပြုရာက လူ ၃ ဦးသေ

တစ်နိုင်ငံလုံး မီးပြတ်တဲ့အချိန် မီးစက်မောင်းပြီး အသုံးပြုရာက စပိန်မှာ လူ ၃ ဦးသေဆုံးခဲ့တယ်လို့ သိရပါတယ်။

Getty Images

တစ်နိုင်ငံလုံး မီးပြတ်တဲ့အချိန် မီးစက်မောင်းပြီး အသုံးပြုရာက စပိန်မှာ လူ ၃ ဦးသေဆုံးခဲ့တယ်လို့ သိရပါတယ်။

ဧပြီ ၂၈ ရက်နေ့က စပိန်နဲ့ ပြင်သစ်ကြားက လျှပ်စစ်ဓာတ်အား သွယ်တန်းမှု အပိုင်းမှာ ပြဿနာ ကြုံရာက စပိန်ဟာ ဥရောပတိုက်ရဲ့ ပင်မ ဓာတ်အားပေး ကွန်ရက်ကြီးနဲ့ အဆက်အသွယ် ပြတ်တောက်သွားပါတယ်။ စပိန်နည်းတူ အိမ်နီးချင်း ပေါ်တူဂီ နိုင်ငံမှာလည်း နာရီပေါင်းများစွာ မီးပြတ်မှုကို ကြုံခဲ့ရပါတယ်။

သက်ဆိုင်ရာ တာဝန်ရှိသူတွေရဲ့ ကြိုးစားပြင်ဆင်မှုတွေအပြီး ဧပြီ ၃၀ မှာတော့ စပိန်ရော၊ ပေါ်တူဂီပါ အပြည့်အဝ ဓာတ်အား ပြန်ရနေကြပြီ ဖြစ်ပါတယ်။

စပိန် ပြည်သူ့လုံခြုံရေး ဌာနက မီးပြတ်မှုတွေနဲ့ ဆက်စပ်ပြီး နိုင်ငံအနောက်မြောက်ပိုင်း တာဘိုအာဒယ်လာ ဒေသမှာ လူ ၃ ဦး အသက်ဆုံးရှုံးခဲ့တယ်လို့ ပြောပါတယ်။ ဌာနက ဖြစ်စဉ် အသေးစိတ်ကိုတော့ မှတ်ချက် မပေးခဲ့ပါဘူး။ ဒါပေမဲ့ ဒေသခံ ရဲဌာနကတော့ မီးပြတ်တဲ့အချိန် မီးစက်နှိုးပြီး အသုံးပြုရာက ကာဘွန်မိုနော့ဆိုက် အဆိပ်ဓာတ်ငွေ့တွေ ရှူမိပြီး မိသားစု တစ်ခုတည်းက လူ ၃ ယောက် သေဆုံးခဲ့တာလို့ ယုံကြည်ရကြောင်း ပြောပါတယ်။ အဲဒီ ဓာတ်ငွေ့ဟာ ချွတ်ယွင်းချက်၊ ပြဿနာရှိတဲ့ မီးစက်တွေကနေ ထွက်ပေါ်တတ်ပြီး အလုံပိတ် အခြေအနေတွေမှာ အသက်အန္တရာယ် ဖြစ်စေပါတယ်။

Public Service Announcement

Public Service Announcement

စပိန်နဲ့ ပေါ်တူဂီမှာ ဆိုးဆိုးရွားရွား ဓာတ်အားပြတ်တောက်မှုတွေ ဖြစ်ပေါ်ခဲ့ရတဲ့ အကြောင်းရင်းကို သက်ဆိုင်ရာ တာဝန်ရှိသူတွေက အပူတပြင်း စုံစမ်းနေဆဲပါ။ မီးတွေပြတ်နေတဲ့ ကာလတွေအတွင်း အဲဒီနိုင်ငံတွေရဲ့ သယ်ယူပို့ဆောင်ရေး၊ လေကြောင်းပျံသန်းမှုနဲ့ တခြားစနစ်တွေ အများကြီးမှာ နှောင့်နှေးတာတွေနဲ့ တခြားပြဿနာတွေ ဖြစ်ခဲ့ကြပါတယ်။

စပိန် သတင်းဌာန El Paisက သေဆုံးသူတွေဟာ လင်မယားနှစ်ဦးနဲ့ အရွယ်ရောက်ပြီး သားဖြစ်သူတို့လို့ ဖော်ပြထားပါတယ်။ အလောင်းတွေကိုတော့ အိပ်ရာတွေပေါ်မှာပဲ အိမ်သန့်ရှင်းရေး ဝန်ထမ်းတစ်ဦးက ရှာတွေ့ခဲ့တာပါ။

မီးပြတ်မှုတွေနဲ့ ဆက်စပ်ပြီး သေဆုံးတယ်လို့ သံသယရှိတဲ့ နောက်ထပ် ကိစ္စ တစ်ခုကိုလည်း စုံစမ်းနေဆဲဖြစ်ပြီး မက်ဒရစ် မြို့တော်မှာ အမျိုးသမီး တစ်ဦးဟာ ဖယောင်းတိုင် ထွန်းရာက စတင်ခဲ့တဲ့ မီးလောင်ကျွမ်းမှုမှာ အသက်ဆုံးရှုံးခဲ့ပါတယ်။

အဲဒီ မီးလောင်မှုနဲ့ ဆက်စပ်ပြီး မီးခိုးမွှန်မှုတွေကို လူ ၁၃ ဦး ခံစားခဲ့ရပြီး ၅ ဦးက ဆေးရုံရောက်ခဲ့ပါတယ်။ ဗလန်စီယာ မြို့မှာလည်း အမျိုးသမီး တစ်ဦး သေဆုံးခဲ့ပေမယ့် သေဆုံးမှု အကြောင်းရင်းက ရှုပ်ထွေးနေပြီး မီးပြတ်မှုတွေနဲ့ တိုက်ရိုက် အဆက်အစပ် ရှိမရှိဆိုတာ အတည်မပြုနိုင်သေးပါဘူး။

မီးပြတ်နေချိန် အတောအတွင်း စပိန်နဲ့ ပေါ်တူဂီတို့မှာ မီးပွိုင့်တွေပါ မီးမလာတော့သလို မြေအောက်ရထားလိုင်းတွေ ရပ်တန့်ကုန်ပါတယ်။ ဆိုင်တွေကလည်း ကတ်နဲ့ ငွေပေးချေမှုတွေကို လက်မခံနိုင်တော့ပါဘူး။ ဒါကြောင့် ATMစက်တွေမှာ ငွေထုတ်တဲ့လူတွေ တန်းစီကုန်ပါတယ်။ အစောပိုင်းတုန်းက မိုဘိုင်းဖုန်း ကွန်ရက်တွေပါ ပြတ်တောက်ကုန်တာကြောင့် အချင်းချင်း အဆက်အသွယ်တွေပါ လုပ်လို့မရဘဲ ပြဿနာတွေ ကြုံခဲ့ကြပါတယ်။

ကိုးကား: BBC

ဆက်စပ်သတင်းများ

နိုင်ငံတကာ

စပိန်နဲ့ ပေါ်တူဂီ နိုင်ငံတွေမှာ နာရီတွေ အတော်များများ ဆက်တိုက် မီးပြတ်နေတာကြောင့် အခက်အခဲတွေမျိုးစုံ ကြုံနေပြီး အာဏာပိုင်တွေက ပြင်ဆင် ဖြေရှင်းမှုတွေကို အပူတပြင်း လုပ်ဆောင်နေပါတယ်။

သတင်း

ပြီးခဲ့တဲ့ ရက်ပိုင်းတွေကစတင်ပြီး ရန်ကုန်အပါအဝင် မြို့ကြီးအချို့မှာ အပူချိန် မြင့်တက်နေတာပါ။

နိုင်ငံတကာ

NATO စစ်မဟာမိတ် အဖွဲ့ဝင် နိုင်ငံတွေ အားလုံး ပေါင်းလိုက်ရင် Leopard 2 တင့်ကား စုစုပေါင်း အစီး ၃၅၀ လောက် ပိုင်ဆိုင်တယ်လို့လည်း ယုံကြည်ရပါတယ်။

နိုင်ငံတကာ

ဆာဘာရူ ကိုယ်တိုင်လည်း လုံခြုံရေး တပ်ဖွဲ့ဝင်တွေ ပစ်ခတ်ခဲ့တဲ့ ကျည်ဆန်က ကျောရိုးထိမှန်လို့ မသန်စွမ်း ဘဝကို ရောက်သွားပါတယ်။ သူက ဆေးကုသမှုတွေ ခံယူနေရပြီး နောက်ပိုင်းမှာ တရားရုံးတင် စစ်ဆေးခံရမှာ ဖြစ်ပါတယ်။

Facebook