close
Connect with us

Hi, what are you looking for?

သတင်း

NUG နဲ့ SRAတွေ့ဆုံပြီး စစ်ဆင်ရေးအပါအဝင် အဓိကအချက်သုံးချက် ဆွေးနွေး

အမျိုးသားညီညွတ်ရေးအစိုးရ နဲ့ နွေဦးတော်လှန်ရေးမဟာမိတ်တပ်ပေါင်းစု(SRA)တို့ ဒီက​နေ့ တွေ့ဆုံပြီး စစ်ဆင်ရေး၊ ထောက်လှမ်းရေးဆိုင်ရာကိစ္စရပ်​တွေ နဲ့ နိုင်ငံရေးဦးဆောင်မှုဆိုင်ရာ​တွေကို ရင်းနှီးပွင့်လင့်စွာဆွေးနွေးခဲ့တယ်လို့ NUGနဲ့ SRAက ထုတ်ပြန်ပါတယ်။

ဖေဖော်ဝါရီ၂၇ရက်၊၂၀၂၆။ ထားမြတ်/People’s Spring

အမျိုးသားညီညွတ်ရေးအစိုးရ နဲ့ နွေဦးတော်လှန်ရေးမဟာမိတ်တပ်ပေါင်းစု(SRA)တို့ ဒီက​နေ့ တွေ့ဆုံပြီး စစ်ဆင်ရေး၊ ထောက်လှမ်းရေးဆိုင်ရာကိစ္စရပ်​တွေ နဲ့ နိုင်ငံရေးဦးဆောင်မှုဆိုင်ရာ​တွေကို ရင်းနှီးပွင့်လင့်စွာဆွေးနွေးခဲ့တယ်လို့ NUGနဲ့ SRAက ထုတ်ပြန်ပါတယ်။

​ဖေ​ဖော်ဝါရီလ ၂၇ရက်မွန်းလွဲ ၂နာရီမှာZoom မှတဆင့် တွေ့ဆုံဆွေးနွေးခဲ့ကြတာ ဖြစ်ပြီးအစည်းအဝေးသို့ အမျိုးသားညီညွတ်ရေးအစိုးရ ပြည်ထောင်စုဝန်ကြီးချုပ်ရုံးဝန်ကြီး ဒေါက်တာဇော်ဝေစိုး၊ ကာကွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးရည်မွန်၊ ပြည်ထဲရေးနှင့်လူဝင်မှုကြီးကြပ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးလွင်ကိုလတ်၊ စီမံကိန်း ဘဏ္ဍာရေးနှင့် ရင်နှီးမြှပ်နှံမှု ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးတင်ထွန်းနိုင်၊ နိုင်ငံခြား

ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါ်ဇင်မာအောင်တို့နဲ့ SRAမှ ခေါင်းဆောင်များ စုံလင်စွာတက်ရောက်ခဲ့ကြတယ်လို့​​ဖော်ပြပါတယ်။

Public Service Announcement

Public Service Announcement

​တွေဆုံး​ဆွေး​နွေးမှုမှာ မူဝါဒအပေါ် အပြန်အလှန်ဆွေးနွေးခဲ့တယ်လို့လည်းပါရှိပါတယ်။

အစည်းအဝေးမှာပြည်ထောင်စုဝန်ကြီးချုပ်ရုံး ဝန်ကြီး ဒေါက်တာဇော်ဝေစိုး နဲ့ SRA ဦးဆောင်ကော်မတီဝင်ဆလိုင်းဝီလျံချင်းတို့ကအဖွင့်နှုတ်ခွန်းဆက်စကားပြောကြားခဲ့ပါတယ်။ကာကွယ်​ရေးဝန်ကြီးဦးရည်မွန်ကအမျိုးသားညီညွတ်ရေးအစိုး

ရ ကာကွယ်ရေးဝန်ကြီးဌာနရဲ့ ဒေသအခြေပြုကာကွယ်ရေးတပ်ဖွဲ့များဆိုင်ရာ မူဝါဒကို ရှင်းလင်းဆွေးနွေးခဲ့တယ်လို့ အ​သိ​ပေးပါတယ်။

ကာကွယ်ရေးဝန်ကြီးဌာနနဲ့ ဆက်လက် တွေ့ဆုံဆွေးနွေးရေး ရှေ့လုပ်ငန်းစဉ်များချမှတ်ခဲ့တယ်လို့ လည်းအသိပေးပါတယ်။

“ SRA ကိစ္စတွေအပြင် SRA ထဲ မပါဝင်ကြသေးတဲ့တပ်ဖွဲ့တွေရဲ့အရေးကိစ္စတွေကိုပါသေချာဆွေးနွေးဖြစ်ခဲ့ပါတယ်။အထူးသဖြင့် NUG လက်အောက်ခံမဟုတ်တဲ့တပ်တွေအပေါ် NUG ရဲ့သဘောထားကို မေးမြန်းအတည်ပြုနိုင်ခဲ့ပါတယ်။ NUG နဲ့ SRA အကြား အပြန်အလှန်အသိအမှတ်ပြုနိုင်ကြဖို့၊ ကျေလည်သောညီညွတ်ရေးကိုအတူတကွတည်ဆောက်နိုင်ကြဖို့နဲ့ မိတ်ဖက်ပဋိပက္ခတွေကို ညှိနှိုင်းဆွေးနွေးတဲ့နည်းနဲ့သာဖြေရှင်းနိုင်ကြဖို့ကို သဘောတူညီခဲ့ကြပါတယ်” လို့လည်း SRA အဖွဲ့ BPLA ကွပ်ကဲ​ရေးမှူး ​​မောင်​ဆောင်းခက ​ဖေစ်ဘွခ်မှာ​ရေးသားအသိ​ပေးထားပါတယ် ။

ဆက်စပ်သတင်းများ

သတင်း

ပဲခူး၊ ရန်ကုန်၊နေပြည်တော်နှင့် ဧရာ၀တီတိုင်းဒေသများ ပါဝင်စုဖွဲ့ထားသော အမှတ်(၂) စစ်ဆင်ရေးနယ်မြေအတွင်း စစ်ရေးဖော်ဆောင်မှုများကို ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်(KNLA)၊ ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF)တပ်မှူးများဖြင့် ဖွဲ့စည်းထာသည့် အမိန့်ပေးကွပ်ကဲမှုယန္တရားဖြစ်သော Joint Operation Command(JOC)၏ အဆုံးအဖြတ် ဖြင့် ဆောင်ရွက်နေကြောင်း အမှတ်(၂) စစ်ဆင်ရေးနယ်မြေ သတင်းပြန်ကြားရေးတာဝန်ခံက ပြောကြားသည်။

သတင်း

ကော်ဘရာစစ်ကြောင်း၏ တာဝန်ရှိသူက ပြီးခဲ့သည့် သုံးလခန့်အတွင်း အောင်ဇေယျစစ်ကြောင်းမှ လက်နက်နှင့်အတူ အလင်းဝင်လာသူများနှင့် ဖမ်းမိစစ်သုံ့ပန်း ၃၀ခန့်ရှိသည်ဟု ပြောသည်။

သတင်း

မရမ်းကုန်းမြို့နယ်မှ နေရာအချို့ကို ဒီဇင်ဘာ ၂၈ရက် သန်းခေါင်ယံအချိန်၌ ဧည့်စာရင်းအကြောင်းပြ၍ စစ်ဆေးမှုများပြုလုပ်ကာ မတရားဖမ်းဆီးမှုများရှိကြောင်း ဒေသခံတစ်ဦးကပြောသည်။

သတင်း

အာဏာသိမ်းစစ်ကောင်စီကို နိုင်ငံတကာတရားဥပဒေအရ မြန်မြန်ဆန်ဆန်အရေးယူနိုင်ရေးအတွက် အမျိုးသားညီညွတ်ရေးအစိုးရ NUG က မြန်မာနိုင်ငံဆိုင်ရာ အထူးအကြံပေးကောင်စီနှင့် တွေ့ဆုံဆွေးနွေးခဲ့သည်။