close
Connect with us

Hi, what are you looking for?

သတင်း

ရေးမြို့နယ်တိုက်ပွဲမှာ ကျဆုံးခဲ့တဲ့ မွန်တပ်MSRF ရဲဘော်၂ဦးရဲ့ဈာပန ကျင်းပ

မွန်ပြည်နယ်၊ ရေးမြို့နယ်တိုက်ပွဲမှာ ကျဆုံးခဲ့တဲ့ မွန်ပြည်တော်လှန်ရေးတပ်(MSRF)မှ ရဲဘော်နိုင်လေးနဲ့ ရဲဘော်အောင်တို့ရဲ့ ဈာပနအခမ်းအနားကို ကျင်းပခဲ့ရာ ညီနောင်တပ်ဖွဲ့ တာဝန်ရှိသူတွေနဲ့ ရဲဘော်တွေ တက်ရောက်ခဲ့ပြီး ကျဆုံးရဲဘော်တွေကို ဦးညွတ်အလေးပြုခဲ့ကြောင်း MSRFက ဒီကနေ့ ထုတ်ပြန်ပါတယ်။

ဖေဖော်ဝါရီ−၂၇၊၂၀၂၆။ထားမြတ်/People’s Spring

မွန်ပြည်နယ်၊ ရေးမြို့နယ်တိုက်ပွဲမှာ ကျဆုံးခဲ့တဲ့ မွန်ပြည်တော်လှန်ရေးတပ်(MSRF)မှ ရဲဘော်နိုင်လေးနဲ့ ရဲဘော်အောင်တို့ရဲ့ ဈာပနအခမ်းအနားကို ကျင်းပခဲ့ရာ ညီနောင်တပ်ဖွဲ့ တာဝန်ရှိသူတွေနဲ့ ရဲဘော်တွေ တက်ရောက်ခဲ့ပြီး ကျဆုံးရဲဘော်တွေကို ဦးညွတ်အလေးပြုခဲ့ကြောင်း MSRFက ဒီကနေ့ ထုတ်ပြန်ပါတယ်။

MSRF ရဲဘော် ၂ဦးဟာ ဖေဖော်ဝါရီ ၂၃ရက်က ရေးမြို့နယ် အောင်သပြေကျေးရွာတိုက်ပွဲမှာ ကျဆုံးခဲ့တာပါ။

၂၀၂၆ ဖေဖော်ဝါရီ ၂၃ရက် နံနက် ၈နာရီအချိန်တွင် တိုင်းပြည်နှင့် လူမျိုးအတွက် တော်လှန်ရေးတာဝန်များကို ထမ်းဆောင်လျက် မြင့်မြတ်စွာ အသက်ပေးလှူခဲ့ရသည်။

Public Service Announcement

Public Service Announcement

ကျဆုံးရဲဘော် ၂ဦးရဲ့ ဈာပနအခမ်းအနားကို ဖေဖော်ဝါရီ ၂၄ရက်မှာပြုလုပ်ခဲ့ရာ MSRF တပ်ရင်းမှူး ဗိုလ်မှူးကြီး နိုင်ဒရာဂွန်ကအမိန့် ပြန်တမ်းဖတ်ကြားခဲ့ပြီး ညီနောင်တပ်ဖွဲ့တွေဖြစ်တဲ့ MSRF ၊ ပြည်သူ့ကာကွယ်ရေးတပ်မတော် နည်းဗျူဟာ(၃၃) ကွပ်ကဲမှု အောက်ရှိ တပ်ရင်းတွေဖြစ်တဲ့ ရေးပြောက်ကျားတပ်ရင်း(YGF)အမှတ် (၈၀၀၁)၊ ကံပေါက်ပြည်သူ့ကာကွယ်ရေးတပ်ရင်း (KBDF)အမှတ် (၈၀၀၂) ၊ မော်လီကျူးဒရုန်းတပ်ဖွဲ့ နဲ့ Nonentity Coachမှ တာဝန်ရှိသူတွေ ရဲဘော်တွေ တက်ရောက် အလေးပြုခဲ့တယ်လို့ အသိပေးပါတယ်။

ရဲဘော်နိုင်လေးနဲ့ ရဲဘော်အောင်တို့ဟာ တိုင်းပြည်နဲ့ လူမျိုးအတွက် MSRFက ပေးအပ်လာသော အမိန့် နဲ့ တာဝန်တွေကို ကိုယ့်စွမ်း၊ဉာဏ်စွမ်းရှိသမျှ တာဝန် ကျေပွန်စွာ ထမ်းဆောင်ခဲ့သူတွေ ဖြစ်ကြောင်းလည်း ဖော်ပြထားပါတယ်။

MSRFနဲ့ ညီနောင်တပ်တွေဟာ ဖေဖော်ဝါရီ ၂၁ရက် ၊ ၂၂ရက်နဲ့ ၂၃ရက်တွေမှာ မွန်ပြည်နယ် သံဖြူဇရပ်မြို့နယ်အနင်းရဲစခန်းကို ဒရုန်းနဲ့ ဗုံးသီးချ တိုက်ခိုက်ခဲ့သလို ရေးမြို့နယ်အတွင်း စစ်ကောင်စီ စစ်ကြောင်းကိုလည်း တိုက်ခိုက်ခဲ့ပါတယ်။

MSRF ရဲဘော် ၂ဦးကျဆုံးခဲ့တဲ့ အောင်သပြေရွာအနီးတိုက်ပွဲမှာ စစ်ကောင်စီဘက်ကလည်း ၅ဦး သေဆုံးခဲ့ကြောင်း MSRFက ထုတ်ပြန်ထားပါတယ်။

MSRFပါဝင်တဲ့ ညီနောင်တပ်ဖွဲ့တွေဟာ ဖေဖော်ဝါရီ ၂၄ရက်မှာလည်း ရေးမြို့နယ် ခေါဇာမြို့ ခေါဇာစျေးရှေ့ကင်းပတ်နေတဲ့ စစ်ကောင်စီတပ်ကို တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ သေဆုံးထိခိုက်ရှိခဲ့တယ်လို့ အသိပေးထားပါတယ်။

ဓာတ်ပုံ − MSRF

ဆက်စပ်သတင်းများ