close
Connect with us

Hi, what are you looking for?

သတင်း

စစ်ကောင်စီကို နိုင်ငံတကာတရားဥပဒေအရ မြန်မြန်ဆန်ဆန်အရေးယူနိုင်ရေး NUG နှင့် ကုလကျွမ်းကျင်သူများ ဆွေးနွေး

အာဏာသိမ်းစစ်ကောင်စီကို နိုင်ငံတကာတရားဥပဒေအရ မြန်မြန်ဆန်ဆန်အရေးယူနိုင်ရေးအတွက် အမျိုးသားညီညွတ်ရေးအစိုးရ NUG က မြန်မာနိုင်ငံဆိုင်ရာ အထူးအကြံပေးကောင်စီနှင့် တွေ့ဆုံဆွေးနွေးခဲ့သည်။

အာဏာသိမ်းစစ်ကောင်စီကို နိုင်ငံတကာတရားဥပဒေအရ မြန်မြန်ဆန်ဆန်အရေးယူနိုင်ရေးအတွက် အမျိုးသားညီညွတ်ရေးအစိုးရ NUG က မြန်မာနိုင်ငံဆိုင်ရာ အထူးအကြံပေးကောင်စီနှင့် တွေ့ဆုံဆွေးနွေးခဲ့သည်။

ထားအိ/People’s Spring

အာဏာသိမ်းစစ်ကောင်စီကို နိုင်ငံတကာတရားဥပဒေအရ မြန်မြန်ဆန်ဆန်အရေးယူနိုင်ရေးအတွက် အမျိုးသားညီညွတ်ရေးအစိုးရ NUG က မြန်မာနိုင်ငံဆိုင်ရာ အထူးအကြံပေးကောင်စီနှင့် တွေ့ဆုံဆွေးနွေးခဲ့သည်။

NUG ယာယီသမ္မတ ဒူဝါလရှီးလဦးဆောင်သည့် အစိုးရအဖွဲ့ဝင်များသည် ကုလသမဂ္ဂ ထိပ်တန်းအရာရှိဟောင်းများနှင့် ဖွဲ့စည်းထားသော အထူးအကြံပေးကောင်စီ(SAC-M)အဖွဲ့ဝင်များနှင့် ဒီဇင်ဘာ ၂၀ရက်တွင် အွန်လိုင်းမှ တွေ့ဆုံဆွေးနွေးခဲ့ကြပြီး နိုင်ငံတကာဆက်ဆံရေးကဏ္ဍများတွင် ပူးပေါင်းဆောင်ရွက်ရေးကိစ္စရပ်များကိုလည်း တိုင်ပင်ဆွေးနွေးခဲ့ကြောင်း သမ္မတရုံးပြောရေးဆိုခွင့်ရှိသူ ဦးကျော်ဇော်က People’s Spring သို့ ပြောသည်။

“ပွင့်ပွင့်လင်းလင်း၊ ရင်းရင်းနှီးနှီး တိုင်ပင်ဆွေးနွေးခဲ့ကြပါတယ်။ လူ့အခွင့်အရေးနဲ့ပတ်သက်တာ၊ တရားမျှတမှု ရရှိရေး accoutability mechanism ၊ နိုင်ငံတရားစီရင်ရေးကဏ္ဍမှာ အကြမ်းဖက်စစ်ခေါင်းဆောင်မင်းအောင်လှိုင်နဲ့ အပေါင်းအပါတွေကို နိုင်ငံတကာတရားဥပဒေအရ အရေးယူနိုင်ဖို့ ဆောင်ရွက်နေတာတွေ၊ နိုင်ငံတကာခုံရုံးတွေ၊ ICC လိုမျိုး ဒီအတွင်းမှာ လူ့အခွင့်အရေးကို ကျူးလွန်နေတဲ့ မင်းအောင်လှိုင်နဲ့အပေါင်းအပါတွေကို တရားစီရင်ရေးကဏ္ဍမှာ သူတို့ရဲ့ အပြစ်ကို သူတို့ ရင်ဆိုင်အပြစ်ပေးနိုင်ရေးကိစ္စတွေကို ဘယ်လိုဆောင်ရွက်တယ်၊​ ဘယ်လိုပူးတွဲဆောင်ရွက်မယ်၊ မြန်မြန်ဆန်ဆန်နဲ့ တာဝန်ယူမှု၊ တာဝန်ခံမှုရှိအောင်လုပ်မယ်ဆိုတာတွေ ဆွေးနွေးပြီး သူတို့ရဲ့ အကြံပြုချက်တွေ ရယူနိုင်ခဲ့ပါတယ်။ အင်မတန်မှ ကောင်းတဲ့ဆွေးနွေးပွဲတစ်ခုလို့ ပြောလို့ရပါတယ်” ဟု ဦးကျော်ဇော်က ရှင်းပြသည်။

Public Service Announcement

Public Service Announcement

အာဏာသိမ်းစစ်ခေါင်းဆောင်မင်းအောင်လှိုင်အား ၂၀၁၇ ခုနှစ်က ရိုဟင်ဂျာများအပေါ် ကျူးလွန်သည့် ရာဇဝတ်မှုများအတွက် နိုင်ငံတကာရာဇဝတ်ခုံရုံး(ICC)က ဖမ်းဝရမ်းထုတ်ပေးရန် ICC တရားလိုရှေ့နေက နိုဝင်ဘာလကုန်ပိုင်းတွင် ရုံးတော်သို့ လျှောက်ထားခဲ့သည်။

ထို့အပြင် စစ်ခေါင်းဆောင်မင်းအောင်လှိုင်ကို ICC အပါအဝင် နိုင်ငံအလိုက်အရေးယူနိုင်သော Universal Jurisdiction ကိစ္စရပ်များတွင်လည်း နိုင်ငံတဝန်း၌ စစ်ကောင်စီကဓာတုလက်နက်(Chemical Weapon)အသုံးပြုတိုက်ခိုက်နေသော အချက်ကို သက်သေခိုင်မာအောင် လုပ်ဆောင်ကာ တရားစွဲဆိုမှုများ ဆက်လက်ဖြစ်ပွားအောင် လုပ်ဆောင်သွားမည်ဟု NUG လူ့အခွင့်အရေးဝန်ကြီးဦးအောင်မျိုးမင်းက ဒီဇင်ဘာ ၂၀ရက်တွင် ပြောကြားထားသည်။

မြန်မာနိုင်ငံဆိုင်ရာ အထူးအကြံပေးကောင်စီ(SAC-M)ကို မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂ လွတ်လပ်သော နိုင်ငံတကာ အချက်အလက်ရှာဖွေရေးမစ်ရှင်(FFM)ဥက္ကဋ္ဌဟောင်း မစ္စတာ မာဇူကီဒါရူစမန်း၊ မြန်မာနိုင်ငံဆိုင်ရာ ကုလအထူးစုံစမ်းရေးမှူးဟောင်း ပါမောက္ခယန်ဟီးလီ၊ FFMအဖွဲ့ဝင်ဟောင်း မစ္စတာစီဒိုတီတို့ ပါဝင်ပြီး SAC-Mသည် လူ့အခွင့်အရေး၊ ငြိမ်းချမ်းရေး၊ ဒီမိုကရေစီ၊ တရားမျှတမှုနှင့် တာဝန်ခံမှုတို့အတွက် မြန်မာပြည်သူလူထု၏ တိုက်ပွဲဝင်မှုကို ပံ့ပိုးကူညီရန် ဖွဲ့စည်းလုပ်ဆောင်နေခြင်းဖြစ်ကြောင်း သိရသည်။

တွေ့ဆုံမှုတွင် အထက်ပါ ကုလသမဂ္ဂ ထိပ်တန်းအရာရှိဟောင်း ၃ဦးစလုံးနှင့် NUG ယာယီသမ္မတ၊ နိုင်ငံခြားရေးဝန်ကြီး၊ လူ့အခွင့်အရေးဆိုင်ရာဝန်ကြီးတို့အပါအဝင် ဒုတိယဝန်ကြီးများနှင့် တာဝန်ရှိသူများ တက်ရောက်ခဲ့ကြောင်း NUG က သတင်းထုတ်ပြန်ထားသည်။

ဆက်စပ်သတင်းများ

သတင်း

ရန်သူထိခိုက်သေဆုံးမှုကို စုံစမ်းလျှက်ရှိပြီး ပူးပေါင်းတပ်ဖွဲ့များမှ ထိခိုက်မှုမရှိဘဲ အောင်မြင်စွာလုပ်ဆောင်နိုင်ခဲ့ကြောင်းဖော်ပြသည်။

သတင်း

မင်းတပ်နှင့် ကန်ပက်လက်မြို့တွင် တိုက်ပွဲဖြစ်ပွားတော့ခြင်းမရှိဘဲ စစ်ကောင်စီက လေကြောင်း တိုက်ခိုက်လာခြင်းဖြစ်ကြောင်း မင်းတပ် ဒေသခံ သတင်းရင်းမြစ်က ပြောသည်။

သတင်း

အဆိုပါ နပခ ဌာနချုပ်သိမ်းပိုက်ရာတွင် ဒုတိုင်းမှူး ဗိုလ်မှူးချုပ်​သောင်းထွန်း ၊ တိုင်းဦးစီးချုပ် ဗိုလ်မှူးချုပ်​ကျော်​ကျော်သန်းတို့ကို AAက ဖမ်းမိခဲ့သည်။

သတင်း

တိုက်ခိုက်မှုအတွင်း အပြန်အလှန်ပစ်ခတ်ချိန် မိနစ်(၃၀)ခန့်ကြာမြင့်ပြီး စစ်ကောင်စီတပ်မှ တစ်ဦး နေရာတင်သေဆုံး၍ တစ်ဦးမှာ အပြင်းအထန်ဒဏ်ရာရရှိသွားသည်ဟု တပ်ရင်း (၃၆၀၁)က အသိပေးသည်။