close
Connect with us

Hi, what are you looking for?

နိုင်ငံတကာ

အီရန်ကို လက်လှမ်းမီနိုင်တဲ့ ရေပြင်ကို အမေရိကန် လေယာဉ်တင်သင်္ဘော ရောက်ရှိနေ

လေယာဉ်တင် သင်္ဘောကြီးတစ်စီး ဦးဆောင်တဲ့ အမေရိကန် တိုက်ရေယာဉ်အုပ် တစ်ခုဟာ အီရန်နိုင်ငံမှာ စစ်ဆင်ရေးတွေ လုပ်ဆောင်ဖို့ လက်လှမ်းမီလောက်တဲ့ နေရာကို ရောက်နေတယ်လို့ သိရပါတယ်။

ဓာတ်ပုံ - US Navy

လေယာဉ်တင် သင်္ဘောကြီးတစ်စီး ဦးဆောင်တဲ့ အမေရိကန် တိုက်ရေယာဉ်အုပ် တစ်ခုဟာ အီရန်နိုင်ငံမှာ စစ်ဆင်ရေးတွေ လုပ်ဆောင်ဖို့ လက်လှမ်းမီလောက်တဲ့ နေရာကို ရောက်နေတယ်လို့ သိရပါတယ်။

USS Abraham Lincoln လေယာဉ်တင် သင်္ဘောကြီး ဦးဆောင်တဲ့ တိုက်ရေယာဉ်အုပ်ဟာ အိန္ဒိယ သမုဒ္ဒရာထဲမှာ ဖြန့်ကျက်ထားပြီး အီရန်မှာ အမေရိကန်က လုပ်ဆောင်လာနိုင်တဲ့ စစ်ဆင်ရေး မှန်သမျှကို ကူညီ ပူးပေါင်းပေးဖို့ ပြင်ဆင်ထားတယ်လို့ အမေရိကန် စစ်ဘက် အရာရှိ နှစ်ဦးက CNNဆီ ပြောကြားခဲ့ပါတယ်။

ဒါပေမဲ့ အမေရိကန်ဟာ အီရန်မှာ ကျိန်းသေ စစ်ရေးလှုပ်ရှားမှု တစ်ခုခု လုပ်ဆောင်မလား ဆိုတာကိုတော့ အဲဒီ အမည်မဖော်တဲ့ သတင်းရင်းမြစ်တွေက တိတိကျကျ ပြောမသွားခဲ့ပါဘူး။ ပြီးတော့ အဲဒီ တိုက်ရေယာဉ်အုပ်ဟာ အီရန်နားက ရေပြင်မှာ ကျိန်းသေပေါက် နေရာယူ ဖြန့်ကျက်ထားမှာလားဆိုတဲ့ အပေါ်မှာလည်း သူတို့က ဘာမှတ်ချက်မှ မပေးခဲ့ပါဘူး။

တိုက်ရေယာဉ်အုပ်ဟာ အရင်က အရှေ့အလယ်ပိုင်းဒေသ စစ်ဆင်ရေးတွေကို ကွပ်ကဲတဲ့ အမေရိကန် ဗဟိုစစ်ရေး ဦးစီးဌာန လက်အောက်ကနေ လှုပ်ရှားနေပါတယ်။ လေယာဉ်တင် သင်္ဘော ဦးဆောင်တဲ့ တိုက်ရေယာဉ် အုပ်တွေကို CSGလို့ အတိုကောက် ခေါ်ဝေါ်လေ့ရှိပြီး ပုံမှန်အားဖြင့် ခရုစ်ဒုံးကျည်တပ် စစ်သင်္ဘောတွေ၊ လေကြောင်းကာကွယ်ရေး သင်္ဘောတွေ၊ ရေငုပ်သင်္ဘောဖျက် ဖရီးဂိတ်ရေယာဉ်တွေ၊ ဖျက်သင်္ဘောတွေက အခြံအရံ ရေယာဉ်တွေအဖြစ် လိုက်ပါလေ့ ရှိပါတယ်။

Public Service Announcement

Public Service Announcement

အီရန်မှာ အစိုးရ ဆန့်ကျင်ရေး ဆန္ဒပြသူတွေကို အာဏာပိုင်တွေက ရက်ရက်စက်စက် အင်အားသုံး ဖြိုခွင်းနေခဲ့တဲ့ ကာလတွေအတွင်း ပြည်သူတွေကို ကာကွယ်ဖို့အတွက် အမေရိကန်က စစ်ရေးအရ အရေးယူနိုင်ခြေရှိကြောင်း အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့်က ခြိမ်းခြောက်ခဲ့ဖူးပါတယ်။ ဒါပေမဲ့ လက်ရှိမှာတော့ ထရမ့်ဟာ အီရန်မှာ စစ်ရေးအရ စွက်ဖက်မယ့် ဆုံးဖြတ်ချက်တစ်ခုခု ချမှတ်ထားတဲ့ အရိပ်အယောင်မျိုး မမြင်ရသေးပါဘူး။

အမေရိကန်ရဲ့ အရှေ့အလယ်ပိုင်း ဒေသတွင်း မဟာမိတ်တွေကတော့ ထရမ့်အနေနဲ့ စစ်ရေးအရ တိုက်ခိုက်တာမျိုး တစ်ခုခု မဆုံးဖြတ်ဖို့လည်း တိုက်တွန်းထားပါတယ်။ တစ်ဖက်မှာတော့ အီရန်က အမေရိကန်သာ တိုက်ခိုက်လာရင် ဒေသတွင်း နိုင်ငံတွေမှာ ရှိနေတဲ့ အမေရိကန် စစ်စခန်းတွေကို ပစ်မှတ်ထား လက်တုံ့ပြန်မယ်လို့ သတိပေးထားပါတယ်။

ထရမ့်ဟာ အီရန်ကို စစ်ရေးအရ ခြိမ်းခြောက်ထားသလို ပြီးခဲ့တဲ့ သီတင်းပတ်မှာတော့ အီရန်ဖက်က ဆွေးနွေးဖို့ လိုလားနေကြောင်း ထုတ်ပြောခဲ့ပြီး အမေရိကန် အနေနဲ့ ညှိနှိုင်းမှု လမ်းကြောင်းကိုလည်း ရွေးချယ်နိုင်ခြေရှိကြောင်း အရိပ်အမြွက် မှတ်ချက်ပေးခဲ့ပါတယ်။ ဒါပေမဲ့ အီရန်အနေနဲ့ ဆွေးနွေးချင်တယ်ဆိုတဲ့ စကားနဲ့အညီ အမေရိကန်ကို ဆက်သွယ်မယ်ဆိုရင် ဘယ်လို ကမ်းလှမ်းမှုတွေ လိုအပ်မလဲ ဆိုတာကို သိထားပြီး အတိအကျ လုပ်ဆောင်ဖို့ လိုတယ်လို့ အိမ်ဖြူတော် အရာရှိတွေက ဇန်နဝါရီ ၂၆ ရက်နေ့မှာ သတိပေးခဲ့ပါတယ်။

အီရန်မှာ ပြီးခဲ့တဲ့ နှစ်ကုန်ပိုင်းကနေ အခုလလယ်လောက်ထိ ဖြစ်ပွားခဲ့တဲ့ အစိုးရ ဆန့်ကျင်ရေး ဆန္ဒပြပွဲတွေအတွင်း အနည်းဆုံး လူပေါင်း ၆၁၀၀ ကျော် သေဆုံးခဲ့ကြောင်း သိရပါတယ်။

ကိုးကား: CNN

ဆက်စပ်သတင်းများ

နိုင်ငံတကာ

အီရန်မှာ ဆန္ဒပြမှုတွေနဲ့ ဆက်စပ်တဲ့ သေဆုံးမှု အရေအတွက်ဟာ ၅၀၀၀ ကျော်ထိ များပြားခဲ့ကြောင်း လူ့အခွင့်အရေး တက်ကြွ လှုပ်ရှားသူတွေက ဆိုပါတယ်။

နိုင်ငံတကာ

အဓိပတိကြီး အယာတိုလာ အလီ ခါမေနီကို တိုက်ခိုက်တဲ့ ဘယ်လို လုပ်ရပ်မျိုးမဆို အီရန်နဲ့ အလုံးစုံ စစ်ပွဲကြီး ဖြစ်ပွားတဲ့ အခြေအနေဆီ ဦးတည်သွားလိမ့်မယ်လို့ အီရန် သမ္မတက သတိပေးခဲ့ပါတယ်။

သတင်း

မကြာသေးခင်က ဖြစ်ပွားခဲ့တဲ့ ဆန္ဒပြပွဲတွေမှာ လူထောင်နဲ့ချီ သေဆုံးခဲ့ကြောင်း အီရန် အစိုးရ ခေါင်းဆောင်က ဝန်ခံခဲ့ပါတယ်။

သတင်း

မကြာသေးခင်က ဖြစ်ပွားခဲ့တဲ့ ဆန္ဒပြပွဲတွေမှာ လူထောင်နဲ့ချီ သေဆုံးခဲ့ကြောင်း အီရန် အစိုးရ ခေါင်းဆောင်က ဝန်ခံခဲ့ပါတယ်။

Facebook