Connect with us
close

Hi, what are you looking for?

LuduNwayOo

နိုင်ငံတကာ

နည်းပညာပိုင်း ပြဿနာကြောင့် ကမ္ဘာတလွှားက ဘဏ်တွေ၊ လေဆိပ်တွေနဲ့ ကုမ္ပဏီ အများအပြား ရှုပ်ထွေးမှုတွေကြုံ

ဆိုက်ဘာ လုံခြုံရေး အထောက်အပံ့ ပြတ်တောက်မှု ပြဿနာ တစ်ခုကြောင့် ကမ္ဘာတလွှားက ဘဏ်တွေ၊ လေဆိပ်တွေ၊ ကုမ္ပဏီတွေ၊ ရုပ်မြင်သံကြား ထုတ်လွှင့်ဌာနတွေ၊ စူပါမားကက်တွေ အများအပြားမှာ Widows ကွန်ပျူတာစနစ် သုံးမရတော့ဘဲ လုပ်ငန်းတွေ နှောင့်နှေး ရပ်ဆိုင်းကုန်ပါတယ်။

ဆိုက်ဘာ လုံခြုံရေး အထောက်အပံ့ ပြတ်တောက်မှု ပြဿနာ တစ်ခုကြောင့် ကမ္ဘာတလွှားက ဘဏ်တွေ၊ လေဆိပ်တွေ၊ ကုမ္ပဏီတွေ၊ ရုပ်မြင်သံကြား ထုတ်လွှင့်ဌာနတွေ၊ စူပါမားကက်တွေ အများအပြားမှာ Widows ကွန်ပျူတာစနစ် သုံးမရတော့ဘဲ လုပ်ငန်းတွေ နှောင့်နှေး ရပ်ဆိုင်းကုန်ပါတယ်။

အခုပြဿနာဟာ Crowdstrikeဆိုတဲ့ ဆိုက်ဘာ လုံခြုံရေး ကုမ္ပဏီ တစ်ခုရဲ့ ချွတ်ချော် တိမ်းစောင်းမှု တစ်ခုကြောင့် ဖြစ်ပါတယ်။ အဲဒီ ကုမ္ပဏီဟာ စီးပွားရေး လုပ်ငန်းတွေရဲ့ ဆိုက်ဘာ လုံခြုံရေး၊ အချက်အလက် ထိန်းသိမ်း စောင့်ရှောက်ရေး ကဏ္ဍတွေကို တာဝန်ယူထားတဲ့ ကမ္ဘာ့ရှေ့ဆောင် နည်းပညာ လုပ်ငန်းတစ်ခုအဖြစ် ကြွေးကြော်ထားပါတယ်။

အဲဒီ ကုမ္ပဏီနဲ့ ချိတ်ဆက်ထားတဲ့ အမေရိကန်၊ အိန္ဒိယ၊ နယူးဇီလန်၊ ဩစတြေးလျစတဲ့ နိုင်ငံတွေထဲက လုပ်ငန်းတွေဟာ Windows စနစ်သုံး ကွန်ပျူတာတွေ သုံးမရဘဲ အပြာရောင် screenကြီးပဲ ပေါ်နေတဲ့ ပြဿနာ ကြုံရကြောင်း စတင် အသိပေး အကြောင်းကြားခဲ့ပါတယ်။ နောက်တော့ ဗြိတိန်၊ စင်ကာပူနဲ့ တခြားနိုင်ငံတွေမှာလည်း ဇူလိုင် ၁၉ ရက် မနက်ပိုင်းကစလို့ အလားတူ ပြဿနာမျိုး ကြုံလာကြောင်း အတည်ပြု ကြေညာခဲ့ပါတယ်။

Public Service Announcement

Public Service Announcement

Windowsစနစ်အတွက် လုံခြုံရေး အဆင့်မြှင့်တင်ဖို့ Crowdstrikeက ပံ့ပိုးပေးခဲ့တဲ့ patchတစ်ခုကို updateလုပ်လိုက်မိရာက Windowsတွေ အသုံးပြုလို့မရတဲ့ ဂယက်နဲ့ ကြုံနေကြရတာပါ။

Sky News သတင်းဌာနရဲ့ အားကစား အစီအစဉ်မှူး ဂျက်ကီ ဘယ်လ်တာရိုကလည်း သူ့ရဲ့ သတင်းဌာနက ထုတ်လွှင့်မှုတွေ ဘာမှ လုပ်မရဘဲ ဖြစ်နေကြောင်း၊ အမြန်ဆုံး ပုံမှန် လည်ပတ်နိုင်အောင် ကြိုးစားနေကြောင်း လူမှုကွန်ရက် မီဒီယာ Xမှာ ရေးသားထားခဲ့ပါတယ်။

မဲလ်ဘုန်း လေဆိပ်မှာလည်း တာဝန်ရှိသူတွေက တစ်ကမ္ဘာလုံး အတိုင်းအတာနဲ့ နည်းပညာပိုင်းဆိုင်ရာ ပြဿနာတစ်ခု ကြုံတွေ့နေပြီး တချို့ လေကြောင်းလိုင်းတွေအတွက် check-in လုပ်ရာမှာ နှောင့်နှေးမှုတွေ ကြုံနိုင်တယ်လို့ ကြိုတင် သတိပေးထားရပါတယ်။

ဗြိတိန်မှာ ရထားပို့ဆောင်ရေး ကုမ္ပဏီတွေလည်း လုပ်ငန်းပုံမှန် လည်ပတ်လို့ မရဘဲ အခက်အခဲတွေ ကြုံနေပါတယ်။

Crowdstrikeက ဇူလိုင် ၁၉ ရက်နေ့ မနက်ပိုင်းကစလို့ ကမ္ဘာတလွှားမှာ Windows စနစ်သုံး ကွန်ပျူတာတွေ ပြဿနာတက်နေတဲ့ ကိစ္စကို သိရှိထားကြောင်း ကြေညာပြီး အဲဒီကိစ္စကို အမြန်ဆုံး ဖြေရှင်းနိုင်အောင် ကြိုးစားနေတယ်လို့ ပြောပါတယ်။ စစ်ဆေးမှုတွေအရ content deployment ပြဿနာ တစ်ခုကြောင့် ဒီလိုတွေ ကြုံရတယ် ဆိုတာကို သိရှိထားပြီး အမြန်ဆုံး ပြင်ဆင်နိုင်အောင် လုပ်ဆောင်နေတယ်လို့လည်း ကုမ္ပဏီက ဆိုပါတယ်။

Windows စနစ်တွေရဲ့ မိခင်ကုမ္ပဏီဖြစ်တဲ့ Microsoftကတော့ အခုကိစ္စနဲ့ ပတ်သက်ပြီး ဘာမှတ်ချက်မှ မပေးသေးပေမယ့် သုံးစွဲသူတွေဟာ လောလောတယ် 356 cloud-based appလို ဝန်ဆောင်မှုတွေကို လောလောဆယ် ချိတ်ဆက်လို့မရ ဖြစ်နေမယ်လို့ ပြောကြားထားပါတယ်။ အမေရိကန်မှာတော့ လေကြောင်းလိုင်း တချို့ဟာ ကွန်ပျူတာ စနစ်တွေ ပြဿနာကြောင့် လေယာဉ်တွေ ပျံသန်းခွင့်ကို ဆိုင်းငံ့ထားရကြောင်း သိရပါတယ်။

ကိုးကား: Financial Review

ဆက်စပ်သတင်းများ