close
Connect with us

Hi, what are you looking for?

သတင်း

လေ့ကျင့်ရေးနည်းပြများ စွမ်းရည်မြှင့်သင်တန်း NUG ပြုလုပ်

အမျိုးသားညီညွတ်ရေးအစိုးရ(NUG)၊ ကာကွယ်ရေးဝန်ကြီးဌာန၊ ပြည်သူ့ကာကွယ်ရေးတပ်မတော် လေ့ကျင့်ရေးနည်းပြများအတွက် စွမ်းဆောင်ရည်မြှင့်သင်တန်းကို ဖေဖော်ဝါရီအတွင်း အောင်မြင်စွာ ဖွင့်လှစ်နိုင်ခဲ့ပြီးဖြစ်ဟု NUG ကာကွယ်ရေးဝန်ကြီးဌာနက သတင်းထုတ်ပြန်ပါတယ်။

ဓာတ်ပုံ - MOD

မတ်-၆၊ ၂၀၂၆။ ထားမြတ်/People’s Spring

အမျိုးသားညီညွတ်ရေးအစိုးရ(NUG)၊ ကာကွယ်ရေးဝန်ကြီးဌာန၊ ပြည်သူ့ကာကွယ်ရေးတပ်မတော် လေ့ကျင့်ရေးနည်းပြများအတွက် စွမ်းဆောင်ရည်မြှင့်သင်တန်းကို ဖေဖော်ဝါရီအတွင်း အောင်မြင်စွာ ဖွင့်လှစ်နိုင်ခဲ့ပြီးဖြစ်ဟု NUG ကာကွယ်ရေးဝန်ကြီးဌာနက သတင်းထုတ်ပြန်ပါတယ်။

အဲဒီသင်တန်းကို အမျိုးသားညီညွတ်ရေးအစိုးရရဲ့ ထိန်းချုပ်နယ်မြေတနေရာမှာ ရက်သတ္တ (၃)ပတ်တာ ဖွင့်လှစ်သင်ကြားခဲ့တာလို့ ဆိုပါတယ်။

သင်တန်းကို လေ့ကျင့်ရေးနည်းပြ (၁၀၀)ကျော် တက်ရောက်ခဲ့ဟု အသိပေးပါတယ်။

Public Service Announcement

Public Service Announcement

ပြည်သူ့ကာကွယ်ရေးတပ်မတော် စစ်အခြေခံသဘောတရား (Military Doctrine)၊စစ်မြေပြင်ဆိုင်ရာ စိတ်ပညာ၊ စစ်ဘက်-အရပ်ဘက် ဆက်ဆံရေး၊ အခြေခံနိုင်ငံရေး မိတ်ဆက်၊ မြန်မာ့နိုင်ငံရေးသမိုင်း အကျဉ်းချုပ်၊ Cyber Security၊ ပြည်သူ့ကာကွယ်ရေးတပ်မတော်ရဲ့ စစ်ဆင်ရေး၊ ရေး၊ ထောက်၊ လှမ်း၊ လုံ ဆိုင်ရာ လုပ်ထုံးလုပ်နည်း တွေသင်ကြား ပို့ချခဲ့ကြောင်း ထုတ်ပြန်ပါတယ်။

ဒါ့အပြင်စစ်ဥပဒေဆိုင်ရာ ဘာသာရပ်‌တွေနဲ့စိတ်ဓာတ်စစ်ဆင်ရေးဆိုင်ရာ သင်ခန်းစာများကို သက်ဆိုင်ရာ ဘာသာရပ်အလိုက် ကျွမ်းကျင်ပညာရှင်‌ တွေနဲ့ တပ်မှူးတွေက သင်ကြားပို့ချခဲ့တယ်လို့ ဆိုပါတယ်။

ပြည်သူ့ကာကွယ်ရေးတပ်မတော်ရဲ့ တပ်တည်ဆောက်ရေးလုပ်ငန်း တွေမှာ လေ့ကျင့်ရေးကဏ္ဍဟာ အခြေခံအကျဆုံးနဲ့ အရေးပါဆုံးသော အခန်းကဏ္ဍမှ ပါဝင်လျက်ရှိဟု ကာကွယ်ရေးဝန်ကြီးဌာနက ထုတ်ပြန်ပါတယ်။

ဆက်စပ်သတင်းများ

သတင်း

တော်လှန်ရေး လှုပ်ရှားမှုတွေကို ဖော်ဆောင်တဲ့နေရာမှာ လူထုကိုဝန်ပိစေတဲ့ကိစ္စရပ်တွေ မဖြစ်ရေး အထူးသတိထားဖို့လိုကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ(NUG) ယာယီသမ္မတ ဒူဝါလရှီးလက ပြောကြားပါတယ်။

သတင်း

အာဏာသိမ်းစစ်ကောင်စီက သွေးခွဲရေးဗျူဟာကျင့်သုံးလျက်ရှိရာ ပအိုဝ်းအချင်းချင်း တိုက်ကြဆိုတဲ့ သွေးခွဲရေးဗျူဟာကို များစွာသတိထားဖို့ အမျိုးသားညီညွတ်ရေးအစိုးရ(NUG) ယာယီသမ္မတဒူဝါလရှီးလက သတိပေးပါတယ်။

သတင်း

အမျိုးသားညီညွတ်ရေးအတိုင်ပင်ခံကောင်စီ (NUCC)နဲ့ အမျိုးသားညီညွတ်ရေးအစိုးရ(NUG) တို့ဟာ ဖေဖော်ဝါရီ ၂၂ရက်မှာ ထပ်မံတွေ့ဆုံပြီး တော်လှန်ရေးဦးဆောင်မှုခိုင်မာရေးနဲ့ နိုင်ငံရေးဆိုင်ရာ ကိစ္စရပ်တွေ ဆွေးနွေးခဲ့တယ်လို့ NUCCက အသိပေးထုတ်ပြန်ပါတယ်။

သတင်း

အမျိုးသားညီညွတ်ရေးအစိုးရ(NUG) ပြည်ထောင်စုဝန်ကြီးချုပ်ရုံး အမြဲတမ်းအတွင်း၀န် ဒေါ်ကြည်ကြာ တိုင်ကြားခံရတဲ့ အမှုနဲ့ပတ်သက်ပြီး တာဝန်ရှိသူတွေက အတိုင်းအတာ တရပ်အထိ ဖြေရှင်း ဆောင်ရွက်ပေးခဲ့သလို ပိုမိုကောင်းမွန် ပွင့်လင်းမြင်သာတဲ့ အစိုးရတရပ် အဖြစ် ဖော်ဆောင်နိုင်ဖို့ အစီအစဉ်တွေ ချမှတ်မယ်လို့ ကတိပြုခဲ့တာကြောင့် တယ်လီကျန်းမာ အနေနဲ့ အမျိုးသားညီညွတ်ရေးအစိုးရ၊ ကျန်းမာရေးဝန်ကြီးဌာနရဲ့ အဖွဲ့အစည်းတစ်ရပ်အနေဖြင့်...