close
Connect with us

Hi, what are you looking for?

နိုင်ငံတကာ

အရှေ့အလယ်ပိုင်း စစ်ပွဲမှာ နျူကလီးယား အဆောက်အအုံတွေကို ပစ်မှတ်မထားကြဖို့ WHO သတိပေး

အရှေ့အလယ်ပိုင်း ဒေသမှာ ဖြစ်ပွားနေတဲ့ စစ်ပွဲရဲ့ တိုက်ခိုက်မှုတွေဟာ နျူကလီးယား အဆောက်အအုံတွေကိုပါ ခြိမ်းခြောက်နေပြီး ကပ်ဘေးကြီး တစ်ခုနဲ့ နီးကပ်သွားစေနိုင်တဲ့အဆင့် ဖြစ်နေကြောင်း ကမ္ဘာ့ ကျန်းမာရေး အဖွဲ့ကြီး (WHO)က သတိပေးခဲ့ပါတယ်။

အရှေ့အလယ်ပိုင်း ဒေသမှာ ဖြစ်ပွားနေတဲ့ စစ်ပွဲရဲ့ တိုက်ခိုက်မှုတွေဟာ နျူကလီးယား အဆောက်အအုံတွေကိုပါ ခြိမ်းခြောက်နေပြီး ကပ်ဘေးကြီး တစ်ခုနဲ့ နီးကပ်သွားစေနိုင်တဲ့အဆင့် ဖြစ်နေကြောင်း ကမ္ဘာ့ ကျန်းမာရေး အဖွဲ့ကြီး (WHO)က သတိပေးခဲ့ပါတယ်။

မတ်လ ၂၂ ရက်နေ့မှာ WHOရဲ့ အကြီးအကဲ တက်ဒ်ရော့စ် အက်ဒ်ဟာနွမ် ဂျီဘရီးဆက်စ်က အီရန်နဲ့ အစ္စရေးမှာရှိတဲ့ နျူကလီးယား အဆောက်အအုံတွေ အနီးတဝိုက်မှာ စစ်မီးကူးစက်လာနေခြင်းရဲ့ နောက်ဆက်တွဲ ဖြစ်နိုင်ခြေတွေအပေါ် လူမှုကွန်ရက် မီဒီယာ Xမှာ အလေးအနက် သတိပေး ရေးသားခဲ့ပါတယ်။

အရှေ့အလယ်ပိုင်းက စစ်ပွဲဟာ ကပ်ဆိုက်သွားနိုင်တဲ့ အဆင့်မျိုးထိ ရောက်လာနေကြောင်း၊ နျူကလီးယား အဆောက်အအုံတွေကို ပစ်မှတ်ထားတဲ့ တိုက်ခိုက်မှုတွေဟာ လူထု ကျန်းမာရေးနဲ့ သဘာဝ ပတ်ဝန်းကျင် ဘေးကင်းရေးတွေကို အကြီးအကျယ် ခြိမ်းခြောက်လာစေနိုင်ကြောင်း၊ စစ်ပွဲမှာ ပါဝင်တိုက်ခိုက်နေတဲ့ အစုအဖွဲ့ အားလုံးဟာ နျူကလီးယားဆိုင်ရာ ပြဿနာ တစ်ခုခု ဖြစ်ပေါ်လာမယ့် လုပ်ရပ်တိုင်းကို ရှောင်ကြဉ်ပြီး စစ်ရေးအရ အစွမ်းကုန် ထိန်းထိန်းသိမ်းသိမ်း လုပ်ဆောင်ကြဖို့လိုကြောင်း သူက ဆိုပါတယ်။ နိုင်ငံခေါင်းဆောင်တွေ အနေနဲ့လည်း ပဋိပက္ခ အရှိန်လျော့ကျရေးနဲ့ အရပ်သား ပြည်သူတွေကို ကာကွယ်ရေးအတွက် အလေးထားဖို့လိုကြောင်း တက်ဒ်ရော့စ်က ထောက်ပြခဲ့ပါတယ်။

အစ္စရေးရဲ့ လေကြောင်း တိုက်ခိုက်မှုတွေကို လက်တုံ့ပြန်တဲ့ အနေနဲ့ အီရန်က ပစ်ခတ်ခဲ့တဲ့ ပဲ့ထိန်းဒုံးကျည် တစ်စင်းဟာ မတ်လ ၂၁ ရက်နေ့တုန်းက အစ္စရေးရဲ့ ဒီမိုနာမြို့ထဲက လူနေ ဧရိယာ တစ်ခုမှာ ကျရောက် ပေါက်ကွဲခဲ့ပါတယ်။ ဒီမိုနာဟာ အရှေ့အလယ်ပိုင်း ဒေသတစ်ခုလုံးမှာ တစ်ခုတည်းသော နျူကလီးယား လက်နက်တိုက် တည်ရှိရာ မြို့လို့လည်း ယူဆခံထားရပါတယ်။ အစ္စရေးကတော့ နျူကလီးယား လက်နက်တွေ ပိုင်ဆိုင်နေပြီ ဆိုတာကို ဘယ်တုန်းကမှ တရားဝင် ဝန်မခံခဲ့သလို ဒီမိုနာမှာရှိတဲ့ နျူကလီးယား စခန်းဟာလည်း သုတေသန ရည်ရွယ်ချက် သက်သက်နဲ့ လည်ပတ်နေတာလို့ ပြောပါတယ်။

Public Service Announcement

Public Service Announcement

အီရန်ကတော့ နန်တန်ဇ်မြို့မှာရှိတဲ့ နိုင်ငံရဲ့ နျူကလီးယားဆိုင်ရာ အဆောက်အအုံ တစ်ခုကို အစ္စရေးက တိုက်ခိုက်ခဲ့လို့ ဒီမိုနာမြို့ကို တုံ့ပြန် ပစ်ခတ်ခဲ့ကြောင်း ပြောပါတယ်။

အဲဒီ အပြန်အလှန် တိုက်ခိုက်မှု ဖြစ်စဉ်တွေကို ကုလသမဂ္ဂရဲ့ နျူကလီးယားရေးရာ ဌာနဖြစ်တဲ့ အပြည်ပြည်ဆိုင်ရာ အနုမြူစွမ်းအင် အေဂျင်စီ (IAEA)က အလေးအနက်ထား စောင့်ကြည့်နေပြီး မူမမှန်တဲ့ ရေဒီယို သတ္တိကြွ ယိုစိမ့်မှု အထောက်အထား တစ်ခုခု မတွေ့ခဲ့ကြောင်း အတည်ပြုခဲ့ပါတယ်။

အရှေ့အလယ်ပိုင်း စစ်ပွဲ စတင်လာချိန် ကတည်းက WHOဟာ ဌာနရဲ့ ဝန်ထမ်းတွေနဲ့ နိုင်ငံပေါင်း ၁၃ ခုက ကုလသမဂ္ဂ ဝန်ထမ်းတွေကို နျူကလီးယား ဖြစ်ရပ်တစ်ခုခု ကြုံလာရင် လူထုကျန်းမာရေးဆိုင်ရာ ခြိမ်းခြောက်မှုတွေအတွက် ဘယ်လို ကိုင်တွယ် တုံ့ပြန်ရမလဲ ဆိုတာကို သင်တန်းပေးနေတယ်လို့လည်း တက်ဒ်ရော့စ်က ပြောကြားသွားပါတယ်။

ကိုးကား: AFP

ဆက်စပ်သတင်းများ

နိုင်ငံတကာ

လောင်စာဆီ အကျပ်အတည်းနဲ့ ပတ်သက်လို့ ယာယီ ဖြေရှင်းမှု တစ်ခုအဖြစ် ဖိလစ်ပိုင်ဟာ သန့်စင်နှုန်း ညံ့ဖျင်းတဲ့ လောင်စာဆီတွေကို ပြန်လည် သုံးစွဲခွင့် ပေးလိုက်ကြောင်း သိရပါတယ်။

နိုင်ငံတကာ

အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့်က ရာဇသံပေး ခြိမ်းခြောက်ထားတဲ့အတိုင်း တိုက်ခိုက်မှုတွေ လက်တွေ့ လုပ်လာမယ်ဆိုရင် အရှေ့အလယ်ပိုင်း ဒေသတွင်း နိုင်ငံတွေရဲ့ စွမ်းအင်နဲ့ ရေအရင်းအမြစ်ဆိုင်ရာ အခြေခံ အဆောက်အအုံတွေကို ပစ်မှတ်ထား လက်တုံ့ပြန်မယ်လို့ အီရန်က သတိပေးလိုက်ပါတယ်။

နိုင်ငံတကာ

အီရန်ကို အငိုက်ဖမ်း တိုက်ခိုက်ခဲ့တဲ့ ဆုံးဖြတ်ချက်နဲ့ ပတ်သက်ပြီး ကာကွယ်ပြောဆိုရာမှာ အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့်က ဒုတိယ ကမ္ဘာစစ်အတွင်း အမေရိကန်ရဲ့ ပုလဲဆိပ်ကမ်းကို ဂျပန်က ဗုံးကြဲခဲ့တဲ့ ဖြစ်ရပ်ကို ဥပမာ ပေးခဲ့ပါတယ်။ ပြီးတော့ အဲဒီစကားကို ဧည့်သည်တော် ဂျပန်ဝန်ကြီးချုပ် ရှေ့မှောက်မှာ ပြောခဲ့တာ...

နိုင်ငံတကာ

ပင်လယ်ကွေ့ ဒေသတွင်း နိုင်ငံတွေကို တိုက်ခိုက်နေတာတွေ ရပ်တန့်ပေးဖို့ မဟာမိတ် အီရန်နိုင်ငံကို ဟားမားစ် ပြောက်ကျားအဖွဲ့က တောင်းဆိုလိုက်ပါတယ်။

Facebook