Hi, what are you looking for?
တရုတ်အစိုးရက မြန်မာ့အရေးနှင့်ပတ်သက်၍ ကြားဝင်ဖျန်ဖြေမှုများသည် စစ်အာဏာရှင်စနစ် သက်ဆိုးရှည်ရေး မဖြစ်စေသင့်ကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ(NUG) ယာယီသမ္မတက ပြောကြားခဲ့ပြီး တရုတ်အစိုးရ၏ NUG အပေါ် ထင်ကြေးအမျိုးမျိုး ချဉ်းကပ်နေမှုအပေါ် ကိုင်တွယ်ဖြေရှင်းရန်လိုကြောင်း အစိုးရ အဖွဲ့ဝင်များကို မှာကြားခဲ့သည်။
ပေးဆပ်လိုက်ရသည့် အသက်သွေးချွေး တခုစီတိုင်းအတွက် ထိုက်တန်သည့်အောင်ပွဲကို ရယူနိုင်ရေး နှင့် မြန်မာနိုင်ငံ၌ မည်သည့်အာဏာရှင်မျှ တကျော့ပြန်ခေါင်းထောင်မလာနိုင်ရေးအတွက် တော်လှန်ရေး အင်အားစုများအားလုံး၊ တိုင်းရင်းသားလူမျိုးစုများအားလုံးနှင့် ကျောင်းသားပြည်သူတရပ်လုံး အနေဖြင့် စုစည်းညီညွတ်စွာ အတူတကွတိုက်ပွဲဝင်ကြရန် အမျိုးသားညီညွတ်ရေးအစိုးရ(NUG) ယာယီသမ္မတ ဒူဝါလရှီးလက တိုက်တွန်းသည်။